ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ
Showing posts with label Recognized Work. Show all posts
Showing posts with label Recognized Work. Show all posts

Wednesday, April 7, 2010

ရွေးကောက်ပွဲကျားကွက်နှင့် တိုင်းရင်းသားတစ်ယောက်အမြင် (၂)

အမြင်သဘောထား ဆောင်းပါးတစ်ပုဒ်ကို ကရင်သတင်းစဉ်ကထပ် ဖေါ်ပြပေး
လိုက်လို့ လင့်ထည့်ပေးလိုက်ပါတယ်။ နည်းနည်းရှည်လို့ ရိုက်မထည့်နိုင်တာ
နားလည်ပေးကြပါ။ လာလည်တာ ကျေးဇူးပါ။
http://www.kicnews.org/?p=2431

Monday, April 5, 2010

ရွေးကောက်ပွဲကျားကွက်နှင့် တိုင်းရင်းသားတစ်ယောက်အမြင်

http://www.kicnews.org/?p=2388

ကရင်သတင်းစဉ်က သူ့အတွေးသူ့အမြင်ကဏ္ဍမှာ ဖေါ်ပြခံရတဲ့ ဆောင်းပါးပါ။
ပို့စ်လုပ်ရတာ အခက်အခဲရှိနေတုန်းမို့ လင့်ဘဲ ထည့်ထားပါတယ်။

Now it's serious NLD - အရေးကြီးနေပါပြီ NLD

မဇ္ဈိမအယ်ဒီတာ့ထံပေးစာ - ၁၆၊ ၀၃၊ ၂၀၁၀

ဖတ်ရသမျှသတင်းတွေကို တွေးတောဆန်းစစ်မိတဲ့အခါမှာ အဘဦးဝင်းတင်
ပြောသလိုပဲ NLD အတွက် ရွေးကောက်ပွဲဝင်ရေးဟာ ဒီလောက်အရေးမကြီးဘူး
လို့ မြင်မိပါတယ်။ ဗိုလ်ချုပ်များက သူတို့နဲ့ ယှဉ်လာမယ့်သူအားလုံးကို မလှုပ်
နိုင်အောင် ချည်တုပ်မိမယ်လို့ ယုံကြည်ထားတဲ့ ဥပဒေတွေထုတ်ပြီးမှ သူ့လူတွေ
ကို ကြိုးဝိုင်းထဲသွင်းပြီး စိမ်ခေါ်ခိုင်းမှာတော့ သေချာနေပါပြီ။

ထင်မြင်ချက်အမျိုးမျိုးနဲ့ ပွက်ပွက်ညံနေပြီး လက်သီးလက်မောင်းတန်းပြီး ဆန့်ကျင်
နေကြမယ့်သူတွေနဲ့ အပြေးအလွှား အခွင့်အရေးလေး ရတုန်းယူထားမှဆိုသူ
တွေလည်းရှိပါလိမ့်မယ်။ ဒီအချိန်ဟာ ခံစားမှုတွေကို ဘေးဖယ်ပြီး ဦးနှောက်သုံး
စီစဉ်မှုတွေကို ရှေ့တန်းတင်ရမယ်လို့ နားလည်မိပါတယ်။