ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ
Sunday, June 19, 2011
အကျိုးစီးပွား စကားစမြည် (၂)
   မကြာမီလေးကဘဲ ဘာမှမသိဘဲ ဝင်ထောက်ခံပါတယ်ဆိုတဲ့ ကိုကိုမောင် (ပန်းရနဲ့) ကြောင့် သူ့ကို
ပြန်ကြားစာရေးရင်း ရှည်လာတာနဲ့ ပို့စ်တစ်ခုလုပ်လိုက်ပါတယ် ။
   ပထမပို့စ်မှာ လိုတာနည်းနည်းကို ဒီမှာဘဲ ရောဖြည့်လိုက်တယ်လို့ သဘောထားနိုင်ပါတယ် ။
#   ကချင်ကိစ္စဟာ တရုတ်နဲ့ပေါင်းလုပ်တဲ့ စီမံကိန်းတွေအပါအဝင် အကျိုးစီးပွားတွေအတွက်လည်း
အပါအဝင် ဖြစ်နိုင်ပါတယ် ။ တိုင်းပြည်ငွေအင်အား နည်းပါးနေတဲ့ကြားက တိုင်းရင်းသားတွေအပေါ်
စစ်ဆင်ရေးကြီးကြီးတွေ လုပ်လာတာဟာလည်း စဉ်းစားစရာပါ ။
   တရုတ်က စီးပွားရေးအတွက် ကချင်တွေကို “ချနင်းမယ်” လို့ စိတ်ပိုင်းဖြတ်ပြီးသားလည်း ဖြစ်နေ
နိုင်ပါတယ် ။ ဒီနေရာမှာ တရုတ်အလုပ်သမားတွေကို စစ်တပ်က ပြန်ခွင့်မပေးပဲ ဇာတ်နာအောင်လုပ် ၊
ကချင်တပ်က ကြိုးစားပမ်းစား ခေါ်ထုတ်သွားပြီး “ကိုယ့်ကိုပြုစားမယ့် ဦးရှင်ကြီး” ဆီကို မလုပ်ချင်ချင်
လုပ်ချင်ချင် ၊ သွားပြီး “ပသ” ပေးရတဲ့ ဇာတ်ကွက်ကလေးတွေများ ဖြစ်နေသလားလို့ ထင်မိတာပါပဲ ။
အဝေးက ထင်တာ မြင်တာ တွေးမိတာကို ရေးတာမို့ တရားသေတော့ မမှတ်စေချင်ပါ ။
#  နောက်တစ်ခုက ကျပ်ငွေမာနေတဲ့ကိစ္စ ။
    ပထမပို့စ်ထဲမှာ သုံးထားတဲ့ “ငွေကြေး ဖောင်းပွမှု တန့်သွားတာဟာ” ဆိုတဲ့ စကားစုကိုပြန်ဖတ်ပြီး
အရေးအသား လွဲသွားတယ်လို့ ထင်မိတယ် ။ အမှန်က ကုန်ဈေးနှုန်းတွေက ရပ်မနေပါဘူး ၊ တက်
နေဆဲပါ ။ အခြားငွေတွေနဲ့ လဲလှယ်ရာမှာသာ မြန်မာငွေက ခိုင်မာ သို့မဟုတ် တန့်နေတာပါ ။
   အမှန်က မြန်မာပြည်မှာ ငွေကြေးလည်ပတ်တာကိုကြည့်ရင် ပြည်တွင်းအရောင်းအဝယ် တစ်မျိုး
ထဲတော့ မကဘူးဗျ ။ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေကြသူတွေက ပြန်ပို့ငွေတွေ ၊ အိမ်နီးချင်းနိုင်ငံ
တွေနဲ့ ကုန်သွယ်ရောင်းဝယ်မှုတွေဟာ မြန်မာပြည်ငွေကြေးလည်ပတ်မှုမှာ အများကြီး အရေးပါနေ
ပြီး ၊ သင်္ဘောတွေနဲ့ အချီကြီးတင်ပို့ တင်သွင်းကြတဲ့ ကုန်ပစ္စည်းတွေကလည်း လည်ပတ်မှုမှာ ရိုက်
ခတ်တာပါပဲ ။ ဒီကြားထဲ တရားမဝင်နဲ့ တရားမဝင့်တဝင် သစ် ၊ တွင်းထွက်ကျောက်မျက်နဲ့ မူးယစ်
ဆေးဝါးတွေကလည်း ကြားညှပ်ဝင်တတ်ပါသေးတယ် ။
   ဒေါ်လာနဲ့ နိုင်ငံခြားငွေ လက်ထဲထားသူတွေကို ဖမ်းတာကတော့ ဈေးကွက်ကို ခဏလောက်ပဲ
သက်ရောက်တာ များတတ်ပါတယ် ။ အဲ .. လကုန်ရက်လို မြန်မာပြည်ကို ငွေပို့သူတွေများတဲ့
အခါမျိုးကျတော့ ငွေ
ချေစရာ အရှာရခက်ပြီး မြန်မာငွေဈေး ရက်ပိုင်းလောက် တက်တတ်ပါတယ် ။ ပြီးရင် အရင်ပို့စ်ထဲ
ပြောခဲ့သလို လုပ်ငန်းကြီးတွေ ဈေးထွက်ဝယ်ရင် ဒေါ်လာတွေကို သိမ်းကျုံးဝယ်တော့ မြန်မာငွေပြတ်
ပြီး မြန်မာငွေ ခဏခိုင်လာပြန်ပါတယ် ။ (ငွေက မြန်မာပြည်မှာပါပဲ ၊ ဒါပေမယ့် ဒေါ်လာရောင်းလိုက်
တဲ့သူတွေက ငွေလည်ပတ်ပြီးမှ မြန်မာငွေတွေ ပြန်ထုတ်ရတော့ တဖြည်းဖြည်းမှ လည်ပတ်တဲ့ဈေး
ကွက်ထဲ ပြန်ရောက်လာတာကြောင့်ပါ) ။ ဘယ်လိုပဲဖြစ်ဖြစ် လိုရင်းကတော့ တော်ရုံကိစ္စတွေလောက်
နဲ့ မြန်မာငွေ ကြာကြာမခိုင်ပါဘူး ။
   ဒါပေမယ့် စာရင်းချုပ်ကြည့်တော့ ကုန်ဈေးနှုန်းက တက်နေပေမယ့် (ငွေကြေးဖေါင်းပွနေပေမယ့်)
မြန်မာငွေက မာနေတယ် ။ အခြားနိုင်ငံတွေလို အစိုးရဘဏ်တိုးနှုန်းနဲ့ ငွေကြေးကိုထိန်းညှိတဲ့စနစ် ၊
(တိကျတဲ့) အမျိုးသားထုတ်ကုန်တန်ဖိုး တဟုန်ထိုး တိုးတက်တာမျိုး ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံငွေတို့ ၊
စတော့ဈေးကွက်တို့တွေနဲ့ သက်ဆိုင်တဲ့ ယုံကြည်ခိုင်မာမှုအပေါ်မူတည်တဲ့ ငွေကြေးအတက်အကျ
ပုံစံမျိုးတွေလည်း မရှိပဲနဲ့ကို မာနေတာပါ ။ ဒီလောက်ဆို တစ်ခုခုထူးနေပြီဆိုတာ မြင်မိကြမယ်ထင်
ပါတယ် ။
   မြန်မာငွေဟာ အိတ်နဲ့ကျုံးပြီး ပြည်ပကို သယ်သွားလို့ရတာမျိုး မဟုတ်ပါဘူး ။ အထူးသဖြင့် အရေ
အတွက်များရင် နိုင်ငံခြားငွေတွေနဲ့ တစ်ဆင့်ခံလဲပြီးမှ ယူထုတ်သွားလို့ရတဲ့ကိစ္စပါ ။ ဒီတော့ ငွေကြေး
ခဝါချမှု လုပ်ငန်းတွေ ဖြစ်လာတော့တာပေါ့ ။
   ဒါပေမယ့် ငွေကြေးခဝါချတယ်ဆိုတာဟာ စီးပွားရေးလုပ်ငန်း ပြရပါတယ် ။ ဒီတော့ စီးပွားရေး
လုပ်ငန်းမလုပ်ပဲ အိတ်ဝင်သပိတ်ဝင် ငွေကြေးစုမိသူတွေအဖို့ အလွယ်လမ်းတစ်ခုကတော့ နိုင်ငံခြား
ငွေတွေ လိုက်ဝယ်စုပြီး ပြည်ပကိုယူထုတ်သွားတာပါပဲ ။ အလွယ်လမ်းလိုက်ရခြင်း ဖြစ်နိုင်ချေတစ်ခု
ကတော့ ရင်းနှီးမြှုပ်နှံမှုလုပ်ရင်လည်း တစ်ချိန်မှာ (အသိမ်းခံရပြီး) လုံးဝပြန်ဆုံးရှူံးနိုင်ချေကို ထည့်
တွက်ပြီး ငွေသားချည်းထုတ်သွားတာမျိုးပါ ။ ဒီလိုလုပ်ရာမှာ ငွေကြေးအလုံးအရင်း သိပ်များတဲ့အခါ
မျိုးမှာ ဈေးကွက်ကို ရပ်သွားစေနိုင်လောက်တတ်ပါတယ် ။ ဒီတော့ အလီလီခွဲပြီး ထုတ်ဖို့ကြိုးစားတဲ့
အခါမျိုးမှာ အခုဖြစ်နေတဲ့ အနေအထားမျိုးနဲ့ ကိုက်ညီတဲ့ ငွေမာမှုအခြေအနေကို ဖန်တီးထားနိုင်ပါ
တယ် ။
   အထူးပြုပြောလိုတာကတော့ ဒီလိုဖြစ်တာမှန်တယ်ဆိုရင်တော့ ထုတ်ယူနေတဲ့ငွေပမာဏဟာ
သိပ်ကြီးလွန်းနေတယ်လို့ ဆိုချင်ပါတယ် ။ ဒါပေမယ့် ဒါတွေဟာ ဘယ်သူတွေလဲဆိုတာကိုတော့
အမြဲသံသယဖြစ်စရာ လူတွေကိုပဲ လက်ညှိုးထိုးတာမျိုးတော့ မလုပ်ချင်ပါဘူး ။ တစ်ဖက်မှာတော့
ဒီလိုသာ ဖြစ်ရိုးမှန်ရင်တော့ မြန်မာပြည်အတွက် နစ်နာမှာတော့ အမှန်ပါ ။
   နောက်တစ်ခုကလည်း ဒီလိုသာဖြစ်နေတယ်ဆိုရင်တော့ ကိုယ်လွတ်မရုန်းနိုင်တဲ့ လူတွေအတွက်
ရင်လေးစရာလို့လည်း တွေးမိပါသေးတယ် ။ ကိုယ့်ကိုခိုင်းတဲ့သူတွေအတွက် အသက်တောင် ပဓာန
မထား ၊ ယုံကြည်မှုအပြည့်နဲ့ လုပ်သူတွေဆိုရင်တော့ ရင်နာစရာတွေ ဖြစ်လာနိုင်ပါတယ် ။
   ခုလိုတွေပြောတဲ့အခါကျတော့ လက်ဆုပ်လက်ကိုင်မရှိဘဲ ပြောသလိုဖြစ်နေနိုင်ပါတယ် ။
ရေးတဲ့သူကိုကြည့်တော့လည်း သူပုန်လိုလို ၊ စစ်ခေါင်းဆောင်တွေကို အကောင်းမမြင်တတ်တဲ့သူ
လိုလို ၊ ဒါ့ပြင် ပညာရှင်ကလည်း မဟုတ်ပြန်တဲ့အတွက် ဇဝေဇဝါဖြစ်စေနိုင်ပါတယ် ။ ကျနော့်မှာ
ရည်ရွယ်ချက်တစ်ခုတည်း ရှိပါတယ် ။ အဲဒါကတော့ မြန်မာပြည်ကို လောဘသားအချို့ကြောင့်
မနစ်နာစေချင်ရုံပါ ။
   စာရင်းချုပ်ရရင် ကျနော်ပြောသွားတာတွေဟာ သိတာတွေနဲ့ ကျိုးကြောင်းဆက်စပ် တွေးပြ ဆွေး
နွေးပြတာပါ ။ စီးပွားရေးပညာရှင်တစ်ယောက်မဟုတ်လို့ အဲဒီအတိုင်းအတိအကျ လှေနံဒါးထစ်သလို
မမှတ်စေချင်ပါ ။ ကျနော်တို့ လက်လှမ်းမမှီတဲ့ သီးခြားကိစ္စကြီးတွေလည်း ရှိနိုင်ပါသေးတယ် ။ ဒါ
ပေမယ့် သေခြာတာကတော့ ထူးခြားမှုတစ်ခုမို့လို့ ပြည်တွင်းပြည်ပက စိတ်ဝင်စားသူတွေ သတိထား
မိနိုင်ကြဖို့ ရေးလိုက်တာပါဗျာ ။
(၁၉ ၊ ၀၆ ၊ ၂၀၁၁)
*** အထင်အမြင် လွဲမှားနိုင်တဲ့တစ်ချက်ကို ထပ်ဖြည့်ပြောပါရစေ ။
      မြန်မာငွေမာတယ်လို့ ပြောခဲ့ရာမှာ လွန်ခဲ့တဲ့ ၃-၄ နှစ်ကတည်းက စပြီးခိုင်မာနေခဲ့တာကို ဆိုလို
ပါတယ် ။ အနည်းအကျဉ်း တက်ကျနေခဲ့တာတွေကတော့ အပေါ်မှာပြောခဲ့သလိုပဲ အမြဲရှိနေမှာပါ ။
အထူးသဖြင့် ခုတလော နိုင်ငံပိုင်ပစ္စည်းတွေကို အလောသုံးဆယ် ထုခွဲနေတာတွေရှိပေမယ့် ဒါက
လည်း ရေတိုမှာပဲ သက်ရောက်မှုရှိပါလိမ့်မယ် ။
မန်းကိုကို
၁၈၊ ၀၆၊ ၂၀၁၁
မှတ်ချက် ။     ။  ငွေကြေးအကြောင်းစိတ်ကူးကို ဒေါက်တာလှိုင်မြင့်ရဲ့ စာကိုဖတ်မိလို့ အတွေးပေါ်လာတာပါ ။
                      သူ့စာတွေကို ဘယ်ဆိုဒ်မှာမှ အတိအကျတင်ထားတာတော့ မတွေ့မိလို့ လင့်တော့ ချိတ်မပြနိုင်
                      တော့ပါဘူး ။
19 comments:
  1. ရွှေညဏ်တော်စူးရောက်ပါပေ့ ဆရာ့ဆရာကြီးရယ်...စီးပွားရေးပညာရှင်လည်းမဟုတ်ဆိုသေး၊
    ဆွေးနွေးတော့လည်း စီးပွားရေး၊ ငွေကြေးအကြောင်း သိသလိုလိုနဲ့ ...တလွဲချည်းပဲ..။ ဟုတ်မလားဆုံးအောင်ဖတ်မိပါတယ်...
    ဖွတ်ထွက်မှ တောင်ပို့ မှန်းသိတော့တယ်..။
    "little knowledge is dangerous". စီးပွားရေးပေါ်လစီဆိုတာ ဒါးလိုပဲ ဟိုလိုလို ဒီလိုလို လူတွေ
    ReplyDelete
  2. ကိုကိုမောင်(ပန်းရနံ့)June 19, 2011 at 10:24 AM
    နားမလည်ပေမဲ့လဲ ဆက်လက် ထောက်ခံပါတယ်။း)))
    ခင်မင်လျက်
    ReplyDelete
  3. This comment has been removed by a blog administrator.
    ReplyDelete
  4. ဟေ့ရောင် သောက်ရူး၊ ဘလော့တကာလျှောက်လည်ပြီး အာပုတ်ရည်ထုတ်တာ မဝသေးဘူးလား။
    အံ့သြသွားလားလဒ၊ သိချင်ရင် ဘလော့အောက်ဆုံးက sitemeter ကိုကြည့်လိုက်လေ။ လာဖတ်၊ မနေနိုင်လို့ကွန်မန့်ရေးပြီး ဘာများတုံ့ပြန်မလဲဆိုပြီး ပြန်လာကြည့်တဲ့ Harrington City ကLeicestershire မှာနေတဲ့မင်းကို သိလိုက်တာမဆန်းပါဘူး။ သတိတော့ထားပေါ့ကွာ နေရာအနှံ့လေပုတ်လျှောက်ထုတ်နေတဲ့မင်းကို စောင့်ကြည့်နေသူတွေကအများသားကွ။
    ခက်တာကမင်းလာပွတာကို ပိုင်ရှင်ကတော့ပြန်ပြောဖို့လမ်းသိပ်မမြင်ဘူး။
    ငါ့လိုဘာမှမသိသူနဲ့ပဲပြောကြတာကောင်းမယ်ကွာ။
    မင်းပြောတဲ့တလွဲတွေကဘာတွေတုံး။ သေသေချာချာပြောလေကွာ။ ရူးသလိုနှမ်းသလိုဆိုရင် အခြားလူတွေကငါ့လိုပဲမင်းကို သောက်ပေါလို့ပြောမှာပေါ့။ မင်းပြောသလိုဆိုရင် ရည်ရွယ်ခံရသူကဦးသန်းရွှေပေါ့ဟုတ်လား။ နောက်ပြီးတိတ်တိတ်နေဆိုပြီး မင်းကဘာလို့လာဖတ်နေသေးတာတုံး။ ဘလော့ဆိုတာကိုယ်ပိုင်စဉ်းစားထားတာတွေကို ပြောပြကြအပြန်အလှန်ဖလှယ်ကြတာကွ။ မင်းဘလော့မှာ ကြောင်တောင်တောင်တွေရေးထားတာတွေ လူလာမဖတ်လို့နာမည်မဖေါ်ပဲ ဒီမှာလာထပ်မကြောင်စမ်းပါနဲ့။
    ပြီးတော့မင်းပြောသလို စီးပွားရေးပေါ်လစီဆိုတာ ဒါးလိုပဲ ဟိုလိုလို ဒီလိုလိုလူတွေ ဝင်ကိုင်ရင် လက်ပြတ်တတ်တယ်ဆိုတော့ ငါတို့မြန်မာပြည်သားတွေက ဘယ်သူ့ကိုအဖေသွားခေါ်ရမှာတုံး။ ပြည်တွင်းပြည်ပပညာရှင်တွေကကော ဘယ်သူတွေလဲ။ cnn ကလား၊ economist ကလားကွ။ ဂျာနယ်လစ်လိုလို စီးပွားရေးပညာရှင်လိုလိုလုပ်နေတဲ့ ဒေါက်တာခင်မောင်ညိုလို့တော့မနောက်နဲ့ကွ။ ညိုတာချင်းတူရင် ဒေါက်တာမောင်မောင်ညိုကိုသွားမေးတာကမှ ကောင်းအုံးမယ်။ အေးကွာ ငါလည်းမင်းနဲ့ရောပြီးအရေမရ အဖတ်မရတွေလျှောက်ရေးနေပြီ။ စာလိုက်ရှာဖတ်အုံးလို့တော့ ထပ်မကြောင်နဲ့ကွာ။ ဘာဖတ်ရမလဲတောင်မပြောတတ်ပဲနဲ့တော့ အချိန်ကုန်တယ်။
    မင်းသိအောင်လည်းပြောထားအုံးမယ်။ ဘလော့ရှင်ကိုငါ 120mm အမြောက်နဲ့လှမ်းထုရုံနဲ့ထိနိုင်တယ်။ သိချင်ရင်ငါ့ကိုမေး။ ငါဖုန်းဆက်ပြီးပြန်မေးပေးမယ် ဟ ဟ
    ReplyDelete
  5. @ Anonymous (၁)
    - Anonymous အနေနဲ့ စီးပွားရေးပေါ်လစီအကြောင်း သိတယ် ၊ အပေါ်ကပြောခဲ့တာနဲ့ တိုက်ရိုက်လည်း သက်ဆိုင်တယ်လို့ ဆိုချင်တာလား ။
    - ပြည်တွင်းပြည်ပ စီးပွားရေးပညာရှင်ဆိုသူတွေ လက်ချိုးရေလို့ရပါတယ် ။ နာမည်နဲ့ ဆောင်းပါးရည်ညွှန်းပေးနိုင်ရင် ခုပဲဖတ်ပြီး မှားရင်မှားကြောင်း ဝန်ခံပါ့မယ် ။ မဟုတ်ရင်လည်း အနည်းဆုံး ဘလော့ဂါဦးမင်းဒင်လောက် ထဲထဲဝင်ဝင် သိခဲ့တဲ့သူမျိုးက လာထောက်ပြရင်လည်း လက်ခံရမှာပေါ့ ။
    - စစ်အာဏာရှင်ဆိုတာ အစုအဖွဲ့ရှိပါတယ် ၊ လက်ဝေခံတွေရှိပါတယ် ။ တစ်ကိုယ်စာ ကောင်းနိုင်သမျှ ကောင်းအောင်နေသူတွေလည်း ရှိပါတယ် ။ တိတိကျကျ လက်ညှိုးထိုး တိုက်ခိုက်ခိုင်းတာကို လိုက်မလုပ်နိုင်ပါဘူး ။
    - တွေးမိတာကို ချပြတာသာဖြစ်ပြီး ၊ ဒါဟာ ထိုင်းနိုင်ငံမှာ စီးပွားရေးသမားအချို့နဲ့ လုပ်ပုံကိုင်ပုံတွေကို နှစ်ပေါင်းများစွာ စောင့်ကြည့်နေခဲ့ရာက ထွက်လာတဲ့ ခန့်မှန်းခြေတစ်ခုပါ ။ မတူတဲ့အမြင် ၊ အကြံဥာဏ်တွေရှိရင် ပြောပြ ထောက်ပြလို့ရပါတယ် ၊ လာတိုက်ခိုက်ရုံနဲ့ ဘယ်သူမှ အကျိုးမများပါဘူး ။ အခုလို ကွန်မန့်ပြန်ပေးတာဟာလည်း အခြား လာဖတ်သူတွေအတွက် အကျိုးရှိမယ်ထင်လို့ ပေးတာပါ ။
    @ ကိုကိုမောင်(ပန်းရနံ့)
    ဆရာ့အချွန်က အကူအညီတွေ အများကြီးရပါတယ် ဆရာရယ် ၊ အပေါ်မှာ တွေ့တဲ့အတိုင်းပါပဲ ... :D
    ဘယ်လိုပဲဖြစ်ဖြစ် ကြိုဆိုပါတယ်ဗျာ ၊ ဒါပေမယ့် နောင်ကို လူလာများလို့ တစ်ယောက်စီ သေသေချာချာ စာမပြန်နိုင်တဲ့ အခါကျရင်တော့ ခွင့်လွတ်ဖို့ တင်ကြိုတောင်းပန်ထားချင်ပါတယ် ... :D
    @ Anonymous (၂)
    ဘယ်သူတုန်းကွ ၊ ငါ့ကို အမြောက်နဲ့ထုမှာ ... :-)
    ခုနမှကြည့်မိတယ် ၊ spam ထဲမှာ ကွန်မန့် (၄) ခုတောင်ဝင်နေတယ် ။
    အားလုံးအတူတူပဲမို့ နှစ်ခုကိုဖျက်ပြီး တစ်ခုကိုတော့ (ပထမဆုံး) ဝင်လာတဲ့အချိန်သိရအောင် စာသားပဲဖျက်ထားလိုက်တယ် ။
    ပြီးရင်လည်း အရမ်းအရမ်းတော့ လျှောက်မရေးပါနဲ့ ဆရာ ၊ ချေးသုတ်ရမ်းမယ်သူက ကျွန်ုပ်ကိုပဲသိတာလေ ။
    အခြားအထွေအထူးတော့ ထပ်မပြောတော့ပါဘူး ။ အပေါ်က စာပြန်ထားတာ အတော်အသင့် လုံလောက်နေပြီထင်ပါတယ် ။
    ReplyDelete
  6. ကိုယ့်စာကိုယ်ပြန်ဖတ်ပြီး ပိုရှင်းအောင်ရေးသင့်တယ်ထင်လို့ ဒီကနေ့ ထပ်ဖြည့်လိုက်တဲ့စာကို ကွန်မန့်အနေနဲ့လည်း ထပ်ထည့်ထားလိုက်ပါတယ် ။
    -----------------------------------------------------------
    (၁၉ ၊ ၀၆ ၊ ၂၀၁၁)
    *** အထင်အမြင် လွဲမှားနိုင်တဲ့တစ်ချက်ကို ထပ်ဖြည့်ပြောပါရစေ ။
    မြန်မာငွေမာတယ်လို့ ပြောခဲ့ရာမှာ လွန်ခဲ့တဲ့ ၃-၄ နှစ်ကတည်းက စပြီးခိုင်မာနေခဲ့တာကို ဆိုလိုပါတယ် ။ အနည်းအကျဉ်း တက်ကျနေခဲ့တာတွေကတော့ အပေါ်မှာပြောခဲ့သလိုပဲ အမြဲရှိနေမှာပါ ။ အထူးသဖြင့် ခုတလော နိုင်ငံပိုင်ပစ္စည်းတွေကို အလောသုံးဆယ် ထုခွဲနေတာတွေရှိပေမယ့် ဒါကလည်း ရေတိုမှာပဲ သက်ရောက်မှုရှိပါလိမ့်မယ် ။
    ---------------------------------------------------------------
    ငွေပမာဏ များတယ်လို့ဆိုရာမှာ ဥပမာ - ဂက်စ်ရောင်းလို့ ရတဲ့ငွေတွေလို ဒေါ်လာသန်းပေါင်း ရာချီတာမျိုး ၊ ထောင်နဲ့ချီတာမျိုးတွေကိုတော့ တကယ်များတယ်လို့ ပြောနိုင်ပါတယ် ။
    (အဲဒီ ဂက်စ်ငွေတွေလည်း တရားဝင်ငွေလဲနှုန်းနဲ့ စာရင်းသွင်းထားတယ်ဆိုတာတို့ ၊ စင်္ကာပူမှာ အဲဒီငွေတွေ အပ်ထားတယ်ဆိုတာတွေ ပြောဆိုမှုအချို့တော့ ရှိပါတယ် ။ မြင်သာမှုရှိတဲ့ အစိုးရ တက်မလာမချင်းတော့ သိဖို့မလွယ်လှပါဘူး ။ ဒါပေမယ့် လည်ပတ်နေတဲ့ ငွေတွေနဲ့ သိပ်မဆိုင်တာမို့ ငွေခိုင်မာနေတာနဲ့ ဆက်စပ်ဖို့ မလွယ်ပါဘူး) ။
    ReplyDelete
  7. ဟဲဟဲ ကိုမန်းလဲ ကွန်မင့်က ထုတဲ့ သူနဲ့  ။ ၁၂၀ဆိုတာကြီးနဲ့ ထုမဲ့ လူနဲ့  အလုပ်တွေများနေပါလားဗျ ။
    မြန်မာ့စီးပွား ကမ္ဘာ့စီးပွားတော့ တကယ့်ကို ဘာမှနားမလည်လို့  စကထဲက ပို့ စ်၂ခုလုံးမဖတ်ဘဲ ကွန်မင့်သာကြည့်ရီသွားပါကြောင်း
    ReplyDelete
  8. တယ်လဲပျောက်ပါကလား ဆရာတင့် ၊
    ထုကြပါစေဗျာ ၊ ဒါးကောင်းဖြစ်ဖို့ အများကြီးအထုခံမှ ဖြစ်နိုင်မယ် ပြောကြသကိုး ။ အထုများပြီး ဒါးမဖြစ်ပဲ ဘာမှန်းမသိတဲ့ သံပြားပြားကြီး ဖြစ်သွားရင်တော့လည်း ကံကြမ္မာပေါ့ဗျာ :-)
    ဆရာရယ် .. နားမလည်ရင် ပိုဖတ်သင့်တာပေါ့ဗျာ ၊ ကြိုးစားပမ်းစား အာလူးဖုတ်ထားတာပါ ၊ အမြင်မတော်ရင်လည်း ခေါင်းခေါက်ပေါ့ဆရာရယ် ၊ စိတ်ဆိုးစရာ မရှိပါဘူး :-)
    ReplyDelete
  9. ကိုမန်းရေပျောက်တာတော့မပြောနဲ့ တော့
    ငတ်လို့ လုပ်ရတဲ့ အလုပ်က တပါတ် ၇ရက်
    ဒီကြားထဲ Course work နဲ့ 
    ခုအပါတ်ကတော့ မိတ်ဆွေတယောက် လာဘို့ ရှိလို့  အလုပ်ကို မယူဘဲထားတာကို မိတ်ဆွေက အကြောင်းမညီညွတ်လို့  အားသလိုဖြစ်နေတာပါ ။
    (အမှန်တော့ အားလုံးအပြီးလုပ်ပြီးတဲ့  course work ကို temp folder ထဲ save တာ ဘာဖြစ်မှန်းမသိဘဲ ပျောက်သွားလို့  စိတ်ကောက်တာနဲ့  ဘလော့တွေဘက်ခြေဆန့် ရင်း ကိုအောင် နဲ့  ကိုမန်းဘလော့မှာ ကလိသွားတာဖြစ်ပါကြောင်း
    ReplyDelete
  10. အင်း .. ဆရာ့ပြောပုံနဲ့ဆိုရင် “ချွေးထွက်များမှ သွေးထွက်နည်းမယ်” ဆိုတာကို “များများငတ်မှ (အနာဂါတ်မှာ) များများမြတ်မယ်” လို့ ပြောင်းရမလို ဖြစ်နေပြီ ။
    ကံဆိုးထောက်မစွာနဲ့ ရောက်လာခဲ့တယ်ဆိုတော့ ဝမ်းပဲသာရမလို ၊ စိတ်မကောင်းပဲ ဝိုင်းဖြစ်ရတော့မလိုပါပဲ ။ ကျနော်လည်း မနှစ်က flash drive ကလေးကို သုံးနေမကျတဲ့ Mac ကွန်ပြူတာမှာ သွားအတပ်ကောင်းလိုက်တာ ၊ ရှိပြီးသား ဖိုင်တွေပါ ပြုတ်ပြုတ်ပြုန်းသွားလို့ စိတ်လေသွားဖူးတယ် ။ course work ကို နှစ်ခါပြန်လုပ်ရတာကိုတော့ စာကြေဖို့ အခွင့်အရေး ရလာတယ်လို့ပဲ သဘောထားလိုက်ပါတော့ဗျာ ။ ဖြစ်သွားတာကို ကောင်းအောင်မလုပ်နိုင်ပေမယ့် အကောင်းဖက်ကမြင်ပြီး စိတ်ချမ်းသာအောင် လုပ်လို့တော့ ရပါသေးတယ် ။
    ကြည့်ရတာ ဆရာကျနော့်ဘလော့မှာ ရောက်နေတာ အတော်ကြာနေပြီ ။ သတိပေးချင်တာက ကျနော့်ပို့စ်တွေ အများကြီးဖတ်ရင် ခေါင်းပိုမူးတတ်လို့ တစ်ခုနှစ်ခုပဲ အာရုံထားဖတ်ပြီး ထုသာသွားပါလို့သာ .. :-)
    ReplyDelete
  11. coursework ကတော့ဒီအပါတ် လုပ်ဖြစ်တော့မယ်မထင်ပါ ။ ဖီးလ် ငုတ်သွားပါပြီ ။ ကိုမန်းဆီတော့ မန့် တဲ့ ဆီမရောက်တော့ဘူးထင်ပ ။
    ကိုအောင်ဆီမှာတော့ http://www.aung.info/?p=2124#comment-2035
    သခင်စိုးလက် စတင်းရောက်သလို ကွန်မင့်တွေထားခဲ့ကြောင်းပါ ။
    အမှန်တော့ ဦးတေဇိန် ဆိုက်လေးhttp://tipitakamyanmar.blogspot.com/လဲ ကြော်ငြာဝင်ရင်းဖြစ်ပါကြောင်း :P
    ReplyDelete
  12. သခင်စိုးလက် စတင်းရောက်တာက ခေတ်ဟောင်းသွားပြီဗျ ။ ခုခေတ်ကျတော့ gatling gun စာ ကျွေးလိုက်တယ်လို့ ပြောရမလားပဲ :-)
    ဒါနဲ့ နေဝန်းနဲ့ နေဒွန်းတို့ ဆိုတာတွေ အကြောင်းတော့ မကြားမိခဲ့ဖူးဘူးလို့ ထင်တာပါပဲ ၊ ဆရာဘယ်မှာများ ဖတ်မိလို့ပါလိမ့် ။ ပြီးတော့ ဘာသာရေးအပိုင်းကလဲ လုံးဝမနိုင်တဲ့ဝန်မို့လို့ ဝင်မထမ်းတော့ပါဘူးဗျာ ။ လက်ရေးညီသူတွေသာ တစ်လှည်စီကျွေးကြပါ ၊ ဘေးကဝိုင်းကြည့်ပေးပါ့မယ် ။
    ဘလော့ကြော်ငြာဝင်တယ်ဆိုလို့ ခုမှသတိရတယ် ၊ ကျနော့်ဘလော့မှာ ဘာသာရေးလင့်တွေတော့ မရှိသေးဘူးဗျ ၊ ချိတ်ရင်ကောင်းမလား စဉ်းတော့ စဉ်းစားနေမိတယ် ။
    “စဉ်းစားတယ်” ဆိုလို့ သွားသတိရမိတာက ၊ အညာမြေလတ်ပိုင်းမှာ နွားစာတွေကို (လက်နဲ့ မဟုတ်ရင်လည်း) စက်နဲ့စင်းပြီးတော့ ကျွေးတာကိုပါ ။ ကျနော်တို့ အောက်ပြည်မှာတော့ အစာနုလေတော့ ဒီအတိုင်းကျွေးကြတာပါပဲ ။ အထက်ဖက်ရောက်တော့ သိလာခဲ့ရတာလေးတွေက ဆန်းတော့ ဆန်းတယ်လို့ ခံအစားမိသား ။
    စိတ်ထဲ မှတ်မှတ်ရရ ပေါ်လာတာကို ပြောတာနော် ။ ဘာသာရေးနဲ့တော့ မဆိုင်ရပါဗျာ ။ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က မလှိုင် ၊ တောင်သာဖက်မှာ ၄-၅ လလောက် သွားနေဘူးရာက အောက်ပြည်နဲ့ အတော်ကြီး ခြားနားတာလေးတွေကို မှတ်မှတ်ရရ ဖြစ်ခဲ့တာလေးတွေပေါ့ ။ နောင်ကြုံရင်တော့ ပို့စ်တစ်ပုဒ် နှစ်ပုဒ်လောက် ရေးဖြစ်မယ် ထင်ပါတယ် ။
    ReplyDelete
  13. နေ၀န်းနဲ့ နေဒွန်းက ရှေ့ မှာ ရှိသေးဗျ။ သီပေါပါတော်မူပြီးစမှာ သူ့ တို့ အဖေကြီးက ခံချတာ ။ အဲမင်းသားနာမည်မေ့နေလို့  ။ နောက်တော့မနိုင်တော့ ယူနန်လစ်သွား ။ အဲမှာမှ အိမ်ထောင်ကျ ကလေး၂ယောက်မွေးတာဗျ။ စောနေ၀င်းက အကျယ်ချုပ်နဲ့  ရန်ကုန်စမ်းချောင်းနေသွားသေးသတဲ့  ။ ဒီလိုဗျ ။ အဲကိစ္စက official history မှာတော့ မပါလောက်ဘူးထင်တာဘဲ ။ ဆရာစံရဲ့ ဂဠုန် ဆိုတဲ့ အမှတ်အသားမြစ်ဖျားခံရာ ဆိုတဲ့  စာတိုလေးတစောင် ( အရင် လုပ်သားဂျာနယ် ) ထင်ပ်ါရဲ့  ။ အမှတ်တရဖတ်ဖြစ်ခဲ့တာပါ .။ သူ့ အဆိုကတော့ စောနေ၀င်းက သူတို့ ဝင်ချလာချိန်မှာ နေ၀န်း အလံကြီးထောင်ပြီးဝင်ခဲ့ေ့ကြာင်းနဲ့ အဲရဲ့ အဓိပ္ပါယ်က စနေနံ နဂါး အင်္ဂလိပ်ကို ဆော်မဲ့  ဂဠုန်လို့  ဆရာစံကို ရှင်းပြဘူးတယ်တဲ့  ။ အဲတွေ့ ဆုံမှုလေးဟာ နောင်အခါ ဆရာစံရဲ့  စိတ်ထဲမှာ မျိုးစေ့လေးတည်နေပြီး သူကိုယ်တိုင်ကြုံလာတော့ ဂဠုန်သင်းဆိုထောင်ခဲ့ ပါကြောင်းတဲ့ဗျာ ။
    အဲနဲ့  ဆက်ပြီးသတိရမိတာတွေကတော့အများကြီးဗျ။
    ရဲဘော် ၃ကျိပ်ထဲကို ဗိုလ်မင်းခေါင်ဟာ သူ့ ဟာသူ ကျည်ပြီးတယ် ယုံသလို ဗိုလ်တာရာကလဲ နောင်တော့ စမတောင်ဘိုးတော်ဆို အစီအရင်တွေ တော်တော်လုပ်ခဲ့သေးသဗျ ။
    နောက် မအူပင် စစ်ဝန်ထမ်းဗိုလ်ရဲချစ် ဆိုလဲ အဲလို နာမည်ထွက်ဘူးတယ်။ ထားပါတော့လေ ။ ဒါတွေက စိတ်ချမရတဲ့ ကိစ္စတွေပါ ။
    ဘာသာရေးကတော့ သိတယ်လို့ ကိုယ့်ဟာကိုယ်ထင်လာတဲ့ သူတွေက တကယ်မသိသေးလို့ သာမှတ်ပါလေဗျ။
    ကျွန်တော့အမြင်ကတော့ မိမိအယူတခု ဖြစ်လာပြီဆိုရင်
    တိုက်စစ်ရမဲ့ မှတ်ကျောက်တွေရှိပါတယ် ။
    မိမိအယူတခု မှန်တယ်လို့ မိမိဆရာက လက်ခံလား
    ဆရာက လက်ခံတယ်ဆိုရင်လဲ ဆ၇ာက ဘာထောက်ပြီးလက်ခံတာလဲ ။
    ဋီကာ၊အဋ္ဌကထာ ၊ အဘိဓမ္မာ နဲ့  ဓမ္မဒိဋ္ဌာန်သုတ္တန်တွေ နဲ့  ညီပလားဆိုတာ တိုက်စစ်သင့်ပါတယ်ဗျာ ။ အဲအဆင့်လောက် စစ်ပြီးမှ ဖြစ်နိုင်လောက်ရဲ့ လို့  မရဲ တရဲလေး ခဏ လက်ခံရပါတယ်လေ။ အတိအကျဘဲ ၊ ဒါဘဲ၊ မလွဲဘူး ပြောလာရင်တော့ အင်းး ခက်သေးပေါ့ဗျာ ။
    ခက်တယ်လို့ ဆိုသော်လဲ ဒီခေတ်ကြီးကလွယ်ပါတယ် ။
    ပါဠိတော်ကို မြန်မာပြန်ဖတ်မလား အင်္ဂလိပ်ပြန်ယူမလား ။ တတ်နိုင်လို့  asian and european languages ဖတ်မလား ။ အကုန်ရှိပါ့ ။ တခါ ၀ိသုဒ္ဓိမဂ်လို သင်္ဂြိဟ်လိုကလဲ ဒီတိုင်းပါဘဲ ။ ဘာသာစုံပြန်ပြီးမို့ ကောက်ဖတ်ရုံပါဘဲ ။
    စာဖတ်ပျင်းသလား
    ရပါသေးဗျ ။အစဉ်အဆက်လေးစားရသော မြန်မာ၊ထိုင်း သီရိလင်္ကာ ဆရာတော်ကြီးများ ဟောတာတွေ လွယ်မှလွယ် ဖြစ်ပါကြောင်း
    ReplyDelete
  14. ကျနော်မြင်တာကတော့ မြန်မာ့သမိုင်းဟာ စာပိုဖတ်လေလေ official history ဟာ ပိုပိုပြီး ဝေဝါးဝါးဖြစ်လာလေပါပဲ ။ တိကျတဲ့သက်သေ သာဓကတွေနဲ့ ခိုင်မာအောင် စနစ်တကျ ရှာဖွေတည်ဆောက် ထားတာတွေဖြစ်ဖို့ အဝေးကြီးလိုသေးတယ်လို့ နားလည်မိတယ် ။ အဲဒီလို လုပ်နိုင်ဖို့ဟာလည်း လက်ရှိနိုင်ငံရေး အနေအထားနဲ့ မဖြစ်နိုင်သလို လူမှုစိတ်ထား အခြေခံတွေကအစ အချိန်ယူအုတ်မြစ်ချ ပြုပြင်ရဦးမယ်လို့ မြင်ပါတယ် ။
    အခြေခံအုတ်မြစ် ခိုင်လာပြီဆိုရင်တော့ ကိုတင့်ဦးပြောခဲ့တဲ့ un-official တွေလည်း ပင်မသမိုင်း ရေစီးကြောင်းထဲကို အများကြီး ဝင်လာနိုင်ပါတယ် ။ ဥပမာ ကျနော်တို့ ဘားအံမြို့ဆိုရင် ဘယ်သမိုင်းမှာမှ ပါခဲ့တာ မဟုတ်ပါဘူး ။ ဒါပေမယ့် အဲဒီနားတစ်ဝိုက် ရှေးကျတဲ့ သထုံသစ္စာခံ “ဒုံရင်းပြည်” (သို့မဟုတ် ယဉ်ကျေးမှုမြင့်မားတဲ့ မြို့ပြ/ဒေသတွေ) ရှိခဲ့တယ်ဆိုတာ ရည်ညွှန်းနေတဲ့ ရှေးဟောင်းပစ္စည်းတွေ ဟိုတစ်စသည်တစ်စ ထွက်လာလိုက်ငုပ်သွားလိုက် ဖြစ်နေခဲ့တာ ကြာပါပြီ ။ အဲဒါတွေအပါအဝင် မြန်မာတစ်ပြည်လုံးက နောက်ကြောင်းလိုက်ဖို့ သဲလွန်စတွေဟာ ကြာလေတိမ်မြုပ်လေ ဖြစ်နေခဲ့တာ စိတ်မကောင်းစရာပါ ။
    ဘာသာရေးကိစ္စကတော့ အရင်တစ်ခါ ပြောကြသလိုပဲ ဒိဋ္ဌိဖေဖေတွေထဲမှာ ကျနော်လည်း တစ်ယောက်အပါအဝင်လို့ နာမည်တပ်ရတော့မယ် ထင်တယ် ။ ဘာသာရေးနဲ့ပတ်သက်လို့ ကျနော်က ကိုတင့်ဦး စီးပွားရေးအကြောင်း မဖတ်သလို မဟုတ်ပေမယ့် ဘယ်လိုဖတ်ဖတ် စိတ်ထဲအာရုံမရှိတာကြောင့် မ.ဆ.လ ခေတ်တုန်းက ဆိုရှယ်လစ်စာတွေ သင်ခဲ့တာရာက သင်တန်းချိန်ပြီးတာနဲ့ ခေါင်းထဲက ပျောက်ခဲ့တာတွေကို သွားသတိရမိတယ် ။
    လောလောဆယ်ဆယ် အာရုံရှိမိတာက သင်လို့မကုန်နိုင်တဲ့ ဝိဇ္ဇာပညာတွေ ၊ နောက်ခံလုံးဝမရှိခဲ့တဲ့ စီးပွားရေးအသိပညာတွေ ၊ မိသားစုအရေးနဲ့ နောင်တစ်ချိန်မှာ ကိုယ်သိတာတွေကို လိုအပ်သူတွေလက်ထဲ ဘယ်လိုလက်ဆင့်ကမ်းရမလဲ ဆိုတာတွေက အပြည့်နီးပါး စိုးမိုးနေတော့ ဘာသာရေးဖက် ထဲထဲဝင်ဝင် စိတ်မရောက်နိုင်တာတော့ အမှန်ပဲခင်ဗျ ။ ဒါပေမယ့် အပေါ်ယံရှပ်ပြီး သမာဓိအားကောင်းအောင် သမထထိုင်တာမျိုးလောက်တော့ စိတ်ဝင်စားပါတယ် ။
    စိတ်မဝင်စားဘူးဆိုပေမယ့် လောကီသားဆိုတော့လည်း လောကီအတွေးအခေါ်တွေဆီတော့ စိတ်ရောက်မိတတ်ပါတယ် ။ ကျနော်က နိဗ္ဗာန်တို့ ၊ ကောင်းကင်နိုင်ငံတို့တွေကို ရမယ် ရောက်မယ့်သူလို့လည်း မထင်တာကြောင့် လောကီမှာပဲ အချိန်ရသလောက် ပျော်မွေ့အောင်နေပြီး အကောင်းဆုံးဖြစ်အောင် ဖြတ်သန်းသွားမယ်လို့ စိတ်ကူးပါတယ် ။ အသက် သိပ်ကြီးလာရင်တော့ မပြောတတ်ဘူးပေါ့လေ ။
    ဘယ်လိုပဲဖြစ်ဖြစ် အပေါ်ယံခြုံငုံကြည့်သမျှတော့ ဘာသာကြီးသုံးခု (ခရစ်ယာန်နဲ့ မွတ်ဆလင်ကို မတည့်အတူနေ အမွှာလို့တွက်ပါတယ်) ဟာ လောကနဲ့ စကြာင်္ဝဋ္ဌာကြီးအကြောင်းကို မတူတဲ့အမြင်တွေနဲ့မြင် (သို့မဟုတ်) တစ်ပိုင်းစီ ဖွင့်ဆိုချပြ (သို့မဟုတ်) လူသားတွေဥာဏ်မီသလောက် အသိပေးထားတာပဲဆိုပြီး မြင်ရမလားလို့ စိတ်ထဲဝင်မိပါတယ် ။ ဒါကလည်း ကိုတင့်ဦးပြောသလိုပဲ ယာယီမြင်ထားတာပါ ။ အချိန်က စကားပြောလာပါလိမ့်မယ် ။
    ReplyDelete
  15. ကိုမန်း
    သမိုင်းကတော့ ပျောက်နေတာအများကြီးဘဲ ။
    ဟိုရှေးတွေထားဗျ ။
    ၄၂ မှာ အင်္ဂလိပ်တပ်တွေ ဆုတ်တော့ မုံရါာနားက တောင်ကန်ဆိုတဲ့  ရွာလေးတရွာလုံးကို တင့်တွေ စက်သေနတ်တွေနဲ့  အင်္ဂလိပ်တပ်တွေက ချေခဲ့တာ
    ၁၉၁၄-၁၅မှာ စစ်သားစုဆောင်းတာကို မကျေနပ်လို့  သူပုန်ထခဲ့ တဲ့  ကူကီးချင်းတွေ မျိုးပြုတ်မတတ် ချေမှုန်းခံ၇တာတွေက လူတွေမသိတော့ဘူးဗျ
    ခက်တာက ကျွန်တော်တို့ တွေမှာက အကျင့်ကြီးတခုပါနေတာက ဘုရင်ဆိုလဲ မြတ်စွာဘုရားနဲ့  အတင်းဆွေမျိုးတော်ပလိုက်တာဘဲ ။
    ကုန်းလေးမို့ မို့ ပေါ် စေတီလေးတည်မိရင်လဲ မြတ်စွာဘုရားဒေသစာရီကြွပလိုက်တာဘဲ ။
    နေရာတခုတွေ့ ရင် ဖိဖိစီးစီးလေး ရှာဘို့ ဖွေဘို့ ဆိုတာကတော့ အင်းး
    မြင်းပိုင်ရှင်ကုလားကြီး ပြောသလို မောင်ချစ် မောင်ချစ် မင်းဟာက ကွင်း-ထစ် ၊ ခွါ-ထစ် ၊ မှောင်-ထစ် နဲ့  -ထစ်ကုန်ပေါ့ ( စကားမပီလို့ ပါဗျာ သူဆိုလိုတာ တထစ်ပါ )
    မျက်မှောက်ခေတ်သမိုင်းဆိုတာတော့ ကျွန်တော် လက်ရှောင်နေတာကိုမန်းသိပါတယ် ။
    လူတွေရဲ့  ပြဿနာက Tolstoy ရေးဘူးသလို သမိုင်းထဲက လူတွေကြည့်ရင် Prototypes တွေထဲက မထွက်နိုင်သေးဘူး။ လူဆိုတာ မူလအခံနဲ့  သူ့ ပါတ်ဝန်းကျင်ရဲ့  interactions တွေရဲ့  ထုတ်ကုန်တခုလို့  မြင်ပြီး မိမိရဲ့  စိတ်ခံစားချက်နဲ့ bias တွေကို ဘေးဖယ်မထားနိုင်သမျှတော့ သမိုင်းဆိုတာ ဆွေးနွေးလို့ မရပါဗျာ ။
    ဘာသာတရားကတော့ စိတ်မပါတဲ့ လူ အတင်းလုပ်မရပါဗျာ ။
    ဗုဒ္ဓဘာသာက ပိုလို့ ခက်ပါသေးတယ် ။ ဗုဒ္ဓဘာသာမှာ အယူဖြောင့်ဘို့ ဆိုတာ ( ကျွန်တော်တို့ လို ဘာမဂ်မှ မနီးသေးတဲ့  ပုထုစဉ်တွေဆိုတာ ) ဘလိပ်ဒါးသွားပေါ်လမ်းလျှောက်သလိုပါဘဲ ။
    အဲတော့ သံသရာဆိုတာ အရှည်ကြီးပေါ့ဗျာ ။ ဒိဘုရားလက်ထက်မကျွတ်ချင်တဲ့ သူတွေတွက် ပူစရာမရှိပါဗျာ။ နောက်လာမဲ့  ဘုရားတွေလက်ထက်ကျ ကျွတ်ချင်လာပါလိမ့်မယ် :P
    ReplyDelete
  16. ကိုတင့်ဦးနဲ့ကျနော် နီးစပ်ရာ သိရာကလေးတွေတောင် ဒီလောက်ရှိရင် တစ်နိုင်ငံလုံး အတိုင်းအတာအရ ဖေါ်ထုတ်အက္ခရာတင်နိုင်ဖို့ ဆိုတာကတော့ ဒီသက်တမ်းနဲ့ မမှီလောက်ဘူး ထင်ပါရဲ့ ။
    တကယ်တန်းမှာ မြန်မာပြည်ဟာ ဥရောပတခွင်ကြုံခဲ့ကြသလို (တိုင်းရင်းသားတွေ အပါအဝင်) စာပေအနုပညာ ဖေါ်ထုတ်ထွန်းကားတဲ့ကာလ (renaissance) ၊ အသိဥာဏ်ပွင့်လင်းတဲ့ကာလ (enlightenment) နဲ့ စက်မှုတော်လှန်ရေးကာလ (industrial revolution) တွေကို တစ်ချိန်ထဲမှာ ကျော်ဖြတ်နေတဲ့ ကာလအပိုင်းအခြားထဲ ရောက်နေသင့်ကြပါပြီ ။ ရှိပြီးသား စံနမူနာတွေကို ကိုယ့်နဲ့ကိုက်ညီအောင် (ကိုတင့်ပြောတဲ့ ဘာသာရေးမှာလိုပဲ) ခူးခပ်ရောနှောစားရုံမို့ ရာစုနှစ်ဝက်လောက်နဲ့ ကျော်ဖြတ်ပြီးစီးလို့တောင် ရနိုင်မယ်လို့ထင်မိတယ် ။ ဖြစ်လည်း ဖြစ်စေချင်ပါတယ် ။
    ဒါပေမယ့် ဆရာတင့်ပြောတာအချို့နဲ့ ဆက်စပ်တွေးမိတာက - ဧရာဝတီမှာ ကူကီးလူမျိုးအကြောင်း ပါလာတာတောင် ဘာလူမျိုးလဲ ဘာကောင်တွေလဲ လုပ်တဲ့လူတွေရယ် ၊ နည်းပညာဆိုင်ရာကို နားမလည်လို့ ထင်တာပြောကြဆိုကြတဲ့ သူတွေကို “ဒါတောင် နားမလည်ဘူးလား ၊ ပြန်လေ့လာလိုက်အုံး” လို့ပြောတတ်တဲ့ သက်ဆိုင်ရာ ပညာရှင်တွေရယ် ၊ လွတ်လပ်ရေးယူကတည်းက မှတ်တမ်းမှတ်ရာနဲ့ ပါလာတဲ့ “ဝ” တွေကိုတောင် တရုတ်တွေလို့ ပြောချင်သူမျိုးတွေက အရေအတွက် အများကြီးရှိနေရုံမကပဲ မဖြစ်ညစ်ကျယ်စာပေ ၊ အတွေးအခေါ်မတူရင် ရန်သူဖြစ် ၊ အပ်တစ်ချောင်းတောင် ထုတ်လုပ်ဖို့ အခွင့်အလမ်း မရှိတဲ့ အနေအထားမှာကတော့ ရင်လေးစရာပါ ။ ကောင်းစေချင်တဲ့ စိတ်စေတနာတွေဟာလည်း အိပ်မက်ထက် ပိုလို့ မရသေးပါဘူး ။
    ဒါ့ပြင် ဘာသာရေးနဲ့ ဆိုင်တယ်လို့ ပြောနိုင်မယ့် အပိုင်းတွေမှာလည်း သူတစ်ပါး အသက်အိုးအိမ်တွေကို ခုတုံးလုပ်ပြီး ဘုရားဆုပန်လာခဲ့တဲ့ အစဉ်အဆက် အခွင့်ထူးခံတွေ ၊ ဝါဝါမြင်ရင် ဦးချချင်ပြီး မြင့်မြင့်ဆိုတာနဲ့ ဘုရားတည်ချင်သူတွေ ၊ ဗုဒ္ဓမြတ်စွာဘုရားကိုလည်း ဗမာဆိုပြီး လုပ်သူတွေ ၊ ချွန်ချွန်မဲမဲမြင်ရင် သမိုင်းဝင်စေတီ လုပ်သူတွေကစပြီး ကိုယ့်ဆန္ဒနဲ့အညီ ဘုရားကို လိုတိုး ပိုလျှော့လုပ်ခိုင်းသူတွေ အများကြီး ရှိနေသေးတာဟာလည်း (ကိုတင့်လို လူတွေအတွက်) သမိုင်းပေးတာဝန် မဟုတ်ရင်တောင် တစ်တပ်တစ်အား တစ်စုံတစ်ခုလောက်တော့ လုပ်ဖို့လိုမယ် ထင်မိတာပါပဲ ။
    ဆရာတော့ မပြောတတ်ပါ ၊ ကျနော်ကတော့ နောက် နှစ် ၁၅-၂၀ လောက်ဆို အငြိမ်းစား ယူကောင်းယူရပါတော့မယ် ။ အဲဒီအချိန်လောက်ကျရင်တော့ မြန်မာပြည်မှာ (အသိစိတ်ဓါတ်နဲ့) အင်အားနည်းတဲ့ စာပေ ၊ ယဉ်ကျေးမှုနဲ့ လူမျိုးအချို့လည်း ပျောက်ကောင်းပျောက်နေလောက်ပါပြီ ။
    အဲဒီအချိန်ကျရင်တော့ ကိုယ်ကျိုးအတွက်ကို အာရုံစိုက်ဖို့ ရာခိုင်နှုန်းများတာမို့ ဆရာတင့်လည်း ကျနော့်ကို ပိုရင့်ကျက်လာတဲ့ တရားလေးဘာလေး ဟောနိုင်ညွှန်နိုင်မယ် ထင်ပါရဲ့ ။
    ReplyDelete
  17. ကျနော်လည်း တစ်ခါတစ်လေမှ ပေါ်လာသူကို အတွန်းလွန်သွားသလား မသိဘူး :-)
    ဆရာတင့် သဘောမတူတာရှိရင်တော့ တည့်တည့်သာပြောပါ ၊ ကျနော်လည်း ကြုံတုန်းကြုံခိုက် အားလုံးကို အခြုံငုံလွန်သွားတာမျိုး ရှိကောင်းရှိနိုင်ပါတယ် ။
    အထူးသဖြင့် အပေါ်မှာ ဆိုလိုချင်တာက ဘာသာရေးနဲ့ပတ်သက်လို့ အထိုက်အလျောက် လေ့ထားထားသူအနေနဲ့ လွဲချော် လွန်ကျွံနေသူတွေကို စေတနာရှေ့ထားပြီး တစ်ဖက်တစ်လမ်းက တတ်စွမ်းသမျှ လမ်းညွှန်ပြပေးဘို့ပါ ။ ကျနော်ကိုယ်တိုင်က အားနည်းလို့ ပြောဖို့အားမရှိလှပေမယ့် ဘယ် (လူမျိုး) ဘာသာမှာမဆို ချွန်ထွက်နေသူတွေ ရှိတတ်ကြပြီး ၊ သူ့ရဲ့ပတ်ဝန်းကျင် ဆက်နွယ်နေသူတွေကို ဂုဏ်သိက္ခာကျရုံမက ဒုက္ခပါ ရောက်စေတတ်တာမို့ပါ ။ ပြုတ်မနူး တယူသန်သူများကို ထိပ်တိုက် တရားသွားပြဖို့မျိုးတော့ မဟုတ်ဘူးပေါ့ ဆရာရယ် ။ သင့်တော်မယ် ထင်သလောက်နဲ့ အချက်အလက်လေး ဘာလေးနဲ့မျိုးပေါ့ ။
    မြန်မာပြည်မှာ ကြုံဖူးတာရှိတယ်ဗျ ။ သာမညသွားရာလမ်းရဲ့ အလှူခံတဲ့မဏ္ဍပ်တစ်ခုမှာ သာသနာ့အလံကို မြေထိလုမတတ် ဝှေ့ယမ်းနေတာမျိုးပေါ့ ။ တစ်ကြိမ်မှာတော့ မနေနိုင်တဲ့ ဦးပဉ္ဖင်းတစ်ပါးကတော့ မြတ်မွန်စာစောင်မှာလားပဲ ၊ ဆောင်းပါးရေးထည့်ထားတာ တွေ့မိတယ် ။ အမှန်က အဲဒီအလှူခံဋ္ဌာနက လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့နဲ့ ပတ်သက်နေတယ်လေ ။ ဒါပေမယ့် ပြောသင့်တာကိုတော့ သင့်တော်တဲ့ပုံစံနဲ့ ပြောရမှာပါပဲ ။
    နောက်တစ်ခုကျ ပိုဆိုးတယ် ၊ ကျနော့်နဲ့ပါ နည်းနည်းဆိုင်လာရော ။ ဘားအံမှာပေါ့ဗျာ ၊ မနက် တုံးခေါက်ပြီးမကြာခင်မှာ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့နဲ့ ပတ်သက်တဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းက အော်လံကြီးနဲ့ တရားခွေ ဖွင့်ပါလေရောဗျား ။ ဘာတဲ့ရယ် ...
    “လောကကြီးမှာ ကရင် နှစ်မျိုးရှိတယ် ....
    ပထမတစ်မျိုးက ဗုဒ္ဓဘာသာကရင်လို့ခေါ်တဲ့ ရိုးရိုးကရင်နဲ့
    နောက်တစ်မျိုးက ခရစ်ယာန်ကရင်လို့ခေါ်တဲ့ အလကားကရင်တွေ ဆိုတာပဲ” တဲ့ ။
    ကျနော်လည်း မနက်စောစော ဆူဆူညံညံနဲ့မို့ အိပ်မှုန်စုံမွှားနဲ့ စိတ်မကြည်မလင် ဖြစ်နေရာက မျက်လုံးပါနည်းနည်း ပြူးသွားတယ်ဗျာ ။
    အချုပ်ပြောချင်တာက လောကီသားထဲမှာမှ ၊ မြန်မာပြည်မှာ လောကီသား လာဖြစ်ရတဲ့ ကျနော်တို့မှာ ရင်ဆိုင်ချင်ချင် ရင်မဆိုင်ချင်ချင် ၊ ဘာသာရေး လူမျိုးရေး နိုင်ငံရေး လူမှုရေးတွေထဲက ရေးပေါင်းများစွာသော သပွတ်အူတွေနဲ့ ရင်ဆိုင်နေကြရရာမှာ တစ်ယောက်အားနဲ့မနိုင်လို့ သေဖေါ်ညှိတာပါလို့ပဲ ယူဆနိုင်ပါတယ်ဗျား :-)
    (လုပ်စရာတွေနဲ့မို့ အာရုံစုမရလို့ အဆင်ပြေသလိုပဲ ရေးလိုက်တယ် ဆရာတင့်ရေ)
    ReplyDelete
  18. အော်လံကြီးနဲ့ တဲ့  မဖွင့်လိုက်ပါနဲ့ ဗျာ ။ ကျွန်တော်တောင် မျက်လုံကျယ်သွားပြီ ကိုမန်းပြောတာနဲ့  ။ :P
    ကိုမန်းသိပ်တိုက်တွန်းစရာတော့မလိုပါဘူးဗျာ ။
    ကျွန်တော်က အမေမွေးထဲက ရှည်ရှည်ဗျ ။ ( လျှာပြောတာနော် ) ။ အဲလျှာရှည်မှုနဲ့  ငယ်ငယ်ထဲက လူကြီးတွေ ဆော်ပလော်တီးခံရတာ နဲပါဘူးဗျာ ။
    ကံကောင်းထောက်မစွာနဲ့  အဲလိုရှည်တတ်တဲ့ အကျင့်လေးကိုဘဲ ပျိုးထောင်ပေးတတ်တဲ့  ဆရာသမားကျေးဇူးနဲ့  ခုလောက်ထိ ရပ်တည်နိုင်နေတာဆိုလဲမမှားပါဗျာ ။
    ဒါပေမဲ့  ပြဿနာ တခုကို အဖြေရှာဘို့ ကျတော့ လျှာရှည်တာက အကျိုးရှိပေမဲ့  အများနဲ ကျတော့ အဲလျှာရှည်မှုက သောက်ညင်ကပ်ပုဒ်မ မိတတ်သဗျ။
    အဲတော့ ဆရာသာဓုပြောသလိုပါဘဲ ။
    အဲပါးစပ်နဲ့  သေမှာကြောက်လေတော့ တတ်နိုင်သမျှ ပိတ်ပိတ်ထားရင်း မနေနိုင်လွန်းမှ ဖွင့်မိရပါကြောင်းဗျို့ 
    ReplyDelete
  19. ဒါဆို ဆရာတင့်က ကျနော့်ထက် သာတာပေါ့ဗျ ၊ ကျနော်က ကြီးမှဝက်သက်ပေါက်ပြီး လျှာရှည်လာတာ :-)
    သေမှာတော့ စိုးရိမ်တာပေါ့ ဆရာရယ် ၊ ဒါပေမယ့် တစ်ဖက်မှာလည်း ကိုယ့်နောက်ပေါက်တွေထဲက လုံလောက်တဲ့ အရေအတွက်ကို လှုပ်လို့မရ (မတတ်) တဲ့ ပုံစံခွက်ထဲက ထွက်နိုင်ကြအောင် ၊ တွေးတောကြံဆနိုင်အောင် လမ်းညွှန်ပေးနိုင်ရင်တော့ ၊ ကုသိုလ်ရမရ မသေချာပေမယ့် လက်ရှိမြန်မာပြည် (နဲ့ပတ်ဝန်းကျင်ဒေသတွေ) ရဲ့ ဒုက္ခဆင်းရဲတွေကို လျှော့ချပေးနိုင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်ကလေးနဲ့သာပါ ။ ပါးစပ်ကို ဘယ်အချိန်မှာ ဖွင့်ရမယ်ဆိုတာကို ချိန်ဆရသလို ၊ တခါတရံကျတော့လည်း မတတ်နိုင်ဘူးလေ ကိုယ်မဖွင့်ရင် ဖွင့်မယ့်သူမတွေ့လေတော့ ကွန်မန်ဒိုလုပ် ဖွင့်ထုတ်ရတာပါပဲ ။
    ReplyDelete