ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Tuesday, August 2, 2011

ဂျူလိုင်လ မှတ်တမ်း (၂)


မပြည့်စုံတဲ့ အတွေး

   ရှေ့ကပို့စ် “အကျိုးစီးပွား စကားစမြည် (၂)မှာ မြန်မာကျပ်ငွေ မာနေဟာနဲ့ပတ်သက်လို့ အထင်
ကို ရေးခဲ့ရာမှာ မကြာခင်ကတွေ့ရတဲ့ ကိုဘိုဘိုလန်းစင် ဘလော့က ဆောင်းပါးတစ်ပုဒ်ကြောင့် ကိုယ့်
လွဲချော်မှုကို မြင်လာတယ် ။

   အရင်ပို့စ်ထဲမှာ ဘဏ်တိုးနှုန်းနဲ့ပတ်သက်လို့ ထည့်ရေးခဲ့ပေမယ့် အခရာ ကျတဲ့နေရာကို မထားခဲ့
မိဘူး ။ အခုဒီဆောင်းပါးဖတ်မှ မြန်မာပြည်ရဲ့ ပြည်ပနဲ့မတူတဲ့ မြင့်မားတဲ့အတိုးနှုန်ကို ပြန်သတိရလာ
တယ် ။ အခြားနိုင်ငံတွေဆီမှာ ၅% ကနေ ၇% အထိ ရနိုင်တဲ့ဘဏ်တိုးနှုန်းဟာ မြန်မာပြည်မှာ ၁၀
- ၁၂% ဝန်းကျင်လောက်ရှိတာကြောင့် အတော်မက်စရာပါ ။ ဘဏ်ဖျက်သိမ်းနိုင်ခြေကို သတိထား
ဖို့နဲ့ အချိန်မရွေး ငွေပြန်ထုတ်နိုင်ဖို့ ကြပ်မတ်နိုင်ရင် ဘာမှတောင်လုပ်စရာမလိုပဲ ငွေဝင်နေမယ့် အ
ကွက်ပါပဲ ။ ငွေမရင်းတတ်တဲ့ ပေါပေါလောလောရသူတွေက ငွေတွေကို ပြင်ပထုတ်နေချိန်မှာ စီး
ပွားရေးနပ်သူတွေက မြန်မာငွေတွေ အလုံးအရင်းနဲ့ ဘဏ်ထဲပြန်ထိုးထည့်မယ် ။ ဒီမှာတင် အဝင်က
ပိုများနေပြီး အတုအယောင် ငွေကြေးခိုင်မာမှုတွေ ဖြစ်နိုင်ချေရှိလာပါတယ် ။ ထပ်မရှည်တော့ပါဘူး ၊
ထပ်ရှည်လို့ ထပ်မှားရင် ထပ်ကားနေပါဦးမယ်  :-)

    အောက်မှာက သက်ဆိုင်တဲ့ စာပိုဒ်လေးကို ဖြတ်ထည့်ထားပါတယ် ။

   “၅။ အပေါင်ဆိုင်တွေရဲ့ အတိုးနှုန်းကို ချလိုက်တယ်ဆိုတဲ့ ကြေငြာချက်နဲ့အတူ ဘဏ်တိုးတွေ
လျှော့ချတော့မယ်ဆိုတဲ့ ကောလဟာလလည်း အတော်လေး ညံစီလာတယ်။ ဘဏ်တွေက စိတ်
ဝင်တစားနားစွင့်နေကြတယ်။ စီးပွားရေးသွက်လာအောင် ဗဟိုဘဏ်တွေဟာ ဒီလိုပဲ ဘဏ်တိုးနှုန်း
တွေကို အတိုးအလျှော့လုပ်တတ်ကြတယ်။ ဘေးပတ်လည် နိုင်ငံတွေက ၄%ကနေ ၅%ပဲ ဘဏ်
တိုးရှိတဲ့အချိန်မှာ ကျွန်တော်တို့နိုင်ငံက စုငွေအပေါ် ၁၂%ပေးပြီး ချေးငွေအပေါ် ၁၇%ကောက်ခံ
နေတာ အတော်ကြာပြီကိုး။ ဒီအတွက် အိမ်နီးချင်းတွေဆီက ချေးငွေရယူခွင့်ရှိသူတွေဟာ ပြည်
တွင်းငွေကြေးဈေးကွက်မှာ ၀င်ရောက် ရင်းနှီးမြှုပ်နှံမှုတွေ ငွေကစားမှုတွေ လုပ်နေတယ်လို့ တချို့
က ကောက်ယူလာကြတယ်။ ၂၀၀၉-၂၀၁၀ စစ်တမ်းအရ မြန်မာပြည်တွင်းကို အမေရိကန်ဒေါ်လာ
၂၀ ဘီလီယံ ၀င်ရောက်လာတယ်လို့ဆိုတယ်။ ဒီပမာဏဟာ ဒေါ်လာဈေးကျဖို့ လုံလောက်တဲ့
ပမာဏဖြစ်တယ်။ ဒါကို ကုစားဖို့အတွက်ရယ် စီးပွားရေးသွက်လာဖို့အတွက်ရယ် စုငွေတွေ လျော့
သွားဖို့နဲ့ လုပ်ငန်းရှင်တွေကို ချေးငွေအတိုးချပေးဖို့ လိုအပ်တယ်လို့ တချို့က ယူဆလာပုံရတယ်။
ဒီအတွက် ဘဏ်တိုးတွေ လျှော့တော့မယ်ဆိုတဲ့ အသံဟာ တော်တော်လေး မြည်လာတယ်။ ဘဏ်
တိုးတွေ လျှော့တာဟာ စုငွေအတိုး ၁၂% ကနေ ၁၀% လောက်ဆိုရင် ဈေးကွက်ကို သိပ်လှုပ်နိုင်
မယ် မဟုတ်ဘူး။ ဒီထက် ပိုရင်တော့ ဈေးကွက်ထဲ လှုပ်လှုပ်ရှားရှားတွေ မြင်ရလိမ့်မယ်။”
(မင်းအိုချမ်းသာ- ဘိုဘိုလန်းစင်ဘလော့) (၂၇ ၊ ၀၇ ၊ ၂၀၁၁)

အသည်းချေ စကားလုံးတွေ




   မကြာခင်ကပဲ ဖေ့စ်ဘွတ်ခ်ထဲမှာ ကချင်တပ်တွေဖမ်းထားတဲ့ ပြည်မတပ်သားတစ်ယောက်ပုံကို
တွေ့ရတယ် ။ ရိုက်နှက်နှိပ်စက်ထားပုံမပေါ်သလို သတင်းထဲ ဓါတ်ပုံကြီးပါလာပြီးမှ စစ်သုံ့ပန်းတစ်
ယောက်ကို အဆုံးစီရင်စရာလည်း မရှိပါ ။ လာဖတ်သူအများစုကတော့ ဒီသုံ့ပန်းအတွက် အကောင်း
ဆုံး ဖြစ်စေချင်ကြပါတယ် ။ မှန်ပါတယ် ၊ ကျနော်လည်း သူတို့နဲ့ စိတ်တစ်ထပ်တည်းနီးပါးပါပဲ ။

   လူဖြစ်လာကြတော့လည်း တွေ့ဆုံကြုံကွဲကြရတာ ဓမ္မတာပါ ။ တည့်တည့်ပြောရင် ဘယ်လက်
နက်ကိုင်အဖွဲ့မှာမဆို စစ်သားလုပ်ပြီဆိုမှတော့ ဒဏ်ရာရ သေကြေကြမှာ ဗေဒင်မေးစရာမလိုပါ ။
နဲ့ချီပြီး မိသားစုဆွေမျိုးတွေနဲ့ ကွဲကွာနေရတာမျိုးလောက်တော့ စာမဖွဲ့လောက်ပါ ။

   ဒါပေမယ့် စိတ်ကိုနောက်ကျိစေတာက စစ်တပ်ကလွဲရင် အခြားလူတွေကို ဒုတိယတန်းစား လူ
သားတွေလို ၊ ပြည်မစစ်တပ်ကလွဲရင် ကျန်တဲ့လက်နက်ကိုင်တွေဟာ ခိုးဆိုးလုယက်သောင်းကျန်း
နေကြတာပါလို့ မျက်လုံးမှိတ် ပြောနေတာမျိုး ရေးသားပြောဆိုချက်တွေပါ ။ တကယ်တန်း စစ်တပ်
ရဲ့ဒဏ်ကို တိုက်ရိုက် ခံစားကြသူတွေအတွက်တော့ အလွတ်စော်ကားချက် ၊ အသည်းကို ဒါးနဲ့မွန်း
ပြီး ဆားနဲ့သိပ်တဲ့ မဆင်မခြင်ပြောဆို ချက်တွေပါပဲ ။

   အကျဉ်းရုံးပြောရရင်တော့ ကျနော်ဘားအံမှာ ကြီးပြင်းလာသမျှကာလပတ်လုံး (အနှစ် ၃၀ ကျော်
ကာလအတွင်း) စစ်တပ်က တိုက်ပွဲမှာ သူပုန်ဖမ်းမိလာတယ်လို့ တစ်ခါဘူးမှ မကြားဖူးပါဘူး ။ ဘာ
ဖြစ်လို့လဲ ဆိုတာတော့ ပြောပြဖို့လိုတော့မယ် မထင်ပါ ။ သူပုန်တွေကကော သိပ်ကောင်းနေသလား
မေးရင် ၊ ကောင်းလွန်းလှတယ်လို့ အမွန်းမတင်ပါရစေနဲ့ ၊ ဒါပေမယ့် ပြည်မတပ်ထက် စည်းစောင့်
တယ် ဆိုတာတော့ သေချာပါတယ် ။ ခုနောက်ပိုင်းလို သတင်းကဏ္ဍတွေ ပွင့်လင်းလာတဲ့ကာလမှာ
သတင်းဖတ်သူတိုင်း သတိထားမိကြမှာပါ ။

   ဒီတော့ တွေးမိပါတယ် ၊ အဲဒီလို ကိုယ်ချင်းစာစိတ် ကင်းမဲ့နေတဲ့သူတွေနဲ့ အာဏာချုပ်ကိုင်
ထားသူတွေကို ၊ လက်တွေ့ခံစားရတဲ့ဘက်ကို ပို့ထားလိုက်မယ်ဆိုရင် ၊ ပြည်တွင်းစစ်တို့ တိုင်း
ရင်းသားကိစ္စတို့ ဒီမိုကရေစီကိစ္စတို့ဆိုတာ မနက်ဖြန် နေ့မကူးခင် မြန်မြန်ကြီးကို အဆင်ပြေ
သွားနိုင်စရာ ရှိမှာပဲလို့ပါ ။ (၂၇ ၊ ၀၇ ၊ ၂၀၁၁)

ဂျူလိုင်လ မှတ်တမ်း (၁)


မှုန်ရီဝိုးဝါး သတင်းများ

   ၂၄ ရက်နေ့တုန်းက သြစတြေးလျနိုင်ငံ ၊ ဘရစ်စ်ဘိန်းမြို့က ကရင်အမျိုးသား “မွန်းဆာ” ဆိုသူ
ကနေ ၊ စစ်တပ်ထောက်လှမ်းရေးရဲ့ အသုံးချတာကို ခံခဲ့ရဖူးပြီး ၊ လူ ၄-၅၀ သေဆုံးမှုမှာ ပါဝင်ပတ်
သက်နေခဲ့ကြောင်း ဝန်ခံလိုက်ပြန်ပါပြီ ။ ဒီလိုမျိုးတွေရှိခဲ့တာ သိထားကြပေမယ့် ခုတော့ သက်သေ
ခံမယ့်သူ ပေါ်လာတာမို့ အတည်ပြုပေးတဲ့ လုပ်ရပ်တစ်ခုပေါ့ ။

   သတင်းထူးပေမယ့် ၊ လူ ၁၀၀ ဝန်းကျင် သတ်ဖြတ်ခဲ့ရာမှာ တာဝန်ရှိခဲ့ပါတယ်ဆိုတဲ့ ကိုထူးထူး
ဟန်ရဲ့ နောက်ဆက်တွဲသတင်းလို ဖြစ်နေတာတစ်ကြောင်း ၊ နော်ဝေးက လူ ၉၀ ကျော်သေစေခဲ့
တဲ့ လက်ယာစွန်းရောက် လူသတ်သမားတစ်ယောက်ရဲ့ အကြောင်းကလည်း အရှိန်အဝါကြီးတာ
တစ်ကြောင်းကြောင့် အထင်မရှား မြုပ်သွားပါတယ် ။ သြစတြေးလျနိုင်ငံသားတစ်ယောက်ရဲ့ နှစ်
တစ်ရာအတွင်း ပထမဦးဆုံး ပြင်သစ်စက်ဘီးပြိုင်ပွဲမှာ အောင်ပွဲခံနိုင်တာနဲ့ တရုတ်ကျဉ်ဆံ ရထား
တိုက်တဲ့ သတင်းမျိုးတွေကြောင့် မြန်မာသတင်းကတော့ မျက်နှာငယ်ပြီး အရေးစိုက် သိပ်မခံရ
တော့ပါဘူး ။ ဘာပဲဖြစ်ဖြစ် သတင်းဌာနတွေရဲ့ စိတ်ဝင်စားမှု နည်းနည်းပဲ ခံရပေမယ့် ၊ မြန်မာ
သိုင်းအဝိုင်းအတွက်တော့ အကောင်းဖက်ဦးတည်ဖို့ မျှော်လင့်ရတာပါပဲ ။ ကိုထူးထူးဟန်အင်တာ
ဗျူးကို နားထောင်ကြည့်တဲ့အခါ ၊ အထစ်အငေါ့ ဇဝေဇဝါမရှိလှပဲ ဖြေသွားတာကို နားထောင်
လိုက်ရပါတယ် ။ ဒါကိုထောက်ရင် သူဟာ နာမည်ကြီးအောင်လုပ်တယ် ၊ အကွက်ဆင်တယ်လို့
စွပ်စွဲမယ်ဆိုရင်တောင် အတော်ကလေး စီစဉ်အကွက်ချတဲ့ လုပ်ရပ်လို့ သဘောတူကြရမှာပါ ။

   မွန်းဆာနဲ့ပတ်သက်လို့ ကရင်အမျိုးသားတစ်ယောက်အနေနဲ့ ဒီလို လူရှေ့သူရှေ့ထွက် ဝန်ခံဖို့
ဆိုတာ ၊ အင်မတန် စဉ်းစားဆုံးဖြတ်ရခက်မယ့်အလုပ်ပါ ။ မဟုတ်မမှန်လုပ်ကြံတယ်လို့ စွပ်စွဲဖို့
ထက် ၊ ကရင်နဲ့ မြန်မာပြည်သူပြည်သားအသိုင်းအဝိုင်းမှာ သူ့လိုလူတွေကို ဘယ်လိုရင်ဆိုင်ဆက်
ဆံလက်ခံမလဲဆိုတာ ဆွေးနွေးဖလှယ်ဖို့ ပြင်ဆင်သင့်တယ်လို့ ယူဆပါတယ် ။ ကျနော့်တစ်ယောက်
ထဲအမြင်ကတော့ ဒီလို ကိုယ့်လိပ်ပြာ ကိုယ်သန့်အောင် လုပ်ချင်ကြသူတွေ ရှိနိုင်ပါသေးတယ် ။ သူ
တို့တွေကို တွန်းကန်ဖယ်ထုတ်မယ့်အစား သူတို့ရဲ့ မသက်ဆိုင်တဲ့ မိသားစုဝင်တွေနဲ့ အမှန်ကိုဝန်ခံ
တောင်းပန်ရဲတဲ့ စိတ်ဓါတ်တွေအပေါ် အသိအမှတ်ပြုပြီး အသိုင်းအဝိုင်းထဲမှာ သင်္ခန်း စာယူနိုင်ဖို့ ၊
နောက်ထပ်မျက်ရည်တွေကို တားဆီးနိုင်ဖို့ကို နည်းလမ်းအစီအစဉ်တွေ ရှာကြံလုပ်ကိုင်သင့်တယ်
လို့ ယူဆပါတယ် ။ တစ်ခုပဲ စိတ်ထဲခုမိတာက AKO (Australian Karen Organisation) ကနေ
မွန်းဆာရဲ့ပြော ဆိုချက်ကို လျင်လျင်မြန်မြန် အကြောင်းပြချက် လုံလုံလောက်လောက်မပြောပဲ မ
ဖြစ်နိုင်ဘူးလို့ ငြင်းဆိုချက်ပါပဲ ။ အချင်းချင်း ဆွေးနွေးတိုင်ပင် ချိန်ဆမှုတွေ လုပ်ခဲ့ကြရဲ့လားလို့
တောင် သံသယဝင်မိပါတယ် ။ (၂၇ ၊ ၀၇ ၊ ၂၀၁၁)
--------------------------------------------
   ခုတော့ နောက်ထပ်နှစ်ယောက်ကနေ သူတို့ဟာ ထောက်လှမ်းရေးဟောင်းတွေပါလို့ ထပ်ပြီး ဝန်ခံ
လာခဲ့ကြပါပြီ ၊ “မောင်” ဆိုသူ ၅၇ နှစ်ရှိပြီဖြစ်တဲ့ တပ်ကြပ်ကြီးအဆင့် တစ်ယောက်နဲ့ ကိုစိုးအောင်ဆို
သူ နောက်တစ်ယောက်တို့ ဖြစ်ပါတယ် ။ ဗမာလို သတင်းအင်္ဂလိပ်လို သတင်း
   မြန်မာအသိုင်းအဝိုင်းအနေနဲ့ ဘယ်လို ရင်ဆိုင်ကြမလဲ ?
   ဘာမှ မရှိ ၊ မဖြစ်ခဲ့ဖူးလို့ မျက်စိမှိတ်ငြင်းမလား ၊ အရှိအရှိအတိုင်း လက်ခံပြီး အကောင်းဆုံးအဖြေ
ထွက်အောင် ရင်ဆိုင်ဖြေရှင်းသင့်တယ်လို့ မြင်ပါတယ် ။ တဖက်မှာလည်း အားလုံးကိုယုံပြီး ပုံအပ်စ
ရာ မလိုသလို ၊ ပြန်ပြင်လို့ မရတာတွေအတွက် အာဃာတတွေကို တတ်နိုင်သမျှဘေးဖယ်ထားသင့်
တယ်လို့ ထင်မိပါတယ် ။ (၀၂ ၊ ၀၈ ၊ ၂၀၁၁)
---------------------------------------------

အမည်းရောင်အလင်းတန်း

   ဒေါ်စုနဲ့ အရပ်သားတဖြစ်လဲ ဦးအောင်ကြည်တို့ရဲ့ဆွေးနွေးပွဲကို ကြားရ ဖတ်ရပါတယ် ။
   ပြောကြထောက်ကြတာတွေနဲ့ အမြင်ကိုပြောရရင်တော့ မေးခွန်းတွေ အများကြီးဖြစ်နေပါတယ် ။

*  ဘာလို့ ဒေါ်စုကို အဖေါ်မပါပဲ တစ်ယောက်ထဲခေါ်တွေ့တာလဲ ။
ဦးအောင်ကြည်ဟာ ဒေါ်စုနဲ့တွေ့ဖို့ သင့်တော်တဲ့ နေရာမှာရှိရဲ့လား ။
ဆွေးနွေးပွဲနဲ့မတိမ်းမယိမ်း အာဆီယံစည်းဝေးကို လက်ခံကျင်းပဖို့ ပြင်ဆင်တာတွေဟာ တိုက်
    ဆိုင်မှုတစ်ခုပဲ လား ။
*  အခုတွေ့ဆုံပွဲဟာ ၁၀ ကြိမ်မြောက်ပါပြီ ။ ထူးထူးခြားခြား ဘာမှမကြားရပဲ ဒေါ်စုရဲ့ နိုင်ငံရေးအ
ကျဉ်းသားတွေကို ဓါးစာခံလုပ်ထားတာလား ဆိုတဲ့အသံပဲ အပြင်အထိလျှံထွက်လာခဲ့ပြီး ခပ်တင်း
တင်းမျက်နှာနဲ့ သတင်းထောက်တွေရှေ့မှာ နေပြတာဟာ သိပ်တော့အားရစရာ အဖြေရှိမယ်လို့
အဓိပ္ပါယ်မထွက်ပါဘူး ။ တဖက်မှာလည်း အခင်းအကျင်းတွေကိုကြည့်တော့ လက်ရှိအာ ဏာပိုင်
တွေရဲ့ “နင်းကွက်”က “အရှင်”ဖြစ်အောင် လုပ်ထားသလို မြင်မိတယ် ။ စကားတွေကို ဗလောင်း
ဗလဲလုပ်လို့လွယ်အောင် ရှေ့တိုးနောက်ဆုတ်လို့ လွယ်မယ်ထင်တဲ့အနေအထားမျိုး ဖန်တီးထားပြီး
အရင်လောက် ဗြောင်လိမ်တယ်လို့ အပြောမခံရအောင် ပြင်ဆင်ထားတာနဲ့ ပိုနီးစပ်ပုံပေါက်ပါတယ် ။

   ဒီတော့ အရေခွံလဲထားတဲံ အာဏာကိုင်ထားသူတွေပေးတဲ့ မျှော်လင့်ချက် အလင်းရောင်တန်း
ကလေးကိုတော့ဖြင့် “အမည်းရောင် အလင်းတန်း” လို့ပဲ နာမည်ပေးလိုက်ချင်တယ် ။
(၂၇ ၊ ၀၇ ၊ ၂၀၁၁)
----------------------------------------
   ဒီအခြေအနေဟာ အင်အားကြီးတဲ့ဖက်က ဖြစ်အောင်ဖန်တီးထားတာဖြစ်လို့ တကယ်စိတ်ဆန္ဒ
ရှိရင် မီးခိုးရောင်ကနေတဆင့် အဖြူရောင်ပြောင်းသွားအောင် လုပ်လို့ရပါတယ် ။ လုပ် မလုပ်က
တော့ စောင့်ကြည့်ရဦးမှာပါ ။ (၀၂ ၊ ၀၈ ၊ ၂၀၁၁)


မန်းကိုကို
၀၂၊ ၀၈ ၊ ၂၀၁၁

No comments:

Post a Comment