ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Tuesday, June 21, 2011

အကျိုးစီးပွား စကားစမြည် (၃) - ပုံပြင် ၊ ဒဏ္ဍာရီ ၊ ယုံတမ်းစ ....

 


     လူတိုင်းရဲ့ဘဝမှာ မတူညီတဲ့ အတွေ့အကြုံကလေးတွေ ရှိစမြဲဖြစ်သလို ၊ အချို့အဖြစ်တွေဟာ
လည်း စိတ်ဝင်စားစရာကောင်းနေတတ်ပါတယ် ။ စိတ်ဝင်စားစရာ ကောင်းချင်မှကောင်းမယ့် အဖြစ်
အချို့ဟာလည်း ကြုံတွေ့ရသူအတွက်ကတော့ တစ်သက်တာမှာ အမှတ်ရစရာတွေအဖြစ် ကျန်
ရစ်နေတတ်ပြန်ပါတယ် ။ တခါတရံကျတော့လည်း စိတ်ကူးယဉ်အိပ်မက်လား ၊ အပြင်မှာ တကယ်
ဖြစ်ခဲ့တာလားဆိုတာ မသဲကွဲတဲ့ ဖြစ်ရပ်တွေဟာလည်း အတွေးကြွယ်သူတွေဆီမှာ ကပ်ညိပြီး ကျန်
ရစ်နေတတ်ပြန်ပါတယ် ။ အဲဒါတွေအထဲက လက်ရွေးစင်တစ်ချို့ကို သင့်တော်အောင် စာအဖြစ်နဲ့
မှတ်တမ်းတင်လိုက်ပါတယ် ။

Sunday, June 19, 2011

အကျိုးစီးပွား စကားစမြည် (၂)




   မကြာမီလေးကဘဲ ဘာမှမသိဘဲ ဝင်ထောက်ခံပါတယ်ဆိုတဲ့ ကိုကိုမောင် (ပန်းရနဲ့) ကြောင့် သူ့ကို
ပြန်ကြားစာရေးရင်း ရှည်လာတာနဲ့ ပို့စ်တစ်ခုလုပ်လိုက်ပါတယ် ။

   ပထမပို့စ်မှာ လိုတာနည်းနည်းကို ဒီမှာဘဲ ရောဖြည့်လိုက်တယ်လို့ သဘောထားနိုင်ပါတယ် ။

#   ကချင်ကိစ္စဟာ တရုတ်နဲ့ပေါင်းလုပ်တဲ့ စီမံကိန်းတွေအပါအဝင် အကျိုးစီးပွားတွေအတွက်လည်း
အပါအဝင် ဖြစ်နိုင်ပါတယ် ။ တိုင်းပြည်ငွေအင်အား နည်းပါးနေတဲ့ကြားက တိုင်းရင်းသားတွေအပေါ်
စစ်ဆင်ရေးကြီးကြီးတွေ လုပ်လာတာဟာလည်း စဉ်းစားစရာပါ ။

Saturday, June 18, 2011

အကျိုးစီးပွား စကားစမြည်




     စီးပွားရေးအကြောင်းလေးတွေ သိသလောက် ပြောကြည့်ချင်တယ် ။

     စီးပွားရေးလို့ စပြောလိုက်တာနဲ့ အခက်အခဲတစ်ခုဖြစ်လာတယ် ။ ပြောချင်တဲ့အကြောင်းက
economy ပါ ၊ ဒါပေမယ့် business ကလည်း စီးပွားရေးလုပ်ငန်း ၊ ကုန်သွယ်မှုလို့ အဓိပ္ပါယ် ဆိုထား
ပေမယ့် သာမန်အရပ်စကားနဲ့ကတော့ စီးပွားရေးလို့ပဲ အဓိပ္ပါယ်ထွက်နေတာမို့ တူသလိုဖြစ်နေလို့ပါ ။

Monday, June 13, 2011

သူတို့တာဝန်အရေးတွေထဲက တစ်ပါး



   ဘားအံမြို့ကနေ အရှေ့စူးစူးကို ၃၅ မိုင်လောက် သွားမိရင် ကော့ကရိတ်မြို့ရှိပါတယ် ။
   အဲဒီသွားတဲ့ လမ်းမအတိုင်း ဘားအံကထွက်လာရင် ရွာကလေးတွေ အများကြီးရှိပေမယ့် ပထမဆုံး
သတိထားမိနိုင်တာကတော့ ၁၂-၁၃ မိုင်လောက် အကွာက အိန္ဒုရွာကြီးပါ ။ ဒီရွာက ဒုံးယိမ်းအဖွဲ့ဟာ
ကရင်ပြည်နယ်နေ့တိုင်း ဝင်ပြိုင်လေ့ရှိပြီး အကကောင်းတယ်လို့လည်း နာမည်ရှိပါတယ် ။ (မှတ်မိသမျှ
တော့ တစ်ခါမှ ပထမဆု မရဘူးတာကလွဲရင်ပေါ့လေ) ။

Wednesday, June 8, 2011

အလိမ် လွန်လေသောအခါ




   သတင်းတွေ လိုက်ပြေးကြည့်ရင်း မျက်စိစူးစရာတစ်ခု ဝင်လာတယ် ။

   ဆီးရီးယားက လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ခြုံခိုအတိုက်ခံရတယ်ဆိုတဲ့ သတင်းပါ ။ လူ ၄၀ ကျော်သေ
တယ်ဆိုတဲ့ ဒီဖြစ်ရပ်ဟာ တရားဝင်ကြေငြာချက်မှာ မကြာခင် ၁၂၀ ဖြစ်သွားပြန်ပါတယ် ။ အစိုးရက
နေပြီး ဒါကို ပြင်းပြင်းထန်ထန်တုံ့ပြန်မယ်ဆိုလို့ ပြေးသူတွေလည်း ပြေးနေကြပါပြီ ။ အစိုးရဆန့်ကျင်
တဲ့လူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ဖို့ကို တရားဝင်ဖြစ်အောင် လုပ်ဖို့ပြင်ဆင်တာလို့ အချို့
ကဆိုပါတယ် ။ တဖက်ကတွေးရင်လည်း ဒီလောက်တောင်အထိနာသွားတဲ့ လက်နက်ကိုင်တပ်ဖွဲ့
အတွက် အင်မတန်ခံပြင်းဖို့ကောင်းပြီး လက်တုန့်ပြန်တာဟာ သဘာဝကျတယ်လို့ ရုတ်တရက်မြင
ကြဖို့လည်း ရှိနိုင်ပါတယ် ။

Tuesday, June 7, 2011

ကြော်ငြာမို့ အော်ပါသဗျို့ ၊



  
     ဒီပို့စ်မှာ ကရင်အမျိုးသားတွေထဲ စွန့်ဦးတီထွင် လုပ်ငန်းရှင်ဖြစ်ဖို့ ကြိုးစားနေသူတွေထဲက “ထူးစေး”
ရဲ့ ကြိုးပမ်းချက်တစ်ခုကို မိတ်ဆက်ပေးချင်ပါတယ် ။

     သူ့ရဲ့ လပေါင်းများစွာ အားထုတ်ခဲ့ပြီးတဲ့နောက် ၊ ထွက်ရှိလာခဲ့တဲ့ (စကော) “ကရင် - အင်္ဂလိပ်”
စကားပြော စာအုပ်ဟာ အောက်မှာပါတဲ့ပုံတွေအတိုင်း တွေ့ရနိုင်ပါတယ် ။ အခြေခံ အင်္ဂလိပ်စကား
ပြောအဆင့်ကို သေသေသပ်သပ် ကြိုးပမ်းပေါင်းစုချက်တွေနဲ့ လုပ်ကိုင်ထားရာမှာ A4 size စာအုပ်နဲ့
ထည့်စရာအိတ်/ဖိုင် ၊ native speakers တွေနဲ့ အသံသွင်းထားတဲ့ CD ချပ် ၊ ပလပ်စတစ်လောင်း
ထားတဲ့ A, B, C, D ကရင် - အင်္ဂလိပ် ရုပ်စုံစာရွက် ၊ ပလပ်စတစ်လောင်းထားတဲ့ ကရင်-အင်္ဂလိပ်
ပြက္ခဒိန် ၊ နိုင်ငံတကာမှတ်ပုံတင်နံပါတ် (ISBN) တွေပါတာကို တွေ့ရနိုင်ပါတယ် ။

Saturday, June 4, 2011

သွားရာ ၊ လားရာ ၊ လေနှင်ရာ ၊ ရောက်ရှိရာ


    အချို့က ဒီကနေ့ ကမ္ဘာပေါ်မှာ လူတွေဟာ ယဉ်ကျေးမှုထုံးတမ်းတွေကို စွန့်ပယ်ပြီး ရုပ်ဝတ္ထုတွေကို
ရှေ့တန်းတင်လာကြတယ်လို့ ယုံကြည်ကြပါတယ် ။ တနည်းအားဖြင့် လူမှုရေးနဲ့ ထုံးတမ်းဓလေ့တွေမှာ
ယိုယွင်းပျက်စီးတဲ့ဘက်ကို ဦးတည်လာတယ်လို့ ဆိုချင်တာပါ ။ မှန်တယ်လို့ ထောက်ခံမှု ပေးတဲ့ ကိစ္စ
ရပ်တွေ အများကြီးရှိသလို ၊ သမိုင်း ၊ အတိတ်အရိပ်နဲ့ လူသားတွေထားရှိ ခဲ့ကြတဲ့ ယဉ် ကျေးမှုဓလေ့
နဲ့ လူ့တန်ဖိုးတွေ ရှိနေ ကျန်နေတုန်းပဲဆိုတာကို ထင်ဟပ်တဲ့အဖြစ်တွေကိုလည်း မြင်နေရပြန်ပါတယ် ။

Sunday, May 29, 2011

ဘရိတ်အုပ်ထားမယ် စောလားပွယ်





     ဒီတစ်ခါတော့ မနှစ်ကစပြီး မြဝတီ ၊ ဘုရားသုံးဆူကိစ္စတွေနဲ့ ရေပန်းစားလာခဲ့တဲ့ DKBA အဖွဲ့နဲ့
ခေါင်းဆောင်ဖြစ်သူ စောလားပွယ်တို့နဲ့ပတ်သက်လို့ နည်းနည်းရေးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ် ။
အချို့ကိစ္စတွေမှာ ပြောဖို့စောသေးပေမယ့် အချို့နေရာမှာတော့ အချိန်အတိုင်းအတာအရ နည်းနည်း
ရုပ်လုံးပေါ်လာပြီမို့ ရေးသင့်တယ်လို့ ယူဆမိလို့ပါ ။

Saturday, May 21, 2011

မှတ်ချက် ~ ဗမာတွေဆီမှာ ပြဿနာနည်းနည်းလေးရှိနေတယ် ။


     ကိုယ့်ပေါင် ကိုယ်လှန်ထောင်းလာတာလည်း များပြီဗျာ ၊ ကျိန်းများလည်း ကျိန်းနေပြီ ။
     ဒီတော့ ဗမာတွေအကြောင်း နည်းနည်းပြောမယ်ဗျား ၊ ခွင့်လွတ် ။
     ကိုယ့်ဆန်ရင်းတုန်းက နာနာထောင်းလို့ ငါတို့ဖက်တော့ လှည့်ကြိတ်ပြီကွလို့တော့ မထင်လိုက်
ပါနဲ့ဦး ၊ သာသာလေးပါ ...

ကျနော် ရှေးရိုးစွဲ အဖိုးကြီး




     ခေါင်းစဉ်ကြည့်ပြီး သိပ်လန့်မသွားကြဖို့ စကားအရင်ခင်းပါရစေ ။

     နောက်ထပ်တစ်ခါထပ်ပြီး မလန့်ဖို့ ထပ်ပြောချင်ပါတယ် ။
     ဘာကြောင့်လည်းဆိုတော့ ကျနော့်ပါးစပ်မှာ ယားနာပေါက်နေလို့ပါ ။

     တကယ်ပါ ၊ ယားနာဆိုတဲ့အတိုင်း မတည့်တဲ့ဓါတ်ပစ္စည်းတွေနဲ့ ထိမိတွေ့မိရင် ပိုယားတတ်ပါ
တယ် ။ အထူးသဖြင့် မျက်စိထဲကို မသင့်တော်တာတွေဝင်သွားရင် တခါထဲရှော့ခ်ဖြစ်သလို ဦးနှောက်
က ဓါတ်ပစ္စည်းတွေ ဘုံးဘောလအောထွက်လာပြီး ပါးစပ်ကယားလာပါတော့တယ် ။ အမြဲမဖြစ်လို့
သာ တော်တော့တယ် ။

Tuesday, May 3, 2011

စိတ်ကြိုက် မြန်မာ့အရေး အမြင်တစ်ခုကို ဆားချက်ခြင်း

 
 
 
 
     ကျနော် သဘောကျမိတဲ့ စာတစ်စုကို ဖေ့ဘွတ်ကနေကူးပြီး ပို့စ်အဖြစ် တင်လိုက်ပါတယ် ။
ပထမတော့ လင့်လောက်ပဲချိတ်ပြီးညွှန်မလို့က မူရင်းနေရာရှာမရတာမို့ ခုလိုလုပ်လိုက်ရတာပါ ။
ဒါ့ပြင် ကွန်မန့်လာပေးကြတာတွေထဲက အကျိုးရှိမယ် ထင်တာလေး တချို့တဝက်ကိုလည်း သီး
သန့်ကွန်မန့်တွေအဖြစ်နဲ့ အောက်မှာ ပြန်ဖေါ်ပြပေးလိုက်ပါတယ် ။ ရေးသူက ဦးရော်နီညိမ်းဖြစ်
ပြီး ရဲသူရိန်မင်းရဲ့ ဖေ့ဘွတ်စာမျက်နှာကနေ ကူးယူထားတာ ဖြစ်ပါတယ် ။
                         ................................................................

မြန်မာ့အရေး ကမ္ဘာ့အရေးတွေကို မူကြိုကနေ ကျောင်းပြန်တကကြပါ (ဦးရော်နီညိမ်း)

Sunday, May 1, 2011

R.I.P ကိုNai Pe

     တွေ့ ၊ ဆုံ ၊ ကြုံ ၊ ကွဲရတဲ့ သဘာဝကို မလွန်ဆန်နိုင်ကြတဲ့ ဘဝမှာ ၊ အပြင်မှာ ဘယ်လိုမှ မဆက်
စပ်ဖူးခဲ့ပေမယ့် အွန်လိုင်းပေါ်မှာ တွေ့ဆုံခဲ့ရတဲ့ ဘကျောက်ကတော့ သူ့ရဲ့ရုပ်ခန္ဓာကို ထားရစ်ခဲ့ပါပြီ ။

   စိတ်ဝင်စားစရာအရေးအသားနဲ့ စုံလင်တဲ့အတွေ့အကြုံတွေကို ပေါင်းစပ်ပြီး ၊ ဘလော့ဂါအများစုနဲ့
စာလိုက်ဖတ်သူ အတော်များများကို ဆွဲဆောင်ရေးသားနိုင်ခဲ့တယ်လို့ ပြောလို့ရနိုင်မယ့် Nai Pe (ခေါ်)
ဘကျောက် (ခေါ်) အန်ကယ်နိုင် မရှိတော့တာမို့သူချန်ထားခဲ့တဲ့ ဘလော့ပို့စ်တွေထဲက ကျနော့်ရဲ့ပန်
ကြားချက်ကို တကူးတက ထည့်ရေးပေးခဲ့တဲ့ ပို့စ်လေးတစ်ပုဒ်ကို အမှတ်တရအနေနဲ့ ပြန်ဖေါ်ပြပြီး ပို့စ်
ကလေးတစ်ခုအဖြစ် တင်လိုက်ပါတယ် ။

R.I.P ပါ ဘကျောက် ။


 ငှက်မသိတော့ ဇရက်ကို ဘဲထင်