အေးအေးလူလူ မနေနိုင်တော့ သစ်ထူးလွင်ဝက်ဘ်ဆိုက်မှာ သွားဖတ်ပြီး မှတ်ချက်နည်းနည်း
ပေးဖြစ်တယ် ။ အဲဒီက မှတ်ချက်အတိုချုပ်နဲ့ ထပ်ပေါင်းအနည်းကျဉ်းကို ပို့စ်တစ်ခု လုပ်တင်လိုက်
ပါတယ် ။ နည်းနည်းတိုအောင်လုပ်ပြီး ပြင်ထားတာတွေလည်းပါလို့ အပြည့်ဖတ်ချင်ရင် လင့်အတိုင်း
လိုက်သွားပြီး ဖတ်ကြလို့ ရပါတယ် ။ နောက်နေ့တွေမှာလည်း စိတ်ထဲပေါ်လာတာအချို့ကို ထပ်
ဖြည့်ဦးမှာမို့ နားနားနေနေ လာဖတ်လို့ ရပါသေးတယ် ။
* တရာရေး (သတင်းလင့်)
အပေါ်က မှတ်ချက်အချို့မှာ ပြည်သူတွေ ထိတ်လန့်အောင် ထိခိုက်အောင်လုပ်သူမို့ သေ
ဒဏ်ပေးဖို့ ပြောတာတွေ တွေ့ရပါတယ် ။ မြင်တာကတော့ ဒီလို သူတစ်ပါးအကြောင်း ဂဃ
နဏမသိပဲ ဒုက္ခရောက် စေချင်သူတွေနဲ့ အာဏာရှိသူတွေရဲ့ လူတွေအပေါ် ဒုက္ခပေးချင်တဲ့
စိတ်အခြေခံတွေဟာ မတိမ်းမယိမ်းပါပဲ ။ သူမကောင်းလို့ ကိုယ်မကောင်း ၊ စနစ်မကောင်းလို့
လူမကောင်း ၊ လူမကောင်းလို့ စနစ်မကောင်းဆိုသလို ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဖြစ်စဉ်ကြီးမှာ
ကျနော်တို့တွေ မျောပါနေကြတာပါ ။ ဒါတွေကို မမြင်နိုင်ရင် ဒုံရင်းဒုံရင်း ဘဝကနေ တက်ဖို့
မလွယ်ပါဘူး ။ ခုကိစ္စမှာ “တရားရေး”ဟာ “တရာရေး”ဆိုပြီး တင်စားရမလို ဖြစ်နေတယ် ။










