ကြာခဲ့ပါပြီ ။
စောစောပိုင်း ညတစ်ည ။
မဟာဗန္ဒုလ ပန်းခြံဝင်းထဲဖွင့်ထားတဲ့ Happy World ဂိမ်းရုံလေးရဲ့ ရှေ့မှာ ။
အပျင်းပြေ
တီဗွီဂိမ်းလေး ဝင်ကစားပြီး အထွက် ၊ ဂိမ်းရုံရှေ့လေးတင်
ခွေးခြေပုလေးတွေနဲ့ခင်းထားတဲ့
လမ်းဘေးဆိုင်လေးမှာ ဝင်ထိုင်လိုက်တယ် ။
အနီးနားမတော့ ယောက်ျားသားအချို့နဲ့ အမျိုးသမီးအချို့ ရှိနေကြတယ် ။
အချို့လည်း ကိုယ့်နားတစ်ဝိုက်က ခုံပုလေးတွေမှာ ထိုင်နေကြတယ် ။
Showing posts with label Education. Show all posts
Showing posts with label Education. Show all posts
Tuesday, November 4, 2014
Wednesday, January 8, 2014
စွန့်ဦးလုပ်ငန်းရှင် - မိတ်ဆက် (Entrepreneur - An Introduction)
“ကျုပ်ရဲ့အခွင့်အလမ်းတွေကို
ကျုပ်မြင်လို့ အဲဒါတွေကို ကျုပ်ရယူခဲ့တယ်”။
ဒီစကားဟာ
လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀ ကျော်လောက်က နယူးယောက်မြို့မှာ သြဇာရှိနိုင်ငံရေးသမား
တစ်ဦးဖြစ်ပြီး၊
တမူထူး အကျင့်ပျက်ချစားခဲ့တဲ့ George Washington Plunkitt (1842-1924) ဆိုသူ
ကနေ၊ သူ့ရဲ့ ‘ရိုးသားတဲ့အကတိလိုက်စားမှု’လို့
တင်စားထားတဲ့ နိုင်ငံရေးနဲ့စီးပွားရေး ရောပြွမ်းအသက်
မွေးတဲ့အလုပ်ကို ခြုံငုံပုံဖေါ်ပြီး
ပြောခဲ့တဲ့စကားစုပဲ ဖြစ်ပါတယ်။ သူဟာ တကယ့်ကို လူလိမ်လူညစ်တစ်
ယောက် ဖြစ်ခဲ့ပေမယ့်၊ သူ့ရဲ့
တိုတိုနဲ့လိုရင်းရောက်တဲ့ ပြောဆိုချက်လေးကတော့ ကနေ့အချိန်ထိ “စွန့်
ဦးလုပ်ငန်းရှင်”ဆိုတာကို
အဓိပ္ပါယ်ဖေါ်ပြတဲ့နေရာမှာ
အရေးပါတဲ့အစိတ်အပိုင်းအဖြစ် ပါဝင်နေဆဲပါ။
Wednesday, June 26, 2013
□ ငွေကြေး □
ငွေကြေးပိုက်ဆံကို
စာရေးသူရော စာဖတ်နေသူပါ နေ့စဉ်လိုလို အသုံးမပြုသော်မှ ပတ်သက်ကြရ
မှာပါ။ ကနေ့ခေတ်မှာ
လူတိုင်းလိုလိုအတွက် အသက်ရှင်ရပ်တည်ဖို့ရာ မရှိမဖြစ် အထောက်ကူပစ္စည်း
တစ်ခုဖြစ်တဲ့ ငွေကြေးဟာ၊
ဘဝကိုယ်စီမှာ အင်မတန်ရင်းနှီးကျွမ်းဝင်တယ်လို့ မှတ်ယူထားမိကောင်း
မှတ်ယူထားမိကြပါလိမ့်မယ်။
ဒီအမြင်ကို စနစ်တကျ စုစည်းထားမှုတွေနဲ့ တိုက်ဆိုင်ကြည့်ကြပါစို့။
အရင်ဆုံး အဘိဓါန်တစ်ခုဆီက
ယူကြည့်ရအောင်။ Cambridge Advanced Learner’s Dictionary
ရဲ့ အလိုအရ “The coin or notes which are used to buy
things, or the amount of these that
one person has:” လို့ ဆိုပါတယ်။ “အရာဝတ္ထုပစည်းများဝယ်ရန်
အသုံးပြုသော ဒင်္ဂါး အကြွေစေ့/
ငွေစက္ကူ (သို့မဟုတ်) လူတစ်ယောက်တွင်ရှိသော ထိုအရာများ၏
အရေအတွက်” ရယ်လို့ အနက်ပြန်
ကြည့်ထားပါတယ်။
ဒီအဓိပ္ပါယ်ဖွင့်ဆိုချက်
ဘယ်လောက်အထိ ပြည့်စုံသလဲဆိုတာ ဆက်ကြည့်ကြရအောင်ပါ။
◊ ငွေကြေး၏ အသုံးဝင်မှုများ (Functions
of Money)
(၁) လဲလှယ်မှု ကြားခံ (Medium of exchange)
Monday, December 24, 2012
ယုတ္တိဆိုင်ရာ အတွေးမြင်မှားများ (Logical Fallacies) - မိတ်ဆက် (၄)
(၈) တစ်ဖက်သားငြင်းခုံချက်ကို ထင်ယောင်မှားစေခြင်း
(Straw man)
တစ်ဖက်လူရဲ့
ငြင်းခုံချက်ကို ပုံပျက်ယွင်းအောင် မမှန်မကန် လိုရာဆွဲပြီး တိုက်ခိုက်ဖို့လွယ်ကူ
အောင် လုပ်တာမျိုး
ဖြစ်ပါတယ်။
“ရန်ကုန်တိုင်း ဘော်လုံးအသင်းဟာ ရှမ်းပြည်နယ် ဘော်လုံးအသင်းထက် ပိုကောင်းတယ်လို့ ဦးလှမင်းက ဆိုနေပါတယ်။ တကယ်တော့ ရှမ်းပြည်နယ် ဘော်လုံးအသင်းဟာ ဘော်လုံးရာသီတိုင်းမှာ အမှတ်အများဆုံးရတဲ့ အသင်းတွေထဲ အမြဲတမ်း ပါဝင်နေခဲ့တာပါ ။ ဒါကိုကြည့်မယ်ဆိုရင် ဦးလှမင်းဟာ သူဘာပြောနေသလဲဆိုတာ သူ့ဘာသူတောင် သိပုံမရပါဘူး” - ဆိုတဲ့ ပြောဆိုချက်ကို ကြည့်ရအောင်။
Saturday, July 21, 2012
۩ ယုတ္တိဆိုင်ရာ အတွေးမြင်မှားများ (Logical Fallacies) - မိတ်ဆက် (၃)
(၅) တစ်ဖက်သားကို ခြိမ်းခြောက်ခြင်းနည်းလမ်း (Scare tactics)
ကြောက်ရွံ့ခြင်းဟာ အင်မတန် အင်အားကြီးမားတဲ့ လှုံ့ဆော်တွန်းအားပေးမှု တစ်ခုပါပဲ ။ အင်
အားကြီး လွန်းလှတာကြောင့် လူတွေကို မကြာခဏဆိုသလို ကျိုးကြောင်းမကျတဲ့ တွေးခေါ်ပြုမူ
တာတွေကို ဖြစ်စေတတ်ပါတယ် ။
Scare tactics Fallacy ဟာ အဆိုပြုငြင်းခံသူ တစ်ဦးကနေ နားထောင်သူ သို့မဟုတ် တစ်ဖက်
သားကနေ သူ့ရဲ့ အဆုံးသတ်ကောက်ချက်ကို လက်မခံဘူးဆိုရင် ထိခိုက်စေအောင် လုပ်မယ်လို့ ခြိမ်းချောက်တဲ့ အခါမျိုးတွေမှာ ကျူးလွန်မိတဲ့ အမှားပါ ။ ဒီနေရာမှာ ခြိမ်းချောက်မှုဟာ အဆိုပြု
ငြင်းခုံသူရဲ့ အဆုံးသတ်ကောက်ချက်နဲ့ ဆီလျှော်သက်ဆိုင်မှု ကင်းဝေးလေ့ရှိပါတယ် ။ နမူနာ ပြ
ရရင် -
Tuesday, June 26, 2012
Ж ယုတ္တိဆိုင်ရာ အတွေးမြင်မှားများ (Logical Fallacies) - မိတ်ဆက် (၂) Ж
(၂) အကြောင်းရင်းခံကို တိုက်ခိုက်ခြင်း (Attacking the motive)
ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုနဲ့ နီးကပ်ယှက်နွယ်နေတဲ့ အတွေးမြင်မှား (fallacy) တစ်ခုဖြစ်ပါတယ် ။
ဒီအတွေးမြင်မှားဟာ ဆွေးနွေးငြင်းခုံသူ တစ်ဦးရဲ့ အဆိုပြုတင်ပြချက်ကို ဆန်းစစ်လေ့လာဖို့ထက်
သူ့ရဲ့ နောက်ခံ အကြောင်းရင်း / ရည်ရွယ်ချက် / စေ့ဆော်မှုကို မေးခွန်းထုတ် တိုက်ခိုက်တတ်တာ
မျိုးပါ ။ နမူနာ ကြည့်ရအောင် ။
۩ ပါမောက္ခ ဦးမောင်ဟာ ပညာရှင်တွေကို အမြဲတမ်းဝန်ထမ်းတွေအဖြစ် ခန့်အပ်ထားဖို့အဆိုပြုချက် ဖက်ကနေ ရပ်တည်သူ တစ်ယောက်ဖြစ်တယ် ။ ဒါပေမယ့် သူ့လို လက်ရှိအမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ခံထားရသူ တစ်ယောက်အနေနဲ့ ဒီလိုပြောတာ မဆန်းပါဘူး ။ သူပြောတာတွေကို နားထောင်ဖို့ တောင် မသင့်ဘူး ။
Sunday, May 13, 2012
ယုတ္တိဆိုင်ရာ အတွေးမြင်မှားများ (Logical Fallacies) - မိတ်ဆက် (၁)
ဒီစာစုမှာ ဆန်းစစ်ဝေဖန်တွေးခေါ်ခြင်း(critical thinking) ရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်တဲ့
“ယုတ္တိဆိုင်ရာ အတွေးမြင်မှားများ” (logical fallacies) ကို မိတ်ဆက်ပေးချင်ပါတယ်။
အဦးအစအနေနဲ့ ဆွေးနွေးငြင်းခုံမှု (argument) ဆိုတာကို ကြည့်ဖို့လိုပါတယ်။ ဆွေးနွေးငြင်းခုံမှု
တွေကို မိတ်ဆွေနှစ်ယောာက်ကြား အနေထားကနေ ရုပ်မြင်သံကြားနဲ့ အင်တာနက်လိုတွေမှာ နေရာ
အနှံ့ တွေ့ရမှာပါ။ အချို့ ဆွေးနွေးငြင်းခုံချက်တွေဟာ ဘဝင်ကျ ယုံကြည်စေလောက်ပေမယ့်၊ အဲဒီ
အထဲက အတော်များများ မှာတော့ ယုတ္တိအမှားတွေအပေါ်မှာ အခြေခံထားကြတာပါ။ အဲဒီ မကြာ
ခဏ ဖြစ်တတ်သုံးတတ်တဲ့ ယုတ္တိအမှားတွေကို သတိမထားမိရင် (အဲဒီ)သုံးစွဲသူရဲ့ ဆွေးနွေးငြင်းခုံမှုကို
ဘဝင်ကျ ယုံကြည်စေလောက်တာတွေလို့ ထင်မိတတ်ကြပါတယ်။ အချို့နေရာမှာ ဆွေးနွေးသူကနေ
တမင်သုံးစွဲတာ ဖြစ်တတ်သလို၊ အချို့မှာတော့ ကိုယ်တိုင်သတိမထားမိပဲ ပါသွားတာမျိုးတွေလည်း
ရှိပါတယ်။
Saturday, December 25, 2010
Liberal Arts အမြည်း
Liberal Arts ဆိုတာနဲ့ ပတ်သက်လို့ အမြည်းသဘောလေး မိတ်ဆက်ပေးလိုပါတယ်။
မသိသေးသူတွေအတွက် ဗဟုသုတအဖြစ် ရည်ရွယ်သလို သိပြီးသူများအနေနဲ့လည်း လိုအပ်ချက်တွေကို
ဖြည့်ဆည်းပေးဖို့ ဖိတ်ခေါ်ပါတယ်။ အခုပြောပြမယ့် Liberal Arts ဟာ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့က
Swinburne တက္ကသိုလ်ရဲ့ Liberal Arts Diploma Course ( ၂ နှစ်သင်တန်း) အပေါ်မူတည်ပြီး ပြောသွား
မှာ ဖြစ်ပါတယ်။
Sunday, May 9, 2010
တက္ကသိုလ်ဝင်တန်း ပြင်ဆင်မှုများ (နောက်ဆက်တွဲ - ၂)
သုတေသန (Research)
သုတေသန လို့ဆိုလိုက်ရင် ငယ်စဉ်က အင်မတန်ကြီးကျယ်တဲ့ကိစ္စ၊ ပညာအဆ
မတန် တတ်သူများရဲ့အလုပ် ရယ်လို့နားလည်ခဲ့ရပေမယ့် ဒီကနေ့ခေတ်၊ အထူး
သဖြင့် တိုးတက်ပြီးနိုင်ငံတွေမှာ မူလတန်းကျောင်းသူ၊ ကျောင်းသားတွေကအစ
လုပ်နေကြရတဲ့ သာမန်ပညာသင်ကြားရေး အထောက်အကူပြု လုပ်ငန်းစဉ်တစ်ခု
သာ ဖြစ်နေပါတယ်။

Wednesday, April 21, 2010
တက္ကသိုလ်ဝင်တန်း ပြင်ဆင်မှုများ (နောက်ဆက်တွဲ ၁)၊
ကူးချခြင်း (Plagarism)
နေရာတိုင်း နေရာတိုင်းမှာ သတ်မှတ်ထားတဲ့ ကျင့်ဝတ်နဲ့ မသတ်မှတ်ထားတဲ့
ကျင့်ဝတ်တွေ ရှိတတ်ကြပါတယ်။ သတင်းသမားကျင့်ဝတ်အနေနဲ့ သူတပါးရဲ့
သတင်းက ယူငင်ဖေါ်ပြတဲ့အခါ မူရင်းသတင်းဋ္ဌာနကို ရည်ညွှန်းအသိအမှတ်
ပြုရသလို အထက်တန်းပညာ ပေါင်းကူးရာမှာလည်း စာစီစာကုံး၊ အစီရင်ခံစာ၊
သုတေသနစာတန်းတွေ ရေးတဲ့အခါမှာ ရည်ညွှန်းချက် (reference) တွေသုံး
တတ်အောင်၊ မဖြစ်မနေ သုံးစွဲအောင် ကမ္ဘာတဝှမ်းက တန်းမြင့်ကျောင်းတိုင်း
လိုလို ဂရုတစိုက် သင်ပေးလေ့ ရှိပါတယ်။
မလိုက်နာရင် အမှားအပေါ်မူတည်ပြီး အရေးယူခံရပါမယ်။ စာသင်သားဘဝမှာ
ကျန်ရစ်သွားတတ်တာမျိုးကို သတိပေးခံရရုံနဲ့ ပြီးသွားနိုင်ပေမယ့် ဘွဲ့ရပြီးသူတွေ၊
အထူးသဖြင့် ပညာရှင်အဆင့် ရောက်ပြီးသူတွေအတွက်တော့ ဒီကိစ္စနဲ့ပတ်သက်ရင်
သိက္ခာပိုင်းအရ အတော်အရေးကြီးပါတယ်။ ကူးချတာဟာ ရာဇဝတ်မှုမမြောက်
ပေမယ့် ပညာရေးလောကရဲ့ အခြေခံတန်ဖိုးတစ်ခုဖြစ်တဲ့ ကျင့်ဝတ် (ethic) ကို
ထိပါးတာမို့ ပညာရှင်တစ်ယောက်အတွက် ရပ်တည်စရာ ဒေါက်တိုင်တစ်ခုအနေနဲ့
နှိုင်းယှဉ်လို့ ရနိုင်ပါတယ်။

Thursday, April 8, 2010
တက္ကသိုလ်ဝင်တန်း ပြင်ဆင်မှုများ၊
အခြေခံပညာရေး အဆင့်ကနေ အဆင့်မြင့်ပညာရေးကို ကူးပြောင်းရာမှာ
သိသင့်၊ တတ်သင့်တဲ့ နည်းလမ်းတွေကို သင်ရိုးညွှန်းတန်းအဖြစ် သတ်မှတ်
သင်ပေးနေတာလေးတွေတချို့ထဲက လက်ဆင့်ကမ်းလိုပါတယ်။ အင်္ဂလိပ်လို
သင်ကြားတဲ့ ကျောင်းသင်တန်းများကနေ စုဆောင်းထားတာ ဖြစ်ပါတယ်။
သိသင့်၊ တတ်သင့်တဲ့ နည်းလမ်းတွေကို သင်ရိုးညွှန်းတန်းအဖြစ် သတ်မှတ်
သင်ပေးနေတာလေးတွေတချို့ထဲက လက်ဆင့်ကမ်းလိုပါတယ်။ အင်္ဂလိပ်လို
သင်ကြားတဲ့ ကျောင်းသင်တန်းများကနေ စုဆောင်းထားတာ ဖြစ်ပါတယ်။
Subscribe to:
Posts (Atom)