ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Wednesday, August 1, 2012

ခေတ်တစ်လျားရဲ့ ရောင်ပြန်တစ်မျက်နှာ (ဒုတိယပိုင်း)



ကွန်မြူနစ် နှင့် ဆိုရှယ်လစ် ဗိုလ်ချုပ်များ
by Bo K Nyein on Monday, July 16, 2012 at 11:18am 

                                                                         အပိုင်း (၃)

◊  ဗိုလ်နေ၀င်း နဲ့ ဗိုလ်ဇေယျ ရင်ဆိုင်တွေ့ ပြီ

   ဗိုလ်လက်ျာက ကရင်စစ်ဗိုလ်တွေနဲ့ ပေါင်းသွားတော့ ဗိုလ်နေဝင်းရဲ့ ပြိုင်ဖက်က ဗိုလ်ဇေယျလာဖြစ်တယ်။

Tuesday, July 31, 2012

ခေတ်တစ်လျားရဲ့ ရောင်ပြန်တစ်မျက်နှာ (ပထမပိုင်း)


   ဦးဘိုဘိုကျော်ငြိမ်းရဲ့ Facebook က ဆောင်းပါး (၄) ပုဒ်ကို မာရသွန် ပို့စ်တစ်ခုအနေနဲ့ တင်ပေးထားတာ
ပါ။လူတိုင်းအတွက် မဟုတ်နိုင်ပေမယ့် လေ့လာလိုသူ သင်္ခန်းစာ ယူလိုသူတွေအတွက် တန်ဖိုးရှိတယ်လို့
ယုံကြည်တာကြောင့် ပုဂိုလ်ရေးခံစားမှု အရေးသား အနည်းကျဉ်းကို ကာယကံရှင်ရဲ့ ခွင့်ပြုချက်နဲ့ ဖြတ်
တောက်ပြီး စုစည်း မှတ်တမ်းလုပ် တင်ထားတာ ဖြစ်ပါတယ် ။

  ဆက်မသွားခင် စကားပလ္လင်တစ်ချို့ ခံထားချင်ပါတယ် ။
  ဒီဆောင်းပါး တစ်ခုလုံးကို တစ်လုံး တစ်ပါဒမကျန် ကြိုက်နှစ်သက်တယ် ဆိုတာထက် သင်္ခန်းစာ ယူနိုင်ဖို့
ကိုအဓိကထားတယ်ဆိုတာ ထပ်ပြောထားချင်ပါတယ် ။ ဗမာပြည် အင်္ဂလိပ်ခေတ်နှောင်းပိုင်းကနေ ဒီက
နေ့အကြားမှာ လစ်ဟာနေခဲ့တဲ့ သမိုင်းနဲ့ စုစည်းခြုံငုံ သုံးသပ်ပြသူတွေ အင်မတန်နည်းတဲ့ကြားမှာ ထောင့်
တစ်ထောင့်အမြင်ကနေ ခပ်တိုတို မြင်ပြထားတဲ့ ဒီဆောင်းပါးကို သဘောကျမိတာ မဆန်းဘူးလို့ ဆိုနိုင်ပါ
တယ် ။

  ပြောခဲ့တဲ့ အတိုင်းအတာ သမိုင်းတစ်ဖြတ်စာထဲမှာ ဖြစ်စရာရှိခဲ့တာတွေ ဖြစ်ခဲ့သလို ၊ အောင်နိုင်သူ ရှူံး
နိမ့်သူတွေ ရှိခဲ့တာလည်း အများအသိပါပဲ ။ အဲဒီထဲမှာ ကွန်မြူနစ် ၊ တိုင်းရင်းသား လူမျိုးစုတွေ စတဲ့ ပရိ
ရာယ်သိပ်မသုံးခဲ့သူများရဲ့ မကြေမလည် အသံတွေဟာလည်း ကနေ့ထိ ပဲ့တင်ထပ်နေတုန်းပါ ။ ဒါပေမယ့်
အမှားတွေ အားနည်းချက်တွေကို မြင်ကြ ပြင်ကြ အကောင်းဆုံး မွမ်းမံနိုင်ကြရင်တော့ မဆုံးသေးတဲ့ သ
မိုင်းခရီးစဉ်မှာ အကျိုးအမြတ်တွေ ရနိုင်ကြပါလိမ့်မယ် ။ အရှိတရားကို လက်မခံနိုင်ပဲ လေရူးနဲ့အတူ လွင့်
ပါးသွားမယ့် အဖွဲ့အစည်းတွေလည်း ရှိကောင်းရှိမှာပါပဲ ။ ဒါကိုတော့ ကျနော့်လို အညတရတစ်ယောက်
တင် မဟုတ်ပါဘူး ၊ဘယ်ပညာရှိမှလည်း ကယ်နိုင်မှာ မဟုတ်ပါဘူး ။

  ဦးဘိုဘိုကျော်ငြိမ်းဟာ ဗမာပြည်လွတ်လပ်ရေးမှာ အရေးပါခဲ့သူ တစ်ယောက်ဖြစ်တဲ့ ဦးကျော်ငြိမ်းရဲ့ သား
ဖြစ်ပြီး အမေရိကန်က နာမည်ကျော်ကြားတဲ့ Silicon Valley မှာ အင်ဂျင်နီယာပိုင်းဆိုင်ရာ စီမံအုပ်ချုပ်ရေး
ရာထူး မြင့်မြင့်မားမား ရယူလုပ်ကိုင်ခဲ့သူဖြစ်ပြီး ၊ ခုနေမှာတော့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အငြိမ်းစားယူ နား
နေပြီ ဖြစ်ပါတယ် ။
ဆက်ဖတ်လိုက်ကြရအောင်ပါ ခင်ဗျာ ။

မန်းကိုကို
၃၁ ၊ ၀၇ ၊ ၂၀၁၂

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကွန်မြူနစ် နှင့် ဆိုရှယ်လစ် ဗိုလ်ချုပ်များ
by Bo K Nyein on Monday, July 16, 2012 at 11:32am ·
မေလ ၁၂ရက် ၂၀၁၂

အပိုင်း (၁) က

Saturday, July 28, 2012

လ္ဘက်ရည်ချောဝိုင်း



  တစ်ယောက်ထဲပြောမယ့် စကားဝိုင်းမှာ ကိုယ်က လ္ဘက်ရည်ကြမ်း သောက်နေပေမယ့် ၊ ဖတ်သူတွေထဲ
မှာ ကော်ဖီသောက်သူ ၊ အချိုရည်သောက်သူ ၊ သက်သတ်လွတ်ဘောင်ထဲဝင်တဲ့ အရက်ပျံသောက်သူ
တွေလည်း ပါမှာမို့ ကိုယ့်အကြမ်းနဲ့ရောပြီး အချောလို့ လိုချင်ရာ သမလိုက်တာပါ ။ ဒါပေသိ စာကတော့
စိတ်ထဲဝင်လာသလို အစဉ်လိုက် ရေးသွားမှာမို့ ချောချင်မှ ချောပါလိမ့်မယ် ။ ကိုယ်ဖတ်ချင်တာနဲ့ မကိုက်
ရင် ပိုတောင်ကြမ်းတယ်လို့ ထင်ချင်ထင်ဦးမှာ ။

□  မျက်မှန် ပဒေသာ

   “နေကာမျက်မှန်လေးနဲ့ လေးနှမရယ်ကွယ် …. တစ်ပြေတစ်ရွာစီ ဆက်ဆံရေးမို့ ဝေးကြရမယ် ထင်ပါ
တယ် …..”  ဆိုတဲ့ ရေဒီယိုက သီချင်းလေးကို အဖိုးကြီးအဖွားကြီး မဖြစ်တဖြစ်တွေ မှတ်မိကြမှာပါ ။

Saturday, July 21, 2012

۩ ယုတ္တိဆိုင်ရာ အတွေးမြင်မှားများ (Logical Fallacies) - မိတ်ဆက် (၃)


(၅)  တစ်ဖက်သားကို ခြိမ်းခြောက်ခြင်းနည်းလမ်း (Scare tactics) 

   ကြောက်ရွံ့ခြင်းဟာ အင်မတန် အင်အားကြီးမားတဲ့ လှုံ့ဆော်တွန်းအားပေးမှု တစ်ခုပါပဲ ။ အင်
အားကြီး လွန်းလှတာကြောင့် လူတွေကို မကြာခဏဆိုသလို ကျိုးကြောင်းမကျတဲ့ တွေးခေါ်ပြုမူ
တာတွေကို ဖြစ်စေတတ်ပါတယ် ။ 

   Scare tactics Fallacy ဟာ အဆိုပြုငြင်းခံသူ တစ်ဦးကနေ နားထောင်သူ သို့မဟုတ် တစ်ဖက်
သားကနေ သူ့ရဲ့ အဆုံးသတ်ကောက်ချက်ကို လက်မခံဘူးဆိုရင် ထိခိုက်စေအောင် လုပ်မယ်လို့ ခြိမ်းချောက်တဲ့ အခါမျိုးတွေမှာ ကျူးလွန်မိတဲ့ အမှားပါ ။ ဒီနေရာမှာ ခြိမ်းချောက်မှုဟာ အဆိုပြု
ငြင်းခုံသူရဲ့ အဆုံးသတ်ကောက်ချက်နဲ့ ဆီလျှော်သက်ဆိုင်မှု ကင်းဝေးလေ့ရှိပါတယ် ။ နမူနာ ပြ
ရရင် - 

Wednesday, July 11, 2012

ကျနော်ချစ်တဲ့ ဦးလေး



   လူတိုင်းဘဝမှာ အချစ်ပိုရတဲ့ ပုဂိုလ် တစ်ဦးတစ်ယောက်တော့ ရှိတတ်ကြတာ ဓမ္မတာ ။
   မိဘ ဆွေမျိုး မိတ်သင်္ဂဟနဲ့ ချစ်သူ လင်မယားတွေထဲက ဖြစ်နိုင်သလို ၊ တစ်ယောက်ထက်
လည်း ပိုနိုင်တာလည်း သဘာဝ ။

Saturday, July 7, 2012

တို့မဝေးဘူး . . . . . . အလွဲတွေနဲ့ (၁ + ၂ + ၃ + ၄ & ၅)



   အင်တာနက်ပေါ် ပြောကြ ရေးကြ မှတ်ချက်ပေးကြတာတွေဟာ အချို့လူတွေအတွက် စိတ်ထွက်
ပေါက်ရှာတာ ဖြစ်ကြသလို ၊ အချို့မတော့ ပင်ကိုယ် ရင်ထဲက ရှိတာတွေကို လှစ်ဟပြဖို့ ကြိုးစားချက်
တွေဆိုတာ ငြင်းမယ့်သူ မရှိလှဘူးလို့ ယူဆပါတယ် ။ အဲဒီအထဲက လက်လှမ်းမီသမျှကို စုဖွဲ့ပြီး မှတ်
ချက်နည်းနည်း ရေးချကြည့်ပါရစေ ။ အဖြစ်သည်းသူလို့ ခေါ်ချင်ခေါ် ၊ မြင်သမျှကို တစ်ပုတ်ထဲကို
ရောထည့်လိုက်တာလို့ စွပ်စွဲစွဲ မြင်တာ ယူဆတာကို ပြောတာမို့ ၊ သင့်တင့်တဲ့ အကြောင်းတွေနဲ့
ထောက်ပြရင် ချွင်းချက်ရှိကြောင်းနဲ့ အတွေးလွဲချော်သွားကြောင်း ဝန်ခံပါ့မယ် ။ 

(၁)  ဒေါ်လာစား NGOs 

   ပြောရတာ အပ်ကြောင်းများ ထပ်နေမလားတော့ မသိဘူး ။ လုပ်စားတွေ ၊ ခိုင်းဖတ်တွေ ၊ ဒေါ်လာ
စားတွေ ကိုယ်ကျိုးရှာ အခွင့်ရေးသမားတွေ စသည်ဖြင့် NGO ၊ ပြည်ပသတင်းနဲ့ အဖွဲ့စည်းတွေမှာ
လုပ်ကိုင်နေသူaတွကို နာမည်တပ် တိုက်ခိုက် လေပုတ်ထုတ်နေကြတာ အတော်များများ တွေ့နေရ
လို့ အဲဒီလူတွေကို မေးခွန်းထုတ်ချင်စိတ် ပေါ်လာမိတယ် ။

Tuesday, June 26, 2012

Ж ယုတ္တိဆိုင်ရာ အတွေးမြင်မှားများ (Logical Fallacies) - မိတ်ဆက် (၂) Ж



(၂)  အကြောင်းရင်းခံကို တိုက်ခိုက်ခြင်း (Attacking the motive)

   ပုဂိုလ်ရေး တိုက်ခိုက်မှုနဲ့ နီးကပ်ယှက်နွယ်နေတဲ့ အတွေးမြင်မှား (fallacy) တစ်ခုဖြစ်ပါတယ် ။
   ဒီအတွေးမြင်မှားဟာ ဆွေးနွေးငြင်းခုံသူ တစ်ဦးရဲ့ အဆိုပြုတင်ပြချက်ကို ဆန်းစစ်လေ့လာဖို့ထက်
သူ့ရဲ့ နောက်ခံ အကြောင်းရင်း / ရည်ရွယ်ချက် / စေ့ဆော်မှုကို မေးခွန်းထုတ် တိုက်ခိုက်တတ်တာ
မျိုးပါ ။ နမူနာ ကြည့်ရအောင် ။

۩  ပါမောက္ခ ဦးမောင်ဟာ ပညာရှင်တွေကို အမြဲတမ်းဝန်ထမ်းတွေအဖြစ် ခန့်အပ်ထားဖို့
အဆိုပြုချက် ဖက်ကနေ ရပ်တည်သူ တစ်ယောက်ဖြစ်တယ် ။ ဒါပေမယ့် သူ့လို လက်ရှိ
အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ခံထားရသူ တစ်ယောက်အနေနဲ့ ဒီလိုပြောတာ မဆန်း
ပါဘူး ။ သူပြောတာတွေကို နားထောင်ဖို့ တောင် မသင့်ဘူး ။

Sunday, June 10, 2012

လမျှော် နေထွက်



     လက်ရှိအနေထားမှာ မြန်မာပြည်ထဲ အမြန်ဆုံးပြေလည်အောင် လုပ်သင့်တဲ့ အရေးကြီးဆုံး
အချက် ၂ ချက် ရှိပါတယ် ။

     (၁)  ကချင်စစ်ပွဲ
     (၂)  နိုင်ငံရေး အကျဉ်သား တွေ ဖြစ်ပါတယ် ။

     ဒါပေမယ့် အဲဒီကိစ္စတွေမှာ ခံစားချက် မရှိကြဘူးလို့ ထင်ရလောက်အောင် ငြိမ်နေခဲ့ကြသူ
တွေက ခုနေမှာ မျက်လုံးတွေထဲက မီးလျှံတွေထွက်မတတ် ဖြစ်ပျက်နေကြတာမြင်တော့ ကိုယ့်
ဘာသာ တစ်ယောက်ထဲ သံဝေဂပဲ ရပြီးနေရတော့ မလိုပါပဲ ။ 

     အောက်မှာတော့ တိုက်ရိုက် ဆက်စပ်မှုတွေ ရှိချင်မှရှိမယ့် စာလေးတွေကို စုစည်းလိုက်
ပါတယ် ။

Friday, June 8, 2012

မှတ်ချက် တိုရှည်




     လူတစ်ယောက်ဟာ သူ့ရဲ့ အမြင် ၊ သိနားလည်မှု ၊ ယုံကြည်ချက်နဲ့ ခံယူချက်တွေကို ချရေးပြ
လိုက်တဲ့အခါ အခြားသူတွေအတွက်လည်း ကွဲပြားတဲ့အမြင် ၊ တူညီတဲ့ အခြေခံနဲ့ ပိုကောင်းမယ်
ထင်တဲ့ လမ်းကြောင်းတွေကို တင်ပြ ဖလှယ် သင်္ခန်းစာ ယူနိုင်ကြဖို့ အခွင့်အလမ်းတွေ ပေါ်လာ
တယ် ။ 

     ဒီသဘောတရားကို အခြေခံပြီး ပြောဆိုဆွေးနွေးခဲ့တာတွေထဲက မသိရင် မသိသလို ၊ သိရင်
သိသလို မှတ်ချက် ၊ ဆွေးနွေးချက် ၊ တင်ပြချက်တွေ လုပ်ခဲ့တာမှာ အတိုင်းတာတစ်ခုအထိ အ
ကျိုးသက်ရောက်ခဲ့ တယ်လို့ ပြောလို့ရတယ် ။ ကိုယ့်ရဲ့ အခြေမခိုင်တဲ့ လက်ခံထားတာတစ်ချို့ကို
ပြင်နိုင်ဖို့ အခွင့်ရေးရခဲ့တယ် ။ 

     အောက်မှာတော့ မှတ်ချက်တချို့ကို ပို့စ်အဖြစ် စုစည်းတင်လိုက်ပါတယ် ။ အချိန်ယူ ရေးထား
တာတွေ မဟုတ်ပဲ တစ်ထိုင်ထဲမှာ စိတ်ထဲ ပေါ်လာသမျှတွေကို ချရေးထားတာ များတာကြောင့်
ဆောင်းပါးတွေလို တိကျ ခန့်ထည် ပြည့်စုံမှာတော့ မဟုတ်ပါဘူး ။

Monday, June 4, 2012

နောက်ကျသွားတဲ့ မှတ်စုတို



(၁)*  စိတ်ထဲက ငရဲခွေးတွေ လွတ်ကုန်ပြီလား

     လူတိုင်းလိုလိုရဲ့ စိတ်ထဲမှာ ကောင်းတဲ့အပိုင်းနဲ့ ဆိုးတဲ့အပိုင်းတွေရှိကြတယ် ။
     အဲဒီအထဲမှာ ဒေါသ ၊ မောဟ ၊ မာန ၊ မနာလိုဝန်တိုမှုတွေလို အဆိုးပိုင်းတွေနဲ့ ဆက်စပ်ပြီး
ငရဲခွေးလို့တောင် ခေါ်လို့ရနိုင်မယ့် စိတ်ရိုင်းတွေ ရှိကြစမြဲပဲ ။ မထိန်းချုပ်နိုင် ၊ မချည်တုပ်နိုင်ရင်
ပွင့်အံထွက်လာပြီး တပါးသူကို ပြင်းပြင်းထန်ထန် ထိခိုက်လောင်ကျွမ်းတတ်တယ် ။

Sunday, June 3, 2012

ဒေါ်စုခရီးစဉ်နဲ့ မဲဆောက်ဖက် လက်တစ်ကော်



     ဟုတ်ပါတယ် လက်တစ်ကော်ထဲပါ ၊ လက်တစ်နှိုက်စာ နက်နက်နဲနဲ မဟုတ်ပါဘူး ။
     လတ်တလော ဒေါ်စု သွားခဲ့တယ်ဆိုတော့ စိတ်ထဲနည်းနည်း ပေါ်လာလို့ပါ ။
     အချို့လည်း ဒေါ်စုရဲ့ လုံခြုံရေးကို စိုးရိမ်ကြတယ် ၊ အချို့လည်း ကောလဟာလဆန်ဆန် ဒဏ္ဍာ
ရီဆန်ဆန် ကြားဖူးတာတွေ ရှိတဲ့အပေါ် စိတ်မှန်းနဲ့ ပူပင်ကြတာတွေ ရှိကြလေတော့ အနည်းအကျဉ်း
လောက် ပြောပြချင်လို့ပါ ။ 

*  ဒေါ်စုခရီး 

     ဘန်ကောက်ကနေ ရွှတ်ကနဲမဲဆောက်ရောက်သွားတဲ့ ဒေါ်စုတစ်ယောက် မဲလခိုလှုံရာစခန်းမှာ
အချို့လူ တွေနဲ့ဆွေးနွေးပြီး မရပ်မနား ဘန်ကောက်ဆီ ခရီးပြန်နှင်သွားတာ လူအများသိပြီးကြပြီလို့
ယူဆပါတယ် ။ ထောက်ပြတယ်ပြောပြော အပြစ်ရှာတယ်ဆိုဆို တစ်ချို့အချက်ကလေးတွေကို မြင်
      မိတယ် ။ 

          Ø    မဲဆောက်မှာ မျှော်လင့်တကြီး စောင့်နေခဲ့ကြတဲ့သူတွေကို နှုတ်တောင်မဆက်နိုင်ပဲ ထွက်သွား
               တယ် ၊ 
          Ø   ကျောင်းသားဆေးခန်းလို့ခေါ်တဲ့ ဒေါက်တာစင်သီယာမောင်ဆေးခန်းကို မဝင်ဖြစ်ဖူး ၊ 
    Ø    မဲဆောက်ဝန်းကျင်မှာရှိတဲ့ အဖွဲ့စည်းပေါင်းစုံနဲ့ မတွေ့ဖြစ်ခဲ့ဖူး ၊

Saturday, June 2, 2012

Melbourne မြို့ ရေဋ္ဌာနဆီ လေ့လာရေးတစ်ခေါက်

(၁)  Yarra တမံ နှင့် Tarago ရေလှောင်ကန်

     မေလ ၃၁ ရက်နေ့ ၊ မနေ့ကတော့ ကျနော်တက်နေတဲ့ အတန်းအပါဝင် ကျောင်းသားတချို့ဟာ
Melbourne (မဲလ်ဘုန်း/မဲလ်ဘန်း) မြို့ ရေဋ္ဌာနရဲ့ ရေပြန်လည်သန့်စင်ရေးလုပ်ငန်းကို လေ့လာရေး
သွားခဲ့ကြတာကြောင့် မသိသေးသူတွေနဲ့ ဗဟုသုတ ဖလှယ်ချင်သူတွေအတွက် ရေးတင်လိုက်တာ
ပါ ။

 (၂)  ရေဋ္ဌာန အဝင်

     ပထမဆုံး ကျောင်းရဲ့ စီစဉ်ပေးမှုနဲ့ ရေဋ္ဌာနရဲ့ အစီအစဉ်တွေအရ အတိုချုပ်ကတော့ - မနက် ၁၀
နာရီလောက်မှာ အကြိုအပို့ကားနဲ့ မဲလ်ဘုန်းအနောက်တောင် ရေသန့်စင်ဋ္ဌာနရုံးခန်းကို ရောက်ပါ
တယ် ၊ မနက်စာ လ္ဘက်ရည်နဲ့မုန့်တိုက်ပြီး ရုံးနဲ့တွဲထားတဲ့ပြခန်းမှာ ရေစုဆောင်း ပေးဝေ ပြန်သန့်စင်
ပုံတွေကို  ရှင်းပြပါတယ် ။  ၁၁ နာရီကျော်လောက်မှာတော့ လာတဲ့ကားနဲ့ ဟက်တာ ၁၀၈၅၀ ကျယ်
တဲ့ ရေသန့်စင်ရာနေရာကို လှည့်ပြီးရှင်းပြလိုက်တာ တစ်နာရီကျော် ထပ်ကြာခဲ့ပါတယ် ။