ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ
Showing posts with label My Opinion. Show all posts
Showing posts with label My Opinion. Show all posts

Monday, August 24, 2015

ရွှေကရင် မြင်ရဲ့လား




  ကရင်အမျိုးသားတွေဘဝကို နှစ် ၃၀-၄၀ လောက် အတူဖြတ်သန်းမိတဲ့အခါ၊ စိတ်ထဲမှာ အနိမ့်အမြင့်
အတိမ်အနက် ကွဲပြားတဲ့ ခံစားချက်မျိုးစုံ ဖြစ်မိတယ်။

  တက်ကြွရွှင်လန်း ကြိုးစားနေကြတဲ့ လူငယ်တွေကိုမြင်ရင်၊ ကြည်နူးအားတက်တယ်။
  ‘ရိုးအ’လွန်းတာတွေ မြင်တော့လည်း၊ အားမရ စိတ်ပျက်မိတယ်။
  အမျိုးသားနာမည်ကို အလွဲသုံးစားလုပ်၊ မသူတော်တွေ လူမိုက်တွေနဲ့ပေါင်းပြီး လုပ်ချင်ရာလုပ်နေသူတွေ
ကို မြင်ရတဲ့ အခါကျတော့လည်း၊ မျှော်လင့်ချက်မဲ့သလို ခံစားရပြန်တယ်။

  တဆက်ထဲမှာပဲ၊ မှတ်သားထား နားလည်ထားသမျှတွေကို လက်လှမ်းမီတဲ့ အတိုင်းအတာထဲကနေ၊
ပြောပြ လက်ဆင့်ကမ်းချင်တဲ့စိတ်တွေလည်း ဖြစ်ပေါ်စေပါတယ်။ ဒီလို လက်ဆင့်ကမ်းတဲ့အခါ ပြည့်စုံဖို့
မလွယ်ပေမယ့်၊ အရေးအပါဆုံး အပိုင်းကဏ္ဍ အတော်များများမှာ အသိအမြင် အတွေးခေါ်တွေ တိုးပွား
လာအောင် အစဖေါ်ပေးနိုင်ဖို့တော့ မျှော်လင့်ပါတယ်။

◊ နိုင်ငံရေး
  ကရင့်အမျိုးသားရေးမှာ နိုင်ငံရေးမပါရင်၊ ခေါင်းမပါတဲ့ ခန္ဓာကိုယ်လိုပါပဲ။
  ၂၀၁၅ ဟာ ကမ္ဘာအနှံ့မှာ အင်မတန်အရေးပါနေတဲ့ ‘လွတ်လပ်မှု’၊ ‘တရားမျှတမှု’ နဲ့ ‘လူသားအခွင့်ရေး’
တွေရဲ့ ဘိုးအေလို့ခေါ်နိုင်တဲ့ Magna Carta ဆိုတဲ့စာတမ်း ပေါ်ထွက်ခဲ့တာ နှစ် ၈၀၀ တောင် ပြည့်ခဲ့ပါ
ပြီ။ ဒီအချိန်မှာ ကရင်အမျိုးသားတွေအနေနဲ့ အနည်းဆုံးတော့ အခြေခံနိုင်ငံရေးအသိအမြင်တွေ ရှိဖို့နဲ့
နိုးကြားဖို့လည်း လိုလာပြီဆိုတာ ပြောနေစရာ မလိုဘူးလို့ ထင်ပါတယ်။

  နိုင်ငံရေးနိုးကြားဖို့ လိုတယ်လို့ပြောတဲ့အခါ၊

Sunday, September 21, 2014

ဒီမိုး ၊ ဒီလေ ၊ ဒီကရင်တွေနဲ့



။။။  ရယ်စရာမလိုတဲ့ ကရင်တွေအတွက် သရော်စာ (၁)  ။။။


(A) ကရင်တွေတော့ "ဟင်္သာကိုးသောင်းဇာတ်" ခင်းနေကြပြီ ။

(B) ဟေ့ ... တို့ကရင်တွေကို ဒီလိုမနှိမ်နဲ့ကွ ။
ကရင်တွေ ဒိထက်မက "သာ"တယ် ။

Sunday, September 14, 2014

လက်တစ်ဆုံး အမုန်းခံပြီး ပြောပါရစေ ဖထီးရေ



   ‘ဖထီး’ရေ ၊ စာမလာတာကြာလို့ စိတ်များတောင် ကွက်နေသလား ။
   ‘ယာ’လည်း ဘဝသစ်မှာ တစ်ဆစ်ထပ်ချိုးနေရလို့ မရေးဖြစ်တာပါ ။
   ခဏခဏရေးပြီးလည်း ဖထီးနဲ့ ဖထီးရဲ့ အဖွဲ့စည်းကြီးကို တကျီကျီ နားမပူစေချင်ဘူးလေ ။
   ခုရေးတာကိုလည်း နားနဲ့မနာပဲ ၊ ဖဝါးနဲ့ဖြစ်ဖြစ် ကျောကုန်းနဲ့ဖြစ်ဖြစ် ဇက်ပိုးနဲ့ဖြစ်ဖြစ် အဆင်ပြေသလို
နာပေးပါနော ။

   ယာလည်း ရေးချင်ပြောချင် တွေ့ချင်မေးချင် ဆွေးနွေးချင်တဲ့စိတ်တွေက အများသားပါ ။
   ဒီလိုနဲ့ပဲ ကာလရှည်ကြာ ကြိမ်ဖန်များစွာဖြစ်လာတော့ ၊ ပြောရမှာတောင် လည်ပင်းမှာ ငါးရိုးစူးသလိုလို
ဧရာမနှမ်းစေ့ကြီး နင်နေသလိုလိုပါပဲ ။

   ခက်သည်က သည်လို ဖထီးရဲ့ ။
   ဖထီးလုပ်ကိုင်နေတဲ့ ကရင့်အဖွဲ့စည်းကြီးရဲ့ လုပ်ပုံကိုင်ခန်းတွေက ၊ ပြောချင် ပြူးချင် စွေစောင်းစောင်းနဲ့
ကြည့်ချင်စရာတွေက အများသားမို့လား ။

Saturday, March 15, 2014

အဝေးနယ်ချဲ့ ၊ အနီးနယ်ချဲ့နဲ့ မျက်ရည်ကြားက ဟားတိုက်ရယ်ကြရမယ့်သူတွေ



   ဒီစာစု ရေးဖြစ်ဖို့ရာဟာ Facebook ပေါ်က ဗိုလ်မှူး Sai Thein Win ထံမှာ လတ်တလောဖြစ်နေတဲ့ ၊
ကရိုင်းမီးယား ကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖြစ်ရာက စခဲ့ပါတယ် ။ အဓိကအနေနဲ့ ကျူးကျော်မှု
လုပ်လာတဲ့ရုရှကို အလွန်မရှိဘူးလို့ ဆိုချင်သူတွေရဲ့ လှုံ့ဆော်မှုကြောင့်လို့ ဝန်ခံရပါလိမ့်မယ် ။
    Mahn Koko - ရုရှကျူးကျော်တာ မလွန်ဘူးလို့ ပြောသူတွေဟာ ၊ တစ်ခုခုတော့ လွဲနေပြီလို့
                      ကောက်ချက်ချမယ် ။
                      မသိလို့သော်၎င်း ၊ ကြီးနိုင်ငယ်ညှင်းစနစ် ကြိုက်လို့သော်၎င်း ၊ နိုင်ငံတကာ ကျင့်
                      ဝတ်တွေကို အလေးမထားလို့သော်၎င်း ၊ ဖြစ်နိုင်ခြေကတော့ အမျိုးမျိုးရှိတယ် ။

    Sunday, February 23, 2014

    ကျွံနိုင်သော်လည်း ဆိုရေးကရှိသည်မို့


    (၁) သိက္ခာ
     
        အပစ်ရပ်ဖို့ အမိန့်ပေးထားပါတယ် ။
        တိုက်လိုက်တာများ လိုင်ဇာနားရောက်သွားတယ် ။
     
        နိုင်ငံရေးအကျဉ်းသားမရှိဘူး ။
        လွှတ်လိုက်ပါပြီ ဟောကနဲ ဟောကနဲ ။

    Saturday, February 15, 2014

    မီးပူတိုက်ပါရစေ



       မီးပူတိုက်ပါရစေဆိုလို့ မီးလောင်တိုက်သွင်းမယ်လို့တော့ အယူမမှားစေလို ။
       အဝတ်အစားဆန့်ပြန့်ရလေအာင် မီးပူတိုက်ခြင်းမျိုးကိုပဲ ညွန်းရည်ပါတယ် ။
       သဘောလည်းမမျှ အရေးကြီးတယ်လည်း မထင်ရပါရင်ဖြင့် ၊ ကျနော့်ရဲ့ ယွင်းလိုချက်မို့ ၊ နောက်များ
    နောင်ခါမှပဲ ဖြည့်ပြန်ဆည်းပိုးပေးပါ့မယ် ။ ခုများခါတော့ စရိယာဒုက္ခာလေးများ ၂ မိနစ်လောက် ပါရမီ
    ဖြည့်တင်းပေးကြပါကုန် ။

    - ဆင်ကို ကြာရိုးနဲ့ ထိုးကြည့်မယ်

     မကြာမတင်က ဖတ်မိတဲ့ အမေးဖြေခန်းလေးတစ်ခုမှာ အရေးကြီးပြီး ထောက်ပြပြောဆိုဖို့ လိုနိုင်တယ်
    ထင်မိတာလေးတစ်ခုကို အောက်ကအတိုင်း ချရေးထားပါတယ်ဗျာ ။

    Wednesday, November 6, 2013

    အန်တီ ဒေါ်အောင်ဆန်းစုကြည် .. သို့ …



    အန်တီရေ ၊ မကြာခင်မှာ သြစတြေးလျကိုရောက်လာခဲ့မယ့်အပြင် ကျနော်နေထိုင်တဲ့ မဲလ်ဘုန်းမြို့အထိ
    တောင် ရောက်လာမယ်ဆိုလို့ ဝမ်းသာရသလို ၊ ပြောချင်တာလေးတွေလည်း အနည်းအကျဉ်းရှိတာကြောင့်
    လူမသိသူမသိ အညတရကျနော်ကနေ စာလေးတစ်စောင် ရေးလိုက်ပါတယ် ။ ဖတ်မိသော်ရှိ မဖတ်မိသော်
    ရှိ ၊ တစ်နေ့နေ့ တစ်ယောက်ယောက်ကတော့ အန်တီ့နားပေါက်အောင် ပြောပြမယ်လို့ ယုံကြည်မိတယ်လေ။

    အဦးဆုံးအနေနဲ့ အန်တီ့ကို ပုဂ္ဂိုလ်ရေးအရ လေးစားပါတယ်ဆိုတာတော့ စကားဦးလေး သန်းထားချင်ပါ
    တယ် ။ အန်တီဖြတ်သန်းလာခဲ့ရတာတွေဟာ ကိုယ်ပိုင်ရွေးချယ်မှုတွေ ဖြစ်ခဲ့ပေမယ့် ၊ မြန်မာပြည်သူပြည်
    သား အများစုအတွက်တော့ မီးရှူးတန်ဆောင်ကြီးလို တစ်ခုတည်းသောမျှော်လင့်ချက်အနေနဲ့ လမ်းပြနိုင်ခဲ့
    တာဟာ ငြင်းလို့မရတဲ့ သမိုင်းမှတ်တမ်းပါ ။ အန်တီ့ဖေဖေဟာလည်း မြန်မာပြည် လွတ်လပ်ရေးရဖို့ရာ ဦး
    ဆောင်ခဲ့သူတစ်ဦးအနေနဲ့ အမှန်တကယ် လေးစားအားကျစရာ ပုဂ္ဂိုလ်ဆိုတာ ယုံမှားသံသယ ရှိစရာမလို
    လောက်အောင်ပါပဲ ။

    Sunday, October 27, 2013

    ကို့ယို့ကားယား ကရင့်ဇယား



      မကြာမတင်က ဖြစ်သွားတာလေးတစ်ခုကို တည်မှီပြီး ၊ မြင်ရတာ မသက်သာလှလို့ မအားသော်လည်း
    စာတစ်လုံးနှစ်လုံး စီလိုက်ပါတယ် ။

       ကိစ္စက ကရင်တွေ အတော်များများသိပါတယ် ။ 
       KNU ဗဟိုကော်မတီဝင်အချို့ကနေ လောလောလတ်လတ် ပေါက်ကွဲနေခဲ့တဲ့ စွမ်းအားနည်းဗုံးတွေနဲ့
    ပတ်သက်လို့ ၊ ပြည်မအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်တယ်ဆိုတဲ့ ကိစ္စပါပဲ ။ အဲဒီကမှ တစ်ဆက်
    ထဲ သတင်းသမားတွေရှေ့မှာ ပါးစပ်‘အဟ’မတော်သူ လူကြီးတစ်ယောက်တစ်ယောက်ကြောင့် ရွဲ့စောင်း
    စောင်း တန်ပြန်ပဲ့တင်သံတွေ တခြိမ်းခြိမ်း ဟိန်းထလာလို့ ဝင်ပြောချင်စရာလေး  နည်းနည်းဖြစ်လာခဲ့
    တယ် ဆိုပါစို့ ။

    Saturday, September 7, 2013

    စုမှတ် တိုထွာ



       ဆန်းဆန်းရယ်တော့ ထူးလှတယ် မဟုတ်ပါ ။
       စိတ်ထဲပေါ်တာလေးတွေ ချရေးထားခဲ့တာတချို့နဲ့ ထပ်ဖြည့်ထားတာလေးတချိုကို စုစည်းလိုက်တာ
    ဆိုပါစို့ ။
       လုပ်ရိုးစဉ်အတိုင်း Facebook ကနဲ့ လတ်တလော စိတ်ထဲရှိတာတွေဖြစ်ပြီး ၊ အရင်လို အချိန်များများ
    မပေးနိုင်တာကြောင့် စာမချောတာနဲ့ ဟာကွက်ဖြည့်ထားတာတွေဖက်မှာတော့ အားနည်းပါလိမ့်မယ် ။

    (၁) "မုန့်"ဆိုရင် ဝေမစားနိုင်တဲ့ လူမှုအသိုင်းဝိုင်း တစ်ခုအတွက်

       ကမ္ဘာမှာ တရုတ်အင်အားကြီးလာတာ လူတိုင်းလိုလိုအသိ ။
       မသိတာက - ဘာတွေဖြစ်လာမလဲ ဆိုတာပဲ ။

    Monday, July 15, 2013

    ပြတိုက်ထဲကထွက်ချင်တဲ့ ကရင်တွေရှိသလား



       အဦးဆုံးပြောချင်တာက - ဒီစာကို ကရင်တွေအတွက် ရေးပါတယ် ။ အထူးသဖြင့် စာဖတ်သူတွေ
    အတွက်ပေါ့ ။

       ဖတ်မယ့်သူ နည်းမယ်ဆိုတာ သိတယ် ။ ရေးထားတာတွေကို လက်ခံမယ့်သူက ပိုနည်းမယ်ဆို
    တာလည်း သိတယ် ။ အဲဒီကမှ လက်တွေ့ကျကျ လုပ်ကိုင်မယ့်သူက ပိုတောင်နည်းသေးတယ်ဆို
    တာလည်း သိတယ် ။ ဒါပေမယ့် ကရင်တွေ တကွဲတပြားနဲ့ ဖြစ်ချင်ရာဖြစ် လုပ်ချင်ရာလုပ်နေကြတာ ၊
    ဒုက္ခရောက်နေကြတာ ၊ နိမ့်ကျနေတာ ၊ ပင်ပန်းဆင်းရဲနေသူတွေ အများကြီးရှိတာကို မြင်တယ် ။
    နေထွက်လို့ မြူနှင်းတွေပျောက်ရသလိုမျိုး ၊ လူမျိုး ယဉ်ကျေးမှုအရ အမှန်တကယ်ကို ဝါးမျိုခံနေရ
    ပြီး ၊ ကွယ်ပျောက်သွားဖို့ ဦးတည်နေတာကိုလည်း ရှင်းရှင်းလင်းလင်း မြင်နေရတယ် ။ ဒါကို နည်း
    မှန်လမ်းမှန် လူ့ကျင့်ဝတ်တွေ မဖေါက်ပဲ ၊ နိမ့်ကျနောက်ရောက်နေတဲ့ ကိုယ့်လူမျိုးအတွက် လုပ်
    ချင်ကိုင်ချင် ရုန်းထွက်ချင်တဲ့  ကရင်တွေအချို့များ ရှိလေမလားဆိုပြီး ဒီစာကို ဖြစ်နိုင်သမျှ အပွင့်
    လင်းဆုံး ရေးဖြစ်တာပါ ။

    Sunday, July 7, 2013

    မဆုံးနိုင်တဲ့ ကိုယ်ပိုင်သံစဉ်တွေ



      ရေးသမျှတွေကို မှန်မှန်ဖတ်မိသူတွေတော့ သတိထားမိမယ် ။
      ခေါင်းစဉ်ငယ်လေးတွေ တပ်ရင်းတပ်ရင်းနဲ့ ပို့စ်တစ်ပုဒ်တစ်ပုဒ်ဟာ အပိုင်းဆက် ဝတ္ထုရှည်တွေနဲ့
    တူတူလာတယ် ။ အချို့ကျ အာရုံမရတော့လို့ ၊ အချိုမှာလည်း ရှည်လွန်းသွားလို့ ဖတ်တဲ့လူတွေ
    ခေါင်းမမူးအောင် ဖြတ်ချလိုက်ရတာတွေ ရှိခဲ့တယ် ။ အခုရေးမှာတွေဟာ အဲသည်အဲသည်သော
    ဆတ်တငံ့ငံ့များရဲ့ အဆက်တစ်ခုလို့ သဘောထားပြီး မျက်စိဒုက္ခာစရိယာ ဆက်ကျင့်ကြံကြပါလေ
    ကုန်  :-)
    ..........................................................................

    (၁)  ဒိဿာပါမေါက္ခကြီးတွေအတွက် ဖါတစ်လုံးခေါင်းကျားရဲ့ အတွေး

    Friday, June 14, 2013

    စိတ်ပြူတင်းပေါက်တွေကို ငေးမောကြည့်မိတဲ့ တစ်ခဏ


       Facebook ပေါ်မယ် ဟိုကြည့်လည်း မည်းမည်း သည်ကြည့်လည်း မည်းမည်း လုပ်နေကြတာမြင်လို့
    စိတ်ထဲပေါ်တာ ချရေးဖြစ်တယ် ။

       မလေးရှားမှာ မြန်မာပြည်သူပြည်သားတွေ ဖိနှိပ်သတ်ဖြတ် ညှင်းဆဲခံနေရတာကို ဝမ်းနည်းတဲ့ အ
    ထိမ်းအမှတ်အဖြစ် အမည်းရောင် profile တွေတင်ပြီး ဆန္ဒဖေါ်ထုတ်တာ ၊ စာနာကြောင်းပြတာ ၊ တစ်
    စိတ်တစ်ဝမ်းတည်းရှိကြောင်း ပုံဖေါ်နေကြတာလို့တော့ နားလည်ရတယ် ။

       အကောင်းပိုင်းအနေနဲ့ကြည့်ရင် စည်းလုံးပြီး ယိုင်းပင်းကြတယ်ဆိုတာ အင်မတန်ကောင်းတဲ့ လော
    ကပါလတရားရဲ့ အစိတ်အပိုင်းကို အကောင်ထည်ဖေါ်ကြတာမို့ ကြိုဆိုသင့်တာ အမှန်ပါ ။ ဒါတင်မက
    အတိတ်က နာမည်ကောင်း နာမည်ဆိုးတွေနဲ့ လူသိများခဲ့ကြသူတွေကပါ နှုတ်အား ဓနအားနဲ့ ဝင်လာ
    ကြတာဟာလည်း မင်္ဂလာတစ်ပါးပါ ။ ကြည့်လိုက်ရင် စိတ်ကြည်နူးစရာတွေနဲ့ သိုက်ဝန်းနေတဲ့ တဒင်္ဂ
    တာလေးပေါ့ ။

    Wednesday, May 22, 2013

    လျှံကျခဲ့တဲ့ စကားတစ်ချို့


      ပြောမှာတွေက ကိုယ့်ဘာသာတော့ မှန်မယ်လို့ယူဆတဲ့ အမြင်လေးတစ်ချို့ပါပဲ ။ သို့သော် ခေတ်
    ကာလက သိပ်မကောင်းလေတော့ စေတနာနဲ့ပြောတာ တုတ်နဲ့ထိုးသလို ဖြစ်လိုဖြစ် ၊ အနာပေါ်
    ဆားနဲ့ပက်သလို ထင်လိုထင်ရ ၊ မလုံတဲ့ကြားထဲ ထန်းလက်တွေဈေးကောင်းအောင် လျှပ်စီးတွေ
    လက်ပြလိုပြသလို ဖြစ်ကောင်းတော့ ဖြစ်နေမလားပဲ ။ အထွေထူးတော့လည်း မဟုတ်လှပါဘူး ၊
    Facebook ထဲက ကြုံသလို ရေးဖြစ်တာလေးတွေကို ပြန်စုစည်းပြီး အနည်းကျဉ်း ပြင်ဆင်တင်ပြ
    ထားတာပါ ။ အချို့အမြင်တွေဟာ ကာလရှည်ကြာ ရင့်သန်လာရတာကြောင့် ဖတ်သူအတွက်တော့
    အရင်းမရှိ အဖျားမရှိနဲ့ အစွန်းထွက်လိုထွက်လည်း ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ် ။ လက်သင့်ရာ
    စားတော်ခေါ်ထားသလို မုန့်လက်သုတ်တွေကို စုချတည်ပေးလိုက်ပါတယ် ၊ ခန္တီတရားကိုသာ
    လက်ကိုင်ထားကြပါလေကုန်  :-)

    Friday, April 26, 2013

    အမှန်တရား ခါးသက်လေရဲ့




       အားလုံးကို နှုတ်ခွန်းဆက်သပါတယ် ။
       ဒါပေမယ့် ဆက်ရေးသွားမှာတွေက အမှန်တရားဖြစ်သော်လည်း ခါးသက်နိုင်တာကြောင့် အား
    လည်း နာပါတယ် ။ ဒီကိုရောက်လာမှတော့ ဆက်ဖတ်သွားတော့မယ်ဆိုတာ သေချာသလောက်
    မို့ ပိုအားနာပါတယ် ။

         ဒီနေရာမယ် ကျနော့်အတွက် အခက်အခဲက -
    (၁) အမှန်ကို ပြောသင့်သလား ၊
    (၂) သက်ဆိုင်သူတွေ ခံသာအောင် စာဖွဲ့နိုင်ပါ့မလား ၊ နဲ့
    (၃) ရေးသမျှတွေဟာ တိုက်ခိုက်ဖို့မဟုတ်တာနဲ့ သင့်တင့်တဲ့ ထွက်ပေါက် (သို့မဟုတ်) လက်ခံနိုင်
    လောက်မယ့် အဖြေတချို့ကို ချပြနိုင်ပါ့မလား ဆိုတာတွေပါ ။

    Friday, April 5, 2013

    တွင်းနက်နဲ့ မှတ်စုတိုစများ



      ဒီစာရဲ့ ရည်ရွယ်ရင်းက တလောက မိတ္ထီလာအရေးနဲ့နွယ်ပြီး မြင်တာလေး အနည်းကျဉ်းကို တွဲစုပြီး
    စာလေးတချို့ တို့ထားဖို့ပါ ။

      မြန်မာပြည် လူ့အသိုင်းဝိုင်းအတွင်းမှာ နီးလျက်နဲ့ဝေးပြီး ဒဏ္ဍာရီဆန်နေကြရာက ၊ သူ့အကြောင်း
    ကိုယ်မသိ ကိုယ့်ကိုသူက သံသယပွား နေကြတာတွေထဲက တစ်ချို့တစ်ဝက်ကို နည်းကောင်းနည်း
    အောင် လုပ်နိုင်လေမလားဆိုတဲ့ အတွေးလည်း ပါပါတယ် ။ ဒီနေရာမှာ ဘာသာရေး ၊ လူမျိုးရေး ၊
    နိုင်ငံရေး တွေကစလို့ စုပေါင်းဖြစ်တည်လာခဲ့တဲ့ ကြိုတင်မျှော်မှန်းလို့ မရတဲ့ မုန်းတီးမှုအမိုက်မှောင်
    ကြီးကို တွင်းနက်နဲ့ တင်စားထားလိုက်တာပါ ။

    Thursday, March 14, 2013

    ဦးပွား စကား ၊ စောမျိုးချစ် ၊ တစ်ကြောင်းရေး မှတ်ချက်


    မပြောချင်သော်လည်း မသိသူတွေ သိအောင်တော့ ပြောသင့်တယ် ထင်တာပဲ ။

    ခရစ်ယာန် ဘာသာထဲက ဂိုဏ်းတစ်ခုရဲ့ သွန်သင်မှုပါ ။
    မာန်နတ်(Satan) ရဲ့ သင်္ကေတဟာ '၉၉၉' ပါတဲ့ ။
    မူကွဲတစ်ခုကျပြန်တော့ - ပြောင်းပြန်ဖြစ်တဲ့ '၆၆၆' ဟာလည်း အဓိပ္ပါယ် အတူတူပါပဲတဲ့ ။

    Tuesday, March 12, 2013

    Common Sense စပါးလုံး တစ်ထောက်စာ



       အင်တာနက်ပေါ်ကြည့်တော့ အချို့လူတွေရဲ့ မြင်ပုံတွေးပုံတွေက စိတ်မှပုံမှန်ပါလေစလို့ ထင်
    ချင်စရာ ကောင်းလောက်အောင် ချွတ်ချော်နေပုံရတာ တွေ့ရတယ် ။ တကယ်တန်းမှာ စိတ်အ
    ခြေနေက သိပ်မဆိုးလှကြပေမယ့် ၊ အစွဲတွေနဲ့ မြင်ကြပြောပြတာကြောင့်သာ ဟန်ချက်လွဲနေ
    တာတွေလို့ နားလည်ပေးလို့ ရပါတယ် ။ သို့သော် ခုမှ ဘဝကို ကကြီးရေးက စနေတဲ့ လူငယ်
    အချို့များ အတုယူ လွဲခြင်းမက လွဲသွားလေမလားဆိုပြီး ကြုံဖူးသမျှလေး ခြစ်ချုပ်ထုတ်ပြီး
    common sense ဆိုတဲ့ ခေါင်းစဉ်နဲ့ စပါးလုံး တစ်ထောက်စာလောက်များ နက်နဲကောင်းရဲ့လို့
    ရေးကြည့်တာပါ ။

    Monday, March 4, 2013

    မျက်နှာလွှဲလို့ ခဲကိုပစ်

    •  
      Mahn Koko - တရုတ်နိုင်ငံဟာ တစ်နှစ်တစ်နှစ်ကို လူပေါင်း ထောင်နဲ့ချီပြီး သေဒဏ်
      ချနေတဲ့ နိုင်ငံပါ ။ ပွင့်လင်းမြင်သာမှု မရှိသလို ၊ မေးခွန်းထုတ်စရာ အများကြီးရှိတဲ့ တရားရေး
      စနစ်ကို ကျင့်သုံးနေတယ် ။ ဒါပေမယ့် တပါးသူ နိုင်ငံ့အရေးကို ဝင်စွက်ဖက်လို့ မရသလို ၊ သင့်
      လည်း မသင့်ပါဘူး

      ဒါပေမယ့် "စိုင်းနော်ခမ်း" ကို လုပ်ချင်သလို လုပ်သွားတာ ၊ အချိန်တိုအတွင်းမှာ သေဒဏ်စီရင်
      ချက်ကို အကောင်ထည် ဖေါ်တော့မှာတွေနဲ့ပတ်သက်လို့ ၊ အချုပ်အချာအာဏာ တည်တံ့ခိုင်မြဲ
      ရေးကို တွင်တွင်ပြောနေခဲ့ကြသူတွေဆီက နားကွဲမတတ် တိတ်ဆိတ်နေတာဟာ ၊ ရုပ်ပျက်
      ဆင်းပျက် ဖြစ်ရုံတင်မက ၊ သတ္တိဆိုတဲ့ စကားလုံးကိုပါ နေ့စဉ်သုံး စကားတွေထဲက ဖယ်ထုတ်
      ထားဖို့တောင် သင့်ပါတယ် ။

    Monday, February 18, 2013

    ဦးပွစိရဲ့ စကားစတချို့


    (၁)  အရောင်ပြောင်းလွယ်သူများ

      လူ့အခွင့်ရေး ကော်မရှင်နာ ကင်တားနားကို သဲသဲလှုပ် ထောက်ခံသူ ၊ ကယ်တင်ရှင်လို မျှော်သူ
    ထဲမှာ ကိုယ်မပါ ။

      ခုတစ်မျိုး နောက်တစ်မျိုး မလုပ်ခဲ့တဲ့ သူဟာ ၊ မြန်မာပြည်က လူတွေ အရမ်းကြည်ညိုနေကြတဲ့
    ခေါင်းဆောင်တချို့ထက်တောင် ပိုမှန်ကန်သေးတယ်လို့ မြင်တယ် ။
      သို့သော် သူ့ဆီက မျှော်လင့်ခဲ့တာတွေနဲ့ မကိုက်ညီတော့မှ ပြူးပြူးပြဲပြဲ ဖြစ်သူတွေ ၊ ဆန့်ကျင်
    သူတွေထဲလည်း ကိုယ်မပါတဲ့အပြင် ၊ အဲသည်လို လုပ်သူတွေဟာလည်း ဂုဏ်သိက္ခာ နည်းပါးသူ
    တွေအဖြစ် မပြောသော်လည်း ၊ စိတ်ထဲက ယူဆတယ် ။

    Thursday, January 17, 2013

    Facebook ပေါ်က ဝါယောစုများ




    (၁)  မာ့က်စ်ဝါဒီများနှင့် ကျနော်

         များမကြာခင်က ဖတ်မိတဲ့ သရော်စာဆန်ဆန် စာစုတစ်စုကတော့ "ဘိုဘိုလန်းစင်" ရေးတဲ့
    "ဂျပန်ခေတ်က မဟဝှါ" ပါ ။ Facebook ပေါ်မှာ share လုပ်ရင်း ရေးဖြစ်ခဲ့တာကတော့ အောက်က
    အတိုင်းပါ ။
    ~~~~~~~~~~~~~~~~~~~~~~~~~~

    ~   သရော်စာကောင်း တစ်ပုဒ်လို့ မြင်တယ် ။

        တစ်ဆက်ထဲ မှတ်ချက်တစ်ခု ပြုချင်တယ် ။
       မာ့က်စ်ဝါဒကို လက်မခံပဲ ဘာကြောင့် သူ့နောက် ယုံကြည်လိုက်လျှောက် နေသူတွေနဲ့ကျ ပလဲ

    နံသင့်ပုံ ရနေသလဲလို့ မေးချင်သူတွေ ရှိကောင်းရှိမယ် ။

    ကျနော့်အဖြေက - ကမ္ဘာမှာကြည့်ရင် အချို့သော အလယ်ယိမ်းတဲ့ အချို့သော အစုအဖွဲ့တွေက

    လွဲရင် မာ့က်စ်ဝါဒဟာ ယေဘုယျအားဖြင့် ဆုတ်ယုတ်နေတဲ့ ဝါဒတစ်ခုဆိုတာ မှန်ပါတယ် ။ ဒါဟာ
    လက်တွေ့ကျတဲ့ အဖြေပါ ။