ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Tuesday, May 29, 2012

မှတ်စုတို (၀၅ ၊ ၂၀၁၂)


**  ဒုက္ခများ “စု”ဝေးရာ 

     ဒေါ်စု မဲလခိုလှုံရာစခန်းသွားမယ်ဆိုလို့ ဝမ်းသာရမလိုလို ဝမ်းနည်းရမလိုလို ။
     သစ်ထူးလွင်မှာ ကွန်မန့်တွေတက်လာတော့ ဖတ်ပြီး ဝမ်းနည်းရမလိုလို ဒေါသထွက်ရမလိုလို ။ (လင့်)
     ညီမျှချင်းသုံးချောင်း ပို့ထားတယ်ဆိုတဲ့ အောက်ပို့စ်က ကွန်မန့်လည်း အာရ်အက်ဖ်အေနဲ့ သစ်
ထူးလွင်မှာ ခုထိ တက်မလာတော့ ၊ တစ်ခုခုတော့ တစ်ခုခုပဲလို့ စတွေးရတော့မလိုလို ။
     ကဲ .. ကွန်မန့်လေးတချို့နဲ့ ဈေးဦးဖေါက်လိုက်ရအောင် -

pop said... 
    အဲ့ဒိ ဒုက္ခသည်စခန်းဆိုတာ KNUနဲ့ သူတို့မိသားစုတွေ နေတဲ့နေရာပါ 
    လက်နက်ကိုင်ထားနဲ့KNUနဲ့ အမေရိကန်နဲ့ထိုင်ရဲတွေ အတူတွေ့နိုင်တဲ့နေရာပါ 
    May 27, 2012 6:37 PM

လင်းလင်း said... 
    အမှန်တကယ်ဆိုKNUဟာ ၁၉၄၈ ခုနှစ်နောက်ပိုင်းမှာ အောက်ဗမာပြည်တခြမ်းကို သိမ်းခဲ့ 
    ဘူးပါတယ် က၇င်စစ်တပ်ဟာ ဗမာစစ်တပ်ကိုအပြုတ်တိုက်ပြီး က၇င်လူမျိုးတွေမြန်မာပြည်ကို
    သိမ်းပိုက်ဖို့အထိ ကြံစီခဲ့တာပါ သမိုင်းကသက်သေပြနေပါတယ် မင့်တို့ဟာမင့်တို့ပြည်နယ်ကို 
    ကိုယ်ပိုင်အုပ်ချုပ်ခွင့် ၇ဖို့တစ်ခုတည်း တိုက်ပွဲဝင်နေတာမဟုတ်ပါဘူး မင့်တို့အခု ဒုက္ခသည် 
    စခန်းဆိုတာကလဲဘဲ မင့်တို့ကိုယ်တိုင်ဖန်တီးခဲ့တာပဲလေ အခုကျမှ အပိုတွေပြောမနေပါနှင့်ကွာ
     May 27, 2012 11:48 PM

Tuesday, May 22, 2012

ပြည်တွင်းစစ်ထဲက မှန်ကွဲစလေးတွေ (၁ + ၂ + ၃)



      ဒီကနေ့ ပြည်တွင်းစစ်မှာ ရှေ့နောက်မီသူတွေ နည်းလာတယ် ။
     မျိုးဆက်သစ်တွေ ထပ်တိုးလာတယ် ။ မသိတာတွေ ၊ မမှီတာတွေ ၊ လစ်ဟာနေတာတွေ ပို
များလာတယ် ။ လူတစ်ယောက်စီမှာ ကိုယ်စီ သိထားတာ ၊ မှတ်ထားတာ ၊ မေ့လို့မရတာ ၊ လက်
ဆင့်ကမ်းသင့်တာ ၊ သင်္ခန်းစာယူစရာတွေ ရှိကြတယ် ။ အဲဒီထဲမှာ အချို့လူတွေကနေ မေ့သွား
စေချင်တာမျိုးလည်း ပါမယ် ။

     မှတ်မှတ်ရရလေးတွေထဲက ဆက်စပ်ကြည့်နိုင်ဖို့ အပိုင်းစလေးတချို့ကို ဝေဌလိုက်ပါတယ် ။
ဒါတွေကနေ ကနေ့ ကျနော့်ရဲ့ ကိုယ်ပိုင်ရပ်တည်ချက်တွေကို တစ်စိတ်တစ်ပိုင်း ပုံဖေါ်ထားပေး
တယ်လို့ ဆိုနိုင်တယ် ။



(၁)   ပါတီလိုင်း - မ.ဆ.လခေတ်မှာ မြို့နယ်အဆင့် ရာထူးရှိသူ ပါတီဝန်ထမ်းတွေကို နေရာချထား
                      တဲ့ လိုင်းခန်းတွဲတွေရှိရာကို ခေါ်တဲ့နာမည်ပါ ။ သိသူများပါတယ် ၊ ခုတော့ စစ်
                      တပ်က ပြန်ယူလိုက်ပါပြီ ။ ဘားအံမြို့ အရှေ့မြောက်ခြမ်း ဗိုလ်ချုပ်လမ်းပေါ်မှာ
                      ရှိပြီး စစ်တပ်နဲ့ မျက်နှာချင်းဆိုင်မှာ လမ်းမကြီးပဲ ခြားပါတယ် ။

     လိုင်းခန်းတွေထိပ်မှာ ပြည်နယ်ရုံးက ဝန်ထမ်းစာရေးတစ်ယောက် ကွမ်းယာဆိုင်ဖွင့်ထားပြီး
လိုင်းခန်းတန်းနေ လူငယ်တွေနဲ့ ကလေးတွေ စုရုံးရာ ဆော့ကစားရာ ပတ်ဝန်းကျင်လေးပေါ့ ။
ဆိုင်ရှေ့ လမ်းတစ်ဖက်ကမ်းက အကြပ်စစ်သားတွေလည်း လာကျက်စားရာ နေရာတစ်ခုပါ ။ ပါ
တီနဲ့ စစ်တပ်အသိုင်းဝိုင်းတွေမို့ အခြားနေရာတွေမှာ မပြောဖြစ်တာတွေကိုလည်း ပြောကြ ကြား
ကြရတဲ့နေရာ ဖြစ်ပါတယ် ။

Wednesday, May 16, 2012

တစ်ယောက်ထဲ စကား



     အေးအေးလူလူ မနေနိုင်တော့ သစ်ထူးလွင်ဝက်ဘ်ဆိုက်မှာ သွားဖတ်ပြီး မှတ်ချက်နည်းနည်း
ပေးဖြစ်တယ် ။ အဲဒီက မှတ်ချက်အတိုချုပ်နဲ့ ထပ်ပေါင်းအနည်းကျဉ်းကို ပို့စ်တစ်ခု လုပ်တင်လိုက်
ပါတယ် ။ နည်းနည်းတိုအောင်လုပ်ပြီး ပြင်ထားတာတွေလည်းပါလို့ အပြည့်ဖတ်ချင်ရင် လင့်အတိုင်း
လိုက်သွားပြီး ဖတ်ကြလို့ ရပါတယ် ။ နောက်နေ့တွေမှာလည်း စိတ်ထဲပေါ်လာတာအချို့ကို ထပ်
ဖြည့်ဦးမှာမို့ နားနားနေနေ လာဖတ်လို့ ရပါသေးတယ် ။


 *  တရာရေး  (သတင်းလင့်) 

     အပေါ်က မှတ်ချက်အချို့မှာ ပြည်သူတွေ ထိတ်လန့်အောင် ထိခိုက်အောင်လုပ်သူမို့ သေ
ဒဏ်ပေးဖို့ ပြောတာတွေ တွေ့ရပါတယ် ။ မြင်တာကတော့ ဒီလို သူတစ်ပါးအကြောင်း ဂဃ
နဏမသိပဲ ဒုက္ခရောက် စေချင်သူတွေနဲ့ အာဏာရှိသူတွေရဲ့ လူတွေအပေါ် ဒုက္ခပေးချင်တဲ့
စိတ်အခြေခံတွေဟာ မတိမ်းမယိမ်းပါပဲ ။ သူမကောင်းလို့ ကိုယ်မကောင်း ၊ စနစ်မကောင်းလို့
လူမကောင်း ၊ လူမကောင်းလို့ စနစ်မကောင်းဆိုသလို ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဖြစ်စဉ်ကြီးမှာ
ကျနော်တို့တွေ မျောပါနေကြတာပါ ။ ဒါတွေကို မမြင်နိုင်ရင် ဒုံရင်းဒုံရင်း ဘဝကနေ တက်ဖို့
မလွယ်ပါဘူး ။ ခုကိစ္စမှာ “တရားရေး”ဟာ “တရာရေး”ဆိုပြီး တင်စားရမလို ဖြစ်နေတယ် ။

Sunday, May 13, 2012

ယုတ္တိဆိုင်ရာ အတွေးမြင်မှားများ (Logical Fallacies) - မိတ်ဆက် (၁)




     ဒီစာစုမှာ ဆန်းစစ်ဝေဖန်တွေးခေါ်ခြင်း(critical thinking) ရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်တဲ့
“ယုတ္တိဆိုင်ရာ အတွေးမြင်မှားများ” (logical fallacies) ကို မိတ်ဆက်ပေးချင်ပါတယ်။

     အဦးအစအနေနဲ့ ဆွေးနွေးငြင်းခုံမှု (argument) ဆိုတာကို ကြည့်ဖို့လိုပါတယ်။ ဆွေးနွေးငြင်းခုံမှု
တွေကို မိတ်ဆွေနှစ်ယောာက်ကြား အနေထားကနေ ရုပ်မြင်သံကြားနဲ့ အင်တာနက်လိုတွေမှာ နေရာ
အနှံ့ တွေ့ရမှာပါ။ အချို့ ဆွေးနွေးငြင်းခုံချက်တွေဟာ ဘဝင်ကျ ယုံကြည်စေလောက်ပေမယ့်၊ အဲဒီ
အထဲက အတော်များများ မှာတော့ ယုတ္တိအမှားတွေအပေါ်မှာ အခြေခံထားကြတာပါ။ အဲဒီ မကြာ
ခဏ ဖြစ်တတ်သုံးတတ်တဲ့ ယုတ္တိအမှားတွေကို သတိမထားမိရင် (အဲဒီ)သုံးစွဲသူရဲ့ ဆွေးနွေးငြင်းခုံမှုကို
ဘဝင်ကျ ယုံကြည်စေလောက်တာတွေလို့ ထင်မိတတ်ကြပါတယ်။ အချို့နေရာမှာ ဆွေးနွေးသူကနေ
တမင်သုံးစွဲတာ ဖြစ်တတ်သလို၊ အချို့မှာတော့ ကိုယ်တိုင်သတိမထားမိပဲ ပါသွားတာမျိုးတွေလည်း
ရှိပါတယ်။

Thursday, May 10, 2012

သတ်စရာတွေလည်း အများကြီးရှိသေးတယ်


     ဒီရက်ပိုင်း သတင်းတွေထဲက http://www.thithtoolwin.com/2012/05/kia-bgf.html
ထဲမှာ ပါလာတဲ့ မှတ်ချက်တစ်ခုက မျက်လုံးထဲ စူးစူးရှရှ ဝင်လာခဲ့တယ် ။
Ko Nyo Khant ( Mdy university.) said...
   "နိုင်ငံတစ်နိုင်ငံမှာ စစ်တပ်တစ်တပ်ဘဲရှီတယ်၊ ကျန်လက်နက်ကိုင်တွေကို
အမြစ်ပြတ်ခြေမှုန်းပြစ်ရမယ်။ အချုပ်အခြာအာဏာကို ထိပါးတဲ့သူမှန်သမျှ
တိုက်ထုတ်ပြစ်ရမယ် ရှေးပဝေသနီထဲက ကချင်ပြည်နယ်ဟာ ဒို့ဗမာဘုရင်
တွေရဲ့ လက်အောက်ခံဘဲ ဒို့ဗမာဘုရင်တွေရဲ့အာဏာဟာ မဏိပူရ အာသံ၊
ဇင်းမယ်ထိ ပြိုင်စံရှားခဲ့တယ်။ လက်နက်လူသူအင်အားမမျှလို့ သူ့ကျွန်ဖြစ်ခဲ့
ရတယ်။ အင်္ဂလိပ်က သွေးခွဲအုပ်ချုပ်ခဲ့လို့ ဒို့နိုင်ငံ အစိတ်စိတ်အမွှာမွှာ ပြိုကွဲခဲ့
ရတယ် လွတ်လပ်ရေးရပြီးသည့်တိုင် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်
မနေခဲ့ရဘူး၊ ဒို့ဗမာဘုရင်တွေက ပထမမြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံ
တော်၊ တတိယ မြန်မာနိုင်ငံတော်တွေအဖြစ် စည်းရုံးသိမ်းသွင်းနိုင်ခဲ့တယ်၊
ဒို့ဗိုလ်ချုပ်အောင်ဆန်းက စတုတ္ထ မြန်မာနိုင်ငံတော်အဖြစ် စည်းရုံးသိမ်းသွင်း
နိုင်ခဲ့သလို ခုဒီမိုကရေစီမြန်မာနိုင်ငံတော်အနေနဲ့ ပဉ္စမမြန်မာနိုင်ငံတော်ကြီး
ဖြစ်အောင် သိမ်းသွင်းနေတယ်။ အဲဒါကို တိုင်းရင်းသားပေါင်းစုံက အသိစိတ်
ဓါတ်ရှိရှိ ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းပါဝင်သင့်ကြောင်း ရေးသားလိုက်ပါတယ်။"

Tuesday, May 1, 2012

နိုင်ငံရေးနှင့် အပိုင်းအစတစ်ချို့



     ကနေ့ မြန်မာပြည်ရဲ့ ပြောင်းလဲမှုနဲ့ ဖြစ်တည်ရှိနေတာတွေအပေါ် အမြင်သဘောထားတွေ
အမျိုးမျိုးရှိကြပါတယ်။ ဒီအထဲမှာ ရှမ်းသံတော်ဆင့်မှာဖေါ်ပြခဲ့တဲ့ ဆောင်းပါးအချို့ထဲက လက်
တွေ့စာတွေ့ဘဝတွေနဲ့ မကင်းကွာသော်မှ ချွတ်ချော်မှုတွေ ရှိနေတယ်လို့ ယူဆနိုင်တဲ့ အဆိုပြု
တင်ပြချက်နဲ့ အကြောင်းရာအချို့ကို သိမှတ်နားလည်ထားတာတွေနဲ့ ချိန်ထိုးကြည့်ပါရစေ။

ဒီတစ်လ မှတ်တမ်း ~ ၀၄ ၊ ၂၀၁၂



 နောက်ပိတ် စုံစီနဖာ

     မှတ်တမ်းရေးတာက တစ်ထောင့်တစ်ညပုံပြင် ဖြစ်မသွားခင် အမြင်တိုလေးတွေနဲ့ အဆုံး
သတ်လိုက်ပါ့မယ် ။

(၁)  ဦးသိန်းစိန်ကို သဘောကျကြတယ် ။ အများလည်း အကျိုးရှိ ၊ သူလည်း သိက္ခာနဲ့ နေရာ
       တစ်ခုရလာတဲ့ ကိစ္စ ပနံတင့်တယ်လို့ အပေါ်ယံပြောနိုင်တယ် ။ တစ်ဖက်မှာကြည့်တော့
ဒါဟာ populist policy လို့ခေါ်တဲ့ ပေါ်ပင် (သို့မဟုတ်) ခိုင်မာတဲ့ အခြေခံအဆောက်ဦတွေ
အရင်တည်ဆောက်ရမှာကိုဘေးဖယ်ပြီး လူများစုအကြိုက်လုပ်တဲ့ လုပ်ရပ် လုပ်ငန်းစဉ်လို့ ခေါ်
လို့ရနိုင်တယ် ။

Sunday, April 1, 2012

ငါ ငါတို့ သည်ကား ...



     မနက်အိပ်ယာထတာနဲ့ နောက်နေ့ပို့ချမယ့် သင်္ခန်းစာတွေနားထောင်ဖို့ရာ စာနည်းနည်း ကြို
ဖတ်ဖြစ်တယ် ။ အမြင်အာရုံကို ဖမ်းစားလိုက်တာက အာဆီယံအဖွဲ့ပါ ။ ဆက်စပ် အတွေးနယ်ချဲ့
မိပြန်တယ် ။

     အာဆီယံ ဘာလုပ်သလဲဆိုတာထက် အဖွဲ့ဖြစ်တည်လာရတဲ့ အကြောင်းရင်းက ခေါင်းထဲဝင်
လာတယ်။ အတိုဆုံး အဖြေကတော့ “ငါတို့” ဆိုတဲ့ စိတ်အမြင်ကို တည်ဆောက်လိုက်တာပဲလို့
မြင်လာတယ် ။

Saturday, March 31, 2012

ကရင်တွေ ဘာလဲ ၊ ဘယ်လဲ ၊ ဘာကြောင့်လဲ (၁) ~ (နှိုးဆော်လွှာ ၊ ၂၀၀၈)



     အားလုံး အေးချမ်းသာယာပါစေလို့ ကရင်တစ်မျိုးသားလုံးကို နှုတ်ခွန်းဆက်ပါတယ် ။

     ဒီစာစောင်ရဲ့ ရည်ရွယ်ချက်ကတော့ ကရင်လူမျိုးတွေရဲ့ အခြေခံအကျဆုံး မရှိမဖြစ် ဗဟုသူတတွေ ၊
လက်ရှိတွေ့ကြုံနေကြရဆဲ အမျိုးသားရေး အနာဂါတ်တွေကို ကရင်လူထုအကြား သိမြင်ပြန့်ပွား နိုး
ကြားကြစေဖို့ပါပဲ ။ ဒီစာစောင်ဟာ သွေးထိုးလှုံ့ဆော်စာ မဟုတ်သလို ဒီအထဲမှာပါတဲ့ အချက်တွေ
နဲ့ပတ်သက်လို့ ကွဲပြားတဲ့အသိ ၊ အတွေးအမြင်တွေကို မဝေးတဲ့ကာလတစ်ခုမှာ ကရင်သားချင်းတွေ
စုံစုံညီညီ တွေ့ဆုံဖလှယ်ပြီး အဖြေရှာကြဖို့လည်း ရည်ရွယ်ပါတယ် ။ ခေတ်အဆက်ဆက်က ကရင်
တွေ ဖြတ်သန်းခဲ့ရတဲ့ သမိုင်း ၊ ရှိခဲ့တဲ့ ရှိနေတဲ့ ယဉ်ကျေးမှုနဲ့ စာပေ ၊ တွေ့ကြုံရင်ဆိုင်နေကြရတဲ့ အ
ခက်အခဲ အမျိုးမျိုးနဲ့ အမြန်ဆုံးဖြေရှင်းဖို့ လိုအပ်နေတဲ့ ကရင့်အားနည်းချက်တွေကို စုစည်းပြီး မေး
ခွန်းကလေးတွေအနေနဲ့ အောက်မှာ ထုတ်နှုတ်ကြည့်ထားပါတယ် ။ ဖတ်ရှုသူများအနေနဲ့ စဉ်းစား
အဖြေရှာ ၊ သွေးချင်းများနဲ့ ဆွေးနွေး နှီးနှော မေးမြန်း ၊ နားလည်သိရှိသူများဆီက လေ့လာနာယူ
မှတ်သားကြရအောင် ....

Wednesday, March 14, 2012

တိုတိုတုတ်တုတ်


     အချိန်မရလို့ တိုတိုပဲ ရေးပါမယ် ။

(၁)  မန်းငြိမ်းမောင် တစ်သက်တစ်ကျွန်း

     မန်းငြိမ်းမောင် တစ်သက်တစ်ကျွန်း + ၃ နှစ် စီရင်ချက်ချခံရတော့ ဘာဖြစ်သလဲ ။ သဲသဲလှုပ်ကြ
သပေါ့ ။ ကျနော် ဘာထင်သလဲ ၊ သူ့အလုပ်သူလုပ် ကိုယ့်အလုပ် ကိုယ်လုပ်တယ်လို့ မြင်တယ် ။ သူ
ပုန်တစ်ယောက်ကို ထောင်ချတာ မဆန်း ။

     ဆန်းတာက ထောင်ချပြီးမှ သမ္မတအမိန့်နဲ့ ပြန်လွှတ်မယ့် အထာ ။

Monday, March 12, 2012

မရေးဖြစ်လိုက်တဲ့ ဖေဖေါ်ဝါရီလ ဒိုင်ယာရီ

(၄)  ဆန့်ငင်ဆန့်ငင် ခြေလှမ်းသစ်

     လူမျိုးအကြောင်းတွေ ပြောနေတော့ လာဖတ်သူထဲက အချို့လည်း မသက်မသာ ဖြစ်ကြမယ်
ထင်ပါတယ် ။ ဒီနေ့တော့ အဲဒါတွေ ဖြတ်ထားလိုက်ပါ့မယ်ဗျာ ၊ နောက်ထပ်လှမ်းဖို့ ရည်ရွယ်ထား
တဲ့ ခြေတစ်လှမ်းအတွက် နည်းနည်းပြောပါ့မယ် ။ လမ်းခရီးဖြောင့်သွားအောင် အကြံပေးနိုင်သူများ
ရှိလည်း ရှိမလားလို့ပါ ။

Monday, March 5, 2012

ချဲထိုးရင် တဲထိုးရမယ် ၊ ဒါတင်လား ...



   ချဲအပါအဝင် တရားမဝင်လုပ်ငန်းတွေကို တိုက်ခိုက်ဖြိုဖျက်ရမယ် ၊ အမြစ်ပြတ် ချေမှုန်းရမယ် ၊ ဒါ
တွေဟာ လူမှုအသိုင်းဝိုင်းထဲမှာ မရှိသင့်ဖူး စသည်ဖြင့် မြန်မာအသိုင်းဝိုင်းမှာ မကြာခဏ ကြားနေမြင်
ကြရပါတယ် ။ ဒီနေရာမှာ ဦးသိန်းစိန်ရဲ့ အကျင့်ပျက်ချစားမှု တိုက်ဖျက်ရေးဆိုတာကိုပါ တစ်ပါထဲ
ပြေးမြင်မိပါတယ် ။

   ဒီစကားတွေဟာ တကယ်ဖြစ်နိုင်သလား ၊ လက်တွေ့ကျရဲ့လား ။