ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Sunday, July 31, 2011

International Trade – Certificate IV မိတ်ဆက်



     အခုတင်ပြမှာကတော့ သြစတြေးလျနိုင်ငံ Swinburne တက္ကသိုလ်က စီစဉ်သင်ကြားတဲ့
International Trade – Certificate IV သင်တန်းပဲဖြစ်ပါတယ် ။ Inernational Business
Diploma ရဲ့ ပထမအစိတ်အပိုင်း တစ်ရပ်ဖြစ်ပြီး ၊ သင်တန်းကာလ ၆ လ ကြာမြင့်ပါတယ် ။ ဒုတိ
ယ ၆ လမှာတော့ ဒီပလိုမာ အစိတ်အပိုင်းဖြစ်ပြီး ဒီသင်တန်းဟာ အမြန် (fast track) သင်္ခန်းစာ
အဖြစ် ၁ နှစ်စာ အတိုချုံးထားတာ ဖြစ်ပါတယ် ။ RMIT နဲ့ Victoria University တို့လို တက္က
သိုလ်မျိုးတွေမှာတော့ ၁ နှစ်ခွဲကြာ တက်ရောက်သင်ကြားရမှာ ဖြစ်ပါတယ် ။ အဲဒီကတစ်ခါ
နောက်ထပ် လေ့လာသင်ကြားချိန် ၆ လ ထပ်ပေါင်းပြီး Advance Diploma of International
Business ကို အပြီးသတ်တက်ရောက်လို့လည်း ရပါသေးတယ် ။

     ဒီသင်တန်းကို ပြီးစီးတဲ့အခါမှာ ၊ Swinburne တက္ကသိုလ် ပင်မစီးပွားရေးဘွဲ့သင်တန်းဖက်
ကူးပြောင်းမယ်ဆိုရင်တော့ တက်ရောက်မယ့် ဘာသာရပ်ခွဲတွေအပေါ်မူတည်ပြီး ဒီပလိုမာပြီးစီး
သူတွေအတွက် ၁ နှစ်နဲ့ အဆင့်မြင့်ဒီပလိုမာ ပြီးစီးသူတွေအတွက် ၁ နှစ်ခွဲအထိ ကင်းလွတ်ခွင့်
(exemption) ရနိုင်ပြီး တက္ကသိုလ်မှ ဘွဲ့ရဖို့အတွက် နောက်ထပ် ၃ နှစ် အပြည့်တက်စရာ မလို
တော့ပဲ ၊ ၁ နှစ်ခွဲ ၂ နှစ်လောက်နဲ့ ကျောင်းပြီးနိုင်ပါတယ် ။ ဒီသင်တန်းရဲ့ အားသာချက်တစ်ခု
ကတော့ TAFE (Technical and Further Education) လို့ခေါ် တဲ့ အသက်မွေးဝမ်းကျောင်း
သင်တန်းတစ်ခု ဖြစ်တာကြောင့် လေ့လာသင်ကြားမှုတွေမှာ တက္ကသိုလ်တွေလို မဟုတ်ပဲ ၊ ဆ
ရာ ဆရာမတွေကနေ လက်တွေ့အသုံးချနိုင်တဲ့ဖက်တွေမှာ အာရုံစူးစိုက်နိုင်ဖို့ အနီးကပ်သင်
ကြားပေးတာကြောင့် လုပ်ငန်းခွင်အတွက် အဆင်သင့်ပိုဖြစ်နိုင်တာပါပဲ ။

     ဒီသင်တန်းမှာ ပါဝင်သင်ကြားပေးတဲ့ ဘာသာရပ်တွေကတော့ အောက်ကအတိုင်းပါ ။

(၁)   KBINT401B      Research International Business Opportunities (နိုင်ငံတကာ
                              စီးပွားရေးလုပ်ငန်း အခွင့်အလမ်းများကို သုတေသနလုပ်ခြင်း)
(၂)   KBMKG415A    Research International Markets (နိုင်ငံတကာ ဈေးကွက်များကို
                             သုတေသနလုပ်ခြင်း)
(၃)   KBMKG510A    Plan Electronic Marketing Communications (လျှပ်စစ်ပိုင်းဆိုင်ရာ
                             အရောင်းအဝယ် ဆက်သွယ်ရေးလမ်းကြောင်းများကို အစီစဉ်ချခြင်း)
(၄)  KBWRT401A     Write Complex Documents (ခက်ခဲရှုပ်ထွေးသော စာရွက်စာတန်း
                             များ ရေးသားခြင်း)
(၅)  KVBQU044       Prepare To Study  (စာသင်ကြားလေ့လာမှုအတွက် အသင့်ပြင်ခြင်း)
(၆)  KBCMM401A     Make A Presentation (တင်ပြမှုတစ်ခု ပြုလုပ်ခြင်း)
(၇)  KBINM401A      Implement Workplace Information System (လုပ်ငန်းခွင်ဆိုင်ရာ
                              သတင်းချက်အလက်စနစ်ကို အကောင်အထည်ဖေါ်ခြင်း)
(၈)  KBMKG414A     Undertake Marketing Activities (ဈေးကွက်ဆိုင်ရာ အလုပ်အကိုင်
                             များကို တာဝန်ယူခြင်း)
(၉)  KBREL401A      Establish Networks (ကွန်ယက်များ တည်ထောင်ခြင်း)
(၁၀) KBINT405B      Apply Knowledge Of Imp Exp Int Conventions, Laws And
                             Finance (သွင်းကုန် ၊ ထုတ်ကုန် ၊ နိုင်ငံတကာ သဘောတူညီချက်များ ၊
                             ဥပဒေများနှင့် ဘဏ္ဍာရေးဆိုင်ရာ အသိသုတများကို ကျင့်သုံးခြင်း)
(၁၁) KBINT409B     Plan For International Trade (နိုင်ငံတကာကုန်သွယ်မှုအတွက် အ
                             စီစဉ်ချခြင်း)
(၁၂) KBMKG416A    Market Goods And Services Internationally (ကုန်ပစ္စည်းများနှင့်
                             ဝန်ဆောင်လုပ်ငန်းများကို နိုင်ငံတကာတွင် ဈေးကွက်တင်ခြင်း)

(၁) Research International Business Opportunities

* နိုင်ငံတကာစီးပွားရေးလုပ်ငန်း အခွင့်အလမ်းတွေကို ရွေးချယ်ဖို့ ၊
* စီးပွားရေးလုပ်ငန်းဆိုင်ရာ အရည်အချင်းတွေကို ရွေးချယ်ဖို့ စသည်ဖြင့် အဓိကဦးတည်ထားတဲ့
ဒီဘာသာရပ်မှာ နိုင်ငံရပ်ခြားကို ကုန်စည်တင်ပို့ဖို့ သင့်တော်ပြီးဖြစ်နိုင်ခြေရှိတဲ့ နိုင်ငံတွေထဲ ဥပဒေ ၊
ဈေးကွက်အစိတ်အပိုင်း ၊ ဆုံးရှူံးနိုင်ချေအန္တရယ် ၊ ဒေသတွင်းနှိုင်းယှဉ်ချက် ၊ နိုင်ငံအတွင်းအပြင်
သုံးသပ်ချက် ၊ အကြံဥာဏ်ရယူနိုင်တဲ့ အရင်းအမြစ်ဌာနနဲ့ တင်ပို့မယ့်လုပ်ငန်းကိုယ်၌ရဲ့ အားနည်း
အားသာချက်တွေနဲ့ အဆင်သင့်ဖြစ်မှုတွေကို အစီရင်ခံစာတင်စေတာမျိုးတွေ လေ့ကျင့်ပေးပါတယ် ။

(၂) Research International Markets 

     အမှတ်စဉ် (၁) ဘာသာရပ်နဲ့ တွဲဖက်သင်ကြားတဲ့ ဒီဘာသာရပ်မှာ အဓိကရည်ရွယ်ချက်တွေ
အဖြစ် -
* ဦးတည်ထားတဲ့ဈေးကွက်နဲ့ပတ်သက်ပြီး သတင်းအချက်အလက်စုဆောင်းဖို့ ၊
* ဦးတည်ထားတဲ့ဈေးကွက်ထဲမှာ ဖြစ်ပေါ်နေတဲ့ အလားအလာတွေကို စုံစမ်းဖေါ်ထုတ်ဖို့ ၊
* ဆုံးဖြတ်ချက်ချရာမှာ အချက်အလက်တွေကို အသုံးပြုတတ်ဖို့ စတာတွေ ပါပါတယ် ။

     သင်ကြားမှုမှာတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ၊ သဘောတူညီမှုတွေ ၊ ရေမြေအနေအထား
ရဲ့သက်ရောက်မှု ၊ ကုန်သွယ်မှုလုပ်ကြရာမှာ တွေ့ကြုံရနိုင်တာ ၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုလုပ်ရာမှာ
ထည့်သွင်းတွက်ချက်ရတာတွေ ၊ အတွေ့အကြုံရှိသူတွေရဲ့ ပြန်ပြောပြချက်တွေကို လေ့လာတာက
နေစပြီး အပေါ်ကနံပါတ် (၁) ဘာသာရပ်နဲ့တွဲဖက် သင်ကြားပေးတာ ဖြစ်ပါတယ် ။

(၃) Plan Electronic Marketing Communications 

     E-marketing လို့ ခေါ်နိုင်တဲ့ ဒီဘာသာရပ်မှာ -
* အထူးသဖြင့်အင်တာနက်နဲ့ အခြားဆက်သွယ်ရေးလမ်းကြောင်းတွေသုံးပြီး ဘယ်လိုဈေးကွက်
လှုပ်ရှားမှုတွေလုပ်ဖို့ မဟာဗျူဟာချတာနဲ့ အကွက်ချတာတွေလုပ်တတ်ဖို့ ၊
* ဈေးကွက်မဟာဗျူဟာနဲ့ အင်တာနက်ဝက်ဘ်ဆိုဒ်နဲ့ပတ်သက်ပြီး ပြင်ဆင် တန်ဖိုးဖြတ်တတ်စေ
ဖို့တွေကို အဓိကဦးတည်ထားပါတယ် ။

     ဝက်ဘ်ဆိုဒ်နာမည်နဲ့ အခြားဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေကြား သုံးသပ်မှု ၊ ဝက်ဘ်ဆိုဒ်
နမူနာတည်ထောင်မှု ၊ ဒီဇိုင်းအခြေခံသဘောတရား ၊ အင်တာနက်ကတစ်ဆင့် ဆက်သွယ်လုပ်
ကိုင် ရောင်းဝယ်ဖေါက်ကားဖို့ မဟာဗျူဟာနဲ့ ပြင်ဆင်မှုတွေကို စာတွေ့လက်တွေ့ သင်ကြားစစ်
ဆေးပေးတာတွေကို လုပ်ပါတယ် ။

(၄) Write Complex Documents 

     ဒီဘာသာရပ်ဟာ တန်းမြင့်ပညာ စတင်သင်ကြားတဲ့ ကျောင်းသားများအနေနဲ့ ၊ စီးပွားရေးပညာ
မှာ တရားဝင်ရုံးသုံးရေးသားပုံနဲ့ ပညာရပ်ဆိုင်ရာမှာ အခြေခံအထက်တန်းကျောင်းထက်ရှုပ်ထွေးတဲ့
စာရေးသားပုံတွေကို အစီအစဉ်တကျရေးတတ်အောင် အုတ်မြစ်ချပေးဖို့ ရည်ရွယ်ပါတယ် ။ အထက်
က နိုင်ငံတကာ ဈေးကွက်နဲ့ အခွင့်အလမ်းရှာဖွေခြင်း စတာတွေအတွက်တင်ရတဲ့ စာတမ်းငယ်ကို
ရေးသားပုံတွေအပေါ် တွဲဖက်ပြီး အကဲဖြတ်အမှတ်ပေးပါတယ် ။

(၅) Prepare To Study 

     ဒီဘာသာရပ်မှာ တက်ရောက်သင်ကြားလာသူကို ကျောင်းနဲ့ပတ်သက်ပြီး ဗဟုသုတတွေနဲ့ တက္က
သိုလ်အဆင့်မှာ လိုက်နာရမယ့်အချက်အလက်တွေကို အကျွမ်းတဝင်ဖြစ်စေဖို့ ဦးတည်ပြီး ၊ ရွေးချယ်
စရာ ဥာဏ်စမ်းမေးခွန်းတွေနဲ့ အကဲဖြတ်တဲ့ ဘာသာရပ်ငယ်တစ်ခု ဖြစ်ပါတယ် ။ အမှတ် ၅၀ သာ ရှိ
ပါတယ် ။

(၆) Make A Presentation 

     စားသုံးသူ ၊ စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်သူတွေရဲ့အကြားမှာ ၊ တနည်းအားဖြင့် လူရှေ့သူရှေ့
မှာ စကားပြောတာ ၊ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုဆိုင်ရာတွေကို စနစ်တကျ ပြင်ဆင်တင်ပြတဲ့ အလေ့
အကျင့်တွေရနိုင်စေဖို့ သင်ကြားပေးတဲ့ ဘာသာရပ်ဖြစ်ပါတယ် ။ ဘာသာရပ် နံပါ (၈) နဲ့တွဲဖက်ထား
ပြီး အဲဒီဘာသာရပ်အတွင်းကလေ့ကျင့်ခန်းတွေသာမက အပြင်က စိတ်ကြိုက်ကုန်ပစ္စည်းတစ်ခုကို
လိုအပ်တဲ့ဘောင်အတွင်းက တင်ပြစေတာ ၊ လျှပ်တပျက်ပေါ်လာတဲ့ အကြောင်းအရာတစ်ခုကို လက်
တန်း အကျယ်ျဲ့တင်ပြစေတာ ၊ ကုန်စည်ပြပွဲတစ်ခုအတွက် စီမံတင်ဆက်မှုလုပ်စေတာ စတဲ့ လက်
တွေ့လေ့ကျင့်ခန်းမျိုးတွေနဲ့ လေ့ကျင့်ပေးပါတယ် ။

(၇) Implement Workplace Information System 

     အဓိကရည်ရွယ်ရင်းတွေအဖြစ် -
* လိုအပ်တဲ့ သတင်းအချက်အလက်နဲ့ ရရှိနိုင်မယ့် နေရာတွေကို ရွေးထုတ်နိုင်ဖို့ ၊
* သတင်းအချက်အလက်တွေကို စုရုံး ၊ သုံးသပ်ပြီး အစီရင်ခံနိုင်ဖို့ ၊
* သတင်းအချက်အလက်စနစ်ကို လက်တွေ့အကောင်အထည်ဖေါ် အသုံးပြုနိုင်ဖို့ ၊
* သတင်းအချက်အလက်စနစ် ပြောင်းလဲမှုတွေအတွက် ပြင်ဆင်နိုင်ဖို့တွေ ပါဝင်ပါတယ် ။

     ဒါတွေကို ဖေါ်ဆောင်နိုင်ဖို့အတွက် မိုက်ကရိုဆော့ရဲ့ Excel နဲ့ Access စတဲ့ ကြားခံစနစ်တွေ
ကိုအသုံးချပြီး ၊ ကုပ္မဏီ သို့မဟုတ် အသင်းအဖွဲ့တစ်ခုအတွက် သတင်းအချက်အလက်စနစ်တစ်
ခု တည်ဆောက်နိုင်ဖို့ရာ အခြေခံအဆင့်ကို သင်ကြားပေးတဲ့ ဘာသာရပ်ဖြစ်ပါတယ် ။

(၈) Undertake Marketing Activities 

     ဘာသာရပ် နံပါတ် (၆) နဲ့ တွဲဖက်ထားတဲ့ ဒီဘာသာမှာ ဈေးကွက်ထဲမှာ လုပ်ကိုင်ဆောင်ရွက်ဖို့
အဓိကကျတဲ့ ကွန်ယက်တည်ဆောက်မှုအစီအစဉ် ၊ ဈေးကွက်အလိုက် အပိုင်းကဏ္ဍတွေ ခွဲခြားသုံး
သပ်တာ ၊ ဈေးကွက်တစ်ခုလုံးအလိုက် ခြုံငုံသုံးသပ်တာ ၊ ထုတ်ကုန်ဆိုင်ရာနဲ့ ဈေးကွက်တင်ရောင်း
ချတာတွေအတွက် ဆုံးဖြတ်ချက်ချပုံတွေကို စာတွေ့လက်တွေ့ မိတ်ဆက်လေ့ကျင့်စေပါတယ် ။

(၉) Establish Networks 

     ဒီဘာသာရပ်အတွက် အဓိကဦးတည်ချက်တွေကတော့ -
* စီးပွားရေးကွန်ယက်တွေကို တည်ဆောက်ပြီး ထိန်းသိမ်းထားနိုင်ဖို့ ၊
* စီးပွာရေးဆိုင်ရာဆက်ဆံမှုတွေကို တည်ထောင်ပြီး ထိန်းသိမ်းထားနိုင်ဖို့ ၊
* ရရှိဖြစ်ပေါ်လာတဲ့ ဆက်ဆံရေးတွေကို အားပေးအဆင့်မြှင့်တင်သွားဖို့ - တို့ဖြစ်ပါတယ် ။

     ဒါတွေကို လေ့ကျင့်ပေးဖို့အတွက် အချိန်တိုမိတ်ဆက် လေ့ကျင့်ခန်း ၊ ကွန်ယက်တည်ဆောက်
တဲ့ဖို့ အစီစဉ်ရေးဆွဲစေတဲ့ လေ့ကျင့်ခန်း ၊ စီးပွားရေးလုပ်ငန်းအတွင်းက လူတွေကို ကိုယ့်ကွန်ယက်
ထဲ လက်တွေ့ခေါ်ဖိတ်ဖို့ ကြိုးပမ်းချက် ၊ ဘာသာရပ်အပေါ် သုံးသပ်ချက် လေ့ကျင့်ခန်းနဲ့ ကွန်ယက်
ဖြစ်ပေါ်စေနိုင်တဲ့ အသင်းအဖွဲ့တစ်ခုရဲ့ အခမ်းအနားကို တက်ရောက်စေတဲ့ လက်တွေ့လေ့ကျင့်
ခန်းမျိုးတွေကို လုပ်ကိုင်စေပါတယ် ။

(၁၀) Apply Knowledge Of Imp Exp Int Conventions, Laws And Finance 

* ကျယ်ပြန့်တဲ့ အသိနဲ့ အရည်အချင်းတွေကို ရယူထိန်းသိမ်းထားဖို့ ၊
* ရနိုင်တဲ့ သတင်းအချက်အလက်တွေထဲက လိုအပ်တဲ့အချက်အလက်တွေကို ခွဲခြားရွေးထုတ်
   နိုင်ဖို့ ၊
* ရနိုင်တဲ့ သတင်းအချက်အလက်တွေကို အဓိပ္ပါယ်ဖေါ် ၊ သုံးသပ်ပြီး အသုံးပြုတတ်ဖို့ ၊
* သုတေသနပြုမှုကို ပြန်သုံးသပ်ပြီး ဝေဖန်ပိုင်းခြားနိုင်ဖို့ - စတာတွေကို အဓိကရည်ရွယ်ချက်အဖြစ်
  ထားရှိတဲ့ ဒီဘာသာရပ်မှာ ကနေ့ အသုံးပြုများတဲ့ နိုင်ငံတကာစီးပွားရေးသဘောတူညီချက်တွေ ၊
ကြားခံအဖွဲ့အစည်းတွေနဲ့ နိုင်ငံတွေအကြား စီးပွားရေးဆိုင်ရာ ပြဿနာဖြေရှင်းကြပုံ စံနမူနာတွေ
ကို လေ့လာစေပါတယ် ။

(၁၁) Plan For International Trade 

       အပေါ်က ဘာသာရပ် (နံပါတ် ၁၀) နဲ့တွဲလျက်သင်ရတဲ့ ဒီဘာသာရပ်မှာ ကုန်သွယ်မှုလက်
တွေ့ဘဝထဲ တွေ့ကြုံကြရတဲ့ ကုန်း ရေ လေ ကုန်ပစ္စည်းတင်ပို့မှုလုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့
အခြေခံသဘောတရားတွေကို နားလည်နိုင်စေဖို့ သင်ကြားပေးပါတယ် ။ ကုန်စည်ပို့ဆောင်ရေး
မှာ အရေးပါတဲ့ သင်္ဘောဆိပ်လို နေရာမျိုးကို လေ့လာရေးထွက်တာ ၊ ကုန်ပစ္စည်း လက်တွေ့ဝယ်
ယူပုံနဲ့ အဲဒါရဲ့ပတ်က်နေတဲ့ စာရွက်စာတမ်းကိစ္စတွေကို ဖြည့်စွက်ပုံလေ့ကျင့်တာ ၊ သင်ကြားခဲ့
တာတွေထဲက ကောက်နှုတ်ပြီး မေးခွန်းတွေဖြေကြား ပြန်ဆိုရင်း နိုင်ငံတကာကုန်သွယ်ရေးအခေါ်
ဝေါ်တွေနဲ့ လုပ်ကိုင်ပုံတွေကို ဖြေကြားလေ့ကျင့်တာတွေလုပ်ပြီး ဘာသာရပ်နဲ့ ရင်းနှီးကျွမ်းဝင်
စေပါတယ် ။

(၁၂) Market Goods And Services Internationally 

       နိုင်ငံတကာဈေးကွက်များနဲ့ အကျွမ်းတဝင်ရှိလာစေဖို့အတွက် ရှိပြီးသား အောင်မြင်ပြီးသား
စီးပွားရေးလုပ်ငန်းတွေကို နမူနာလေ့လာပြီး စနစ်တကျ ပိုင်းခြားစိတ်ဖြာ အဆိုပြုတင်ပြမှုတွေနဲ့
လေ့ကျင့်ပေးတဲ့ ဘာသာရပ်တစ်ခုပါ ။ အဓိကဦးတည်ချက်တွေအနေနဲ့ -

* သင့်တော်တဲ့ ဈေးကွက်တင်လုပ်ဆောင်ချက်တွေကို ရွေးချယ်နိုင်ဖို့ ၊
* နိုင်ငံတကာဈေးကွက်ဆိုင်ရာ အလုပ်ကိုင်တွေကို အကောင်အထည်ဖေါ်ဖို့ ၊
* ဈေးကွက်ဆိုင်ရာ ဆောင်ရွက်ချက်တွေကို စောင့်ကြည့်သုံးသပ်ဖို့ - တွေပဲဖြစ်ပါတယ် ။

     ဒီတော့ နိုင်ငံတကာကုန်စည်ပြပွဲ ၊ ပြည်ပကို ကုန်ပို့နိုင်ဖို့ ကြိုးစားနေတဲ့ လုပ်ငန်းငယ်မျိုးတွေကို
လက်တွေ့သွားကြည့်တာ ၊ စာတွေ့အနေနဲ့ ကျွဲရိုင်းနဲ့ မက်ဒေါ်နယ်တို့လိုလုပ်ငန်းတွေကို လေ့လာ
တာမျိုးတွေကို လုပ်ပေးပါတယ် ။ လေ့လာသုံးသပ်ရာမှာလည်း “Harvard Case Study Method”
လို နည်းလမ်းမျိုးတွေကို အသုံးပြုတတ်စေဖို့ရာ မိတ်ဆက်ပေးပါတယ် ။


     အပေါ်က ဘာသာရပ်တွေကို သင်ကြားရာမှာ ၊ အသက်မွေးမှုပညာရေးအတွက် ရည်ရွယ်ထုတ်
ဝေတဲ့ “International Marketing (Fletcher R & Crawford Heather)” ၊ “Marketing
(Kotler, Brown, Burton, Deans & Armstrong)” နဲ့ “Consumer Behaviour (Schiffman
L, O’Cass A, Paladino A, D’Alessandro S, Bednall D)” စတဲ့ စာအုပ်များကို အသုံးပြုတဲ့အပြင် ၊
“Australian Trade Commission” လို့ခေါ်တဲ့ အစိုးရဌာနကနေ အခမဲ့ထုတ်ဝေ ဖြန့်ချီတဲ့ “Creating
International Business: Resources For Higher Education Business Courses (APEC 2009)”
ဆိုတဲ့ APEC အဖွဲ့ရဲ့ နိုင်ငံတကာစီးပွားရေး အခြေခံလက်စွဲစာအုပ်ကိုပါ အသုံးပြုပါတယ် ။

     ဒါ့ပြင် ဆရာ ဆရာမအများစုဟာ ကိုယ်ပိုင်စီးပွားရေးလုပ်ခဲ့သူနဲ့ လုပ်နေသူ ၊ ကုန်သွယ်စီးပွားဆိုင်
ရာ အစိုးရဌာနတွေမှာ လုပ်ကိုင်ဖူးသူတွေနဲ့ အတိုင်ပင်ခံလုပ်ငန်းတွေမှာ လုပ်ကိုင်ဖူးသူ စတဲ့သူတွေ
ကနေ သင်ကြားပြသပေးတာဖြစ်တဲ့အပြင် ပြင်ပက စီးပွားရေးလုပ်ကိုင်နေသူအချို့ကိုလည်း ဖိတ်ခေါ်
စကားပြောစေတဲ့အတွက် လက်တွေ့ကျပြီး လိုအပ်တဲ့ အခြေခံဗဟုသုတတွေကို ရရှိနိုင်ဖို့ အခွင့်အ
လမ်းတွေ ရှိပါတယ် ။

     ဒါကြောင့်မို့ ဒီ “နိုင်ငံတကာကုန်သွယ်မှုသင်တန်း” ဟာ စိတ်ပါဝင်စားသူများအတွက်တော့ အ
ခြေခံအုတ်မြစ်တည်ဆောက်ဖို့ရာ သင်တန်းကောင်းတစ်ခုဖြစ်တယ်လို့ ယုံကြည်ယူဆ တင်ပြလိုက်
ရပါတယ် ။


မန်းကိုကို
၃၁ ၊ ၀၇ ၊ ၂၀၁၁

No comments:

Post a Comment