ကမ္ဘာပေါ်မှာ တိုက်ကြီး၊ နိုင်ငံ၊ ဒေသ၊ လူမျိုး၊ ဘာသာတွေ ကွဲပြားတဲ့အလျောက်
ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနဲ့ လူနေမှုစနစ်တွေ တနေရာနဲ့ တနေရာ မတူကွဲပြား
ကြပါတယ်။ ရေငံငါးက ရေချိုကူးကြသလို လူတွေလည်း မူရင်းဒေသကနေ နေရာ
သစ်တစ်ခု ရောက်သွားတဲ့အခါ ကျင့်သားမရပဲ စနိုးစနောင့် အဆင့်ကနေပြီး ပြင်း
ပြင်းထန်ထန် စိတ်မတည်ညိမ်မှုမျိုးတွေ ခံစားရတတ်ပြီး အချို့လူတွေမှာ ဘဝပျက်
ကြရတဲ့အထိ ဖြစ်တတ်ကြပါတယ်။ ဒီလို (ယဉ်ကျေးမှု) အပြောင်းအလဲကာလ
တစ်ခု ကြုံတွေ့ရတာမျိုးကို Cultural Shock (ယဉ်ကျေးမှုဆိုင်ရာ အံ့သြ
ထိတ်လန့်မှု) လို့ ခေါ်ပါတယ်။
Monday, April 26, 2010
Wednesday, April 21, 2010
တက္ကသိုလ်ဝင်တန်း ပြင်ဆင်မှုများ (နောက်ဆက်တွဲ ၁)၊
ကူးချခြင်း (Plagarism)
နေရာတိုင်း နေရာတိုင်းမှာ သတ်မှတ်ထားတဲ့ ကျင့်ဝတ်နဲ့ မသတ်မှတ်ထားတဲ့
ကျင့်ဝတ်တွေ ရှိတတ်ကြပါတယ်။ သတင်းသမားကျင့်ဝတ်အနေနဲ့ သူတပါးရဲ့
သတင်းက ယူငင်ဖေါ်ပြတဲ့အခါ မူရင်းသတင်းဋ္ဌာနကို ရည်ညွှန်းအသိအမှတ်
ပြုရသလို အထက်တန်းပညာ ပေါင်းကူးရာမှာလည်း စာစီစာကုံး၊ အစီရင်ခံစာ၊
သုတေသနစာတန်းတွေ ရေးတဲ့အခါမှာ ရည်ညွှန်းချက် (reference) တွေသုံး
တတ်အောင်၊ မဖြစ်မနေ သုံးစွဲအောင် ကမ္ဘာတဝှမ်းက တန်းမြင့်ကျောင်းတိုင်း
လိုလို ဂရုတစိုက် သင်ပေးလေ့ ရှိပါတယ်။
မလိုက်နာရင် အမှားအပေါ်မူတည်ပြီး အရေးယူခံရပါမယ်။ စာသင်သားဘဝမှာ
ကျန်ရစ်သွားတတ်တာမျိုးကို သတိပေးခံရရုံနဲ့ ပြီးသွားနိုင်ပေမယ့် ဘွဲ့ရပြီးသူတွေ၊
အထူးသဖြင့် ပညာရှင်အဆင့် ရောက်ပြီးသူတွေအတွက်တော့ ဒီကိစ္စနဲ့ပတ်သက်ရင်
သိက္ခာပိုင်းအရ အတော်အရေးကြီးပါတယ်။ ကူးချတာဟာ ရာဇဝတ်မှုမမြောက်
ပေမယ့် ပညာရေးလောကရဲ့ အခြေခံတန်ဖိုးတစ်ခုဖြစ်တဲ့ ကျင့်ဝတ် (ethic) ကို
ထိပါးတာမို့ ပညာရှင်တစ်ယောက်အတွက် ရပ်တည်စရာ ဒေါက်တိုင်တစ်ခုအနေနဲ့
နှိုင်းယှဉ်လို့ ရနိုင်ပါတယ်။

Tuesday, April 20, 2010
ကျွန်တော်ကရင် မြင်တာပြောပါမည် (၁)၊
“အင်္ဂလိပ်အခက် ဗမာ့အချက်” ရယ်လို့ မြန်မာ့သမိုင်းထဲမှာ သင်ယူခဲ့ဖူးပါတယ်။
သမိုင်းဟာ တစ်ပတ်လည်တတ်တယ်လို့ ဆိုပါတယ်။ ခုချိန်မှာ “နအဖ အခက်”
ပြန်ဖြစ်နေပါပြီ။ ပြဿနာက နောက်ဆက်တွဲရမယ့်စကား “တိုင်းရင်းသားတွေ
အချက်” ဆိုပြီး ဖြစ်သင့်တာ ဖြစ်မလာပဲ “နအဖအခက် တိုင်းရင်းသားတွေလဲခက်”
ပဲ ပြန်ဖြစ်နေလို့ပါပဲ။

Thursday, April 15, 2010
သွေးသွန်းတဲ့ သင်္ကြန်
ဒီကနေ့ ကြာသပတေးနေ့ မွန်းလွဲ ၃ နာရီလောက်မှာ ကန်တော်ကြီးနားက
သင်္ကြန်မဏ္ဍပ်တစ်ခုမှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဗုံး ပေါက်သံ

Wednesday, April 14, 2010
မင်္ဂလာ သင်္ကြန်ခါ၊
အလည်လာသူတွေအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။
မြန်မာပြည်သူ၊ ပြည်သားတွေအတွက်တော့ နှစ်သစ်ကူးပြန်ပါပြီ၊
လူအတော်များများ ပျော်ကြမယ်လို့ ယုံကြည်ပါတယ်၊ တချို့လည်း ပျော်ဖို့

Saturday, April 10, 2010
ရင်မောရတဲ့ ခဏတာ၊
ဒီကနေ့ လုပ်စရာရှိတာလုပ်၊ ဆောင်းပါးတစ်ပုဒ်ရေးဖို့လည်း စာစီရင်း ဘလော့
တွေဆီ ရောက်သွားဖြစ်ခဲ့တယ်။ တစ်ခုဖတ်ရာက လင့်တွေအတိုင်းလိုက်ရင်း
ဆောင်းပါးနဲ့ သဘောထားလေးတစ်ချို့ကိုဖတ်မိလိုက်တာ ရင်ကိုအတော်
ကလေး လေးသွားစေတာတော့ အမှန်ပဲ။
ပထမတော့ စစ်အစိုးရကို မျက်စိစုံမှိတ်ထောက်ခံတဲ့ ဆိုဒ်တွေ၊ နောက်တော့
စစ်အစိုးရနဲ့ သဘောချင်းမတိုက်ဆိုင်သူတွေအားလုံး သိမ်းကျုံးပြီး အလွတ်
ကန်ဘောကို ဂိုးသမားမရှိပဲ အားပါးတရသွင်းနေတာတွေ၊ ဗမာမျက်ကန်း
မျိုးချစ် အရေးအသားတွေနဲ့ဆုံးသွားပါတယ်။ သေချာတာတစ်ခုကတော့ ဘယ်
တစ်ယောက်မှ ချက်ကျလက်ကျ၊ အကိုးအကားနဲ့ တင်ပြတာမျိုးမရှိတာပါပဲ။
လူငယ်တွေ မဟုတ်ရင်လည်း စစ်အစိုးရအသိုင်းအဝိုင်းထဲက ဖြစ်ဟန်တူကြ
ပါတယ်။

Thursday, April 8, 2010
တက္ကသိုလ်ဝင်တန်း ပြင်ဆင်မှုများ၊
အခြေခံပညာရေး အဆင့်ကနေ အဆင့်မြင့်ပညာရေးကို ကူးပြောင်းရာမှာ
သိသင့်၊ တတ်သင့်တဲ့ နည်းလမ်းတွေကို သင်ရိုးညွှန်းတန်းအဖြစ် သတ်မှတ်
သင်ပေးနေတာလေးတွေတချို့ထဲက လက်ဆင့်ကမ်းလိုပါတယ်။ အင်္ဂလိပ်လို
သင်ကြားတဲ့ ကျောင်းသင်တန်းများကနေ စုဆောင်းထားတာ ဖြစ်ပါတယ်။

Wednesday, April 7, 2010
ဘဝရဲ့ ခြေတစ်လှမ်း
မနေ့ကစပြီး စိတ်ကူးထဲပေါ်လာမိတဲ့ မဲမပေးရေး လှုပ်ရှားမှု (No Vote Campaign)
ကို စာစီပြီး လက်လှမ်းမှီသမျှ သတင်းဋ္ဌာနနဲ့ ဘလော့ခ်တွေကို ပို့ခဲ့ပါတယ်။ ဒါပေ
မယ့် ခုထိတော့ ဘယ်သူမှ လက္ခံပြီးတင်ပေးတာတော့ မတွေ့ရသေးပါဘူး။
ဒီလိုစိတ်ကူးပေါ်လာပြီး ကြိုးစားပမ်းစား အားတက်သရောလုပ်နေတာကို ဘယ်သူ
မှ အသိအမှတ်မပြုရင် လွန်ခဲ့တဲ့ ၁၀-၁၅ နှစ်လောက်ကဆိုရင်တော့ စိတ်ဓါတ်ကျ
မိမှာအမှန်ပဲ။ ခုတော့ ဘဝဆိုတာ ဒီလိုပဲဆိုတာကိုတွေးပြီး ဖြေသိမ့်နိုင်ပါတယ်။
မယ်။ အတ္တဟိတအချိန်လေး ထားအုံးမှပါပဲ။
(ခုတော့ ဟစ်တိုင်ရဲ့ “အခွင့်အလမ်း” ကဏ္ဍမှာတော့ ဖေါ်ပြထားပေးပါပြီ၊ ကိုညိုကြီး ကတော့
အရင်ဆုံး တင်ထားပေးတဲ့ ဘလော့ပါပဲ၊)

ရွေးကောက်ပွဲကျားကွက်နှင့် တိုင်းရင်းသားတစ်ယောက်အမြင် (၂)
အမြင်သဘောထား ဆောင်းပါးတစ်ပုဒ်ကို ကရင်သတင်းစဉ်ကထပ် ဖေါ်ပြပေး
လိုက်လို့ လင့်ထည့်ပေးလိုက်ပါတယ်။ နည်းနည်းရှည်လို့ ရိုက်မထည့်နိုင်တာ
နားလည်ပေးကြပါ။ လာလည်တာ ကျေးဇူးပါ။
http://www.kicnews.org/?p=2431

မဲမထည့်ရေး လှုပ်ရှားမှု၊ (No Vote Campaign)
မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်။
သတင်းစကားလေးတစ်ခုလည်း ဝေငှပါရစေ။
မြန်မာပြည်သူ၊ ပြည်သားတွေအဖို့ နှစ်ပေါင်းများစွာ တစ်နည်းနည်းနဲ့
စစ်အာဏာရှင်တွေရဲ့ ဒဏ်ကိုခံခဲ့ကြရရာမှာ တပ်မတော်သားတွေလည်း
အပါအဝင် ဖြစ်ပါတယ်။

Tuesday, April 6, 2010
ပဏာမ ဆောက်နဲ့ထွင်းခြင်း၊
ငယ်စဉ် ကလေးဘဝကတည်းက တွေ့၊ ကြုံ၊ ကြား၊ သိ၊ သင်၊ မြင်ခဲ့ရတာ
တွေ ပြန်တွေးလိုက်ရင် မကုန်နိုင်လောက်အောင်ပါပဲ။
အားလုံးခြုံလိုက်ရင်တော့ အဓိကနေနဲ့မှတ်မှတ်ရရဖြစ်စရာ နည်းနည်းပဲ
ရှိပါလိမ့်မယ်။ ဒီအထဲက တွေးမိတာလေးတစ်ခုက ငယ်ငယ်တုန်းကဆို

Monday, April 5, 2010
ရွေးကောက်ပွဲကျားကွက်နှင့် တိုင်းရင်းသားတစ်ယောက်အမြင်
http://www.kicnews.org/?p=2388
ကရင်သတင်းစဉ်က သူ့အတွေးသူ့အမြင်ကဏ္ဍမှာ ဖေါ်ပြခံရတဲ့ ဆောင်းပါးပါ။
ပို့စ်လုပ်ရတာ အခက်အခဲရှိနေတုန်းမို့ လင့်ဘဲ ထည့်ထားပါတယ်။

Now it's serious NLD - အရေးကြီးနေပါပြီ NLD
မဇ္ဈိမအယ်ဒီတာ့ထံပေးစာ - ၁၆၊ ၀၃၊ ၂၀၁၀
ဖတ်ရသမျှသတင်းတွေကို တွေးတောဆန်းစစ်မိတဲ့အခါမှာ အဘဦးဝင်းတင်
ပြောသလိုပဲ NLD အတွက် ရွေးကောက်ပွဲဝင်ရေးဟာ ဒီလောက်အရေးမကြီးဘူး
လို့ မြင်မိပါတယ်။ ဗိုလ်ချုပ်များက သူတို့နဲ့ ယှဉ်လာမယ့်သူအားလုံးကို မလှုပ်
နိုင်အောင် ချည်တုပ်မိမယ်လို့ ယုံကြည်ထားတဲ့ ဥပဒေတွေထုတ်ပြီးမှ သူ့လူတွေ
ကို ကြိုးဝိုင်းထဲသွင်းပြီး စိမ်ခေါ်ခိုင်းမှာတော့ သေချာနေပါပြီ။
ထင်မြင်ချက်အမျိုးမျိုးနဲ့ ပွက်ပွက်ညံနေပြီး လက်သီးလက်မောင်းတန်းပြီး ဆန့်ကျင်
နေကြမယ့်သူတွေနဲ့ အပြေးအလွှား အခွင့်အရေးလေး ရတုန်းယူထားမှဆိုသူ
တွေလည်းရှိပါလိမ့်မယ်။ ဒီအချိန်ဟာ ခံစားမှုတွေကို ဘေးဖယ်ပြီး ဦးနှောက်သုံး
စီစဉ်မှုတွေကို ရှေ့တန်းတင်ရမယ်လို့ နားလည်မိပါတယ်။
Sunday, April 4, 2010
လေဟာနယ်ထဲကို ဖိတ်ခေါ်ပါတယ်၊
Welcome to my first blog post.
I'm here to share my experiences with all visitors, old and new alike.
I intend to post my observation about politics and of course Burma is my first priority.
However, my first hurdle is how to type in Burmese in this blog because all forms of keyboard I know did not match here.
Hopefully some of you might have ideas for this and visit my site in future too.
mahn ko ko
04/04/2010 - Sunday

Subscribe to:
Posts (Atom)