ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Tuesday, November 4, 2014

ပြည့်လည်ရွဲကို လွှဲမျက်နှာ လှည့်မည်လား (ပ-လွှာ)

   ကြာခဲ့ပါပြီ ။
   စောစောပိုင်း ညတစ်ည ။
   မဟာဗန္ဒုလ ပန်းခြံဝင်းထဲဖွင့်ထားတဲ့ Happy World ဂိမ်းရုံလေးရဲ့ ရှေ့မှာ ။
   အပျင်းပြေ တီဗွီဂိမ်းလေး ဝင်ကစားပြီး အထွက် ၊ ဂိမ်းရုံရှေ့လေးတင် ခွေးခြေပုလေးတွေနဲ့ခင်းထားတဲ့
လမ်းဘေးဆိုင်လေးမှာ ဝင်ထိုင်လိုက်တယ် ။
   အနီးနားမတော့ ယောက်ျားသားအချို့နဲ့ အမျိုးသမီးအချို့ ရှိနေကြတယ် ။
   အချို့လည်း ကိုယ့်နားတစ်ဝိုက်က ခုံပုလေးတွေမှာ ထိုင်နေကြတယ် ။

   မကြာခင်မှာပဲ လူအချို့ရောက်လာပြီး ၊ သူတို့ထဲကတစ်ယောက်က -
“အဲဒီကောင်မတွေအားလုံး စခန်းခေါ်သွားလိုက်” ဆိုပြီး အမိန့်ပေးတဲ့လေသံနဲ့ ပြောလိုက်တယ် ။
အမျိုးသမီးတွေမှာ မျက်နှာလေးတွေညှိုးပြီး အသာတကြည် လိုက်သွားခဲ့ကြတော့တယ် ။

   စဝင်လာကတည်းက မျက်နှာထားခပ်မာမာတွေမို့ သတိထားလိုက်မိပေမယ့် ၊ သူတို့လုပ်ပုံကို အံ့အား
သင့်သွားမိတယ် ။ ခေါင်းဆောင်လုပ်သူကို စူးစမ်းတဲ့အကြည့်နဲ့ကြည့်တော့ ၊ ကိုယ့်နဲ့ တမင် မျက်နှာချင်း
မဆိုင်မိအောင် လွှဲထားတယ်လို့ ယုံကြည်ရလောက်တယ် ။

   ပထမ ၊ စိတ်မကောင်းဖြစ်သွားတယ် ။
   အနည်းဆုံး ၊ အနီးကပ်ဆုံးက အမျိုးသမီးတစ်ယောက်လောက်ကို ၊ ဒါကျနော့်နဲ့လာတာပါဆိုပြီး ကူ
ညီပေးမိလိုက်ရင် အကောင်းသားလို့ စိတ်ကူးဝင်လာသေးပေမယ့် ၊ ‘နောက်ကျသွားခဲ့ပြီလား’ ‘ဖြစ်နိုင်
ပါ့မလား’ ‘လုပ်သင့်ရဲ့လား’ဆိုတဲ့ ဒွိဟစိတ်တွေနဲ့အတူ ကျော်လွန်သွားခဲ့ရတယ် ။
   နောင်နှစ်ပေါင်း အတော်ကြာကြာအထိ ၊ ပြန်တွေးမိတိုင်းလည်း စိတ်ထဲ တနုံ့နုံ့ဖြစ်နေဆဲ ။

   ငယ်စဉ်ကတည်းက လိင်လုပ်သားတွေနဲ့ နီးစပ်ပေါင်းဖေါ်မှုတွေ မရှိခဲ့ပေမယ့် ၊ သူတို့တတွေ ဘာ
တွေ တွေ့ကြုံခံစား ရင်ဆိုင်ကြရသလဲ ဆိုတာတွေကိုတော့ မြင်နေကြားနေခဲ့ရတယ် ။ အကြမ်းဖက်
မှု ၊ အနိုင်ကျင့်မှု ၊ ခေါင်းပုံဖြတ်မှုနဲ့ ရောဂါကူးစက်မှု စသည်ဖြင့် ၊ လူမှုရေးနဲ့ ရုပ်ဝေဒနာ ခံစားနေကြ
ရတာတွေကို သိခဲ့ရတယ် ။ လူမသိသူမသိ ကိစ္စတွေထဲမှာ ဆေးဝါးကြိတ်ကုနေရတာတွေကို မျက်
မြင်မြင်ခဲ့ရသလို ၊ စာရင်းမရှိအင်းမရှိ ဆင့်ပွားကူးစက်ခံရပြီး ဘဝမှာ အဖက်ဖက်ဆုံးရှူံးခဲ့ရသူတွေ
ဘယ်လောက်ရှိနေမလဲဆိုတာ ၊ မှန်းဆကြည့်ရုံနဲ့ သူတို့အတွက်သာမက လူမှုအသိုင်းဝိုင်း တစ်ခု
လုံးအတွက်ပါ အင်မတန် စိုးရိမ်စရာ ။

   လိင်ဝန်ဆောင်မှုဟာ သမိုင်းတစ်လျှောက် တည်ရှိလာခဲ့ပြီး ၊ မနက်ဖြန် သန်ဘက်ခါ ပျောက်ကွယ်
သွားမှာ မဟုတ်သလို ၊ အခြေခံကျတဲ့ “ဝယ်လိုအား”လို့ ပြောရမယ့် လူအချို့ရဲ့ စိတ်ဆန္ဒတွေကိုလည်း
‘အမြစ်ပြတ် ခြေမှုန်းပစ်ရမယ်’ဆိုပြီး လုပ်လို့ မရစကောင်းတာက လက်တွေ့ဘဝ အခြေနေပါ ။

   မြန်မာပြည်မှာလည်း ၊ ပြည့်တန်ဆာတွေနဲ့ပတ်သက်ပြီး ဥပဒေပြဌာန်းဖို့ရာ ကြိုးပမ်းမှုနဲ့ အတွေး
အမြင် ပွတ်တိုက်မှုတွေ ရှိလာပြီဖြစ်တာကြောင့် ၊ ကိုယ်တွေ့မြင်ခဲ့တာတွေနဲ့ ဖတ်မှတ်မိတာလေး
အနည်းအကျဉ်းကို အမှီပြုပြီး ၊ ယှဉ်နှိုင်းထိုးချိန်နိုင်အောင် ချရေးထားလိုက်ပါတယ် ။

   စကားတစ်ခု ခံထားချင်တာက ၊ ဒါတွေပြောနေတာဟာ လိင်လုပ်သားနဲ့ ဆက်စပ်နေသူတွေအား
လုံးကို သူတော်စင်တွေနေရာမှာ ထားဖို့ကြိုးစားနေတာ မဟုတ်ပါ ။
   အရှက်အကြောက် နည်းပါးသွားသူတွေရဲ့ ပြုမူလုပ်ကိုင်ပုံနဲ့ အခြားသူတွေအပေါ် သက်ရောက်ထိ
ခိုက်တတ်မှုတွေကို အတိုင်းတာတစ်ခုအထိ သိကြုံသင်္ခန်းစာတွေ ယူခဲ့ဖူးပါတယ် ။

   ဒါပေမယ့် ၊ ဖျောက်ပစ်မေ့ပျောက်လိုက်လို့ မရနိုင်မယ့် လူ့အဖွဲ့စည်း အစိတ်အပိုင်းတစ်ခုအနေနဲ့ ၊
ကျန်ရှိတဲ့ လူမှုအသိုင်းဝိုင်းကြီး တစ်ခုလုံးကိုလည်း ဘာမှ မနစ်နာမဆုံးရှူံးစေမယ့် သဟဇာတဖြစ်တဲ့
အနေထားတစ်ခု ဖန်တီးနိုင်ဖို့ လမ်းစပေါ်စေချင်တဲ့ စိတ်နေတနာကိုသာ ရှေ့တန်းတင်ထားတာပါ ။
   ဒီတော့ အနီးဆုံး နှိုင်းယှဉ်ကြည့်ရှုစရာလေးအချို့ကို တနိုင် လှန်လှောကြရအောင် ။


ကွင်းဆက် -၁-

   လိင်ဝန်ဆောင်မှုအကြောင်းပြောရင် လူသိများတာကတော့ “ထိုင်း”နိုင်ငံပါ ။
   ဘန်ကောက်ရောက်ဖူးသူ အတော်များများကတော့ ပက်ပုန်း (Pat Pong) ကို သိတတ်ကြပါတယ် ။
   ၁၉၇၀ ဝန်းကျင်လောက်ကစပြီး ရှင်သန်လာခဲ့တဲ့ လိင်မှုကိစ္စအပါဝင် အပန်းဖြေဝန်ဆောင်မှုတွေဟာ
အင်မတန်ကြီးမားတဲ့ စီးပွားရေးလုပ်ငန်းစုကြီး ဖြစ်နေပါပြီ ။
(အချို့လည်း Soi Nana, Soi Cowboy တို့လို ချဲ့ထွင်လာတဲ့ နေရာသစ်တွေသာမက ၊ ပတ္တရာ
(Pattaya) ပင်လယ်ကမ်းခြေ မြို့မျိုးတွေကိုပါ ထောက်ပြချင်နိုင်ကြပါတယ် ။ ဒီစာစုမှာတော့ သက်တမ်း
အရှည်ကြာဆုံး ၊ လူသိအများဆုံး ၊ လုပ်ငန်းအကျယ်ပြန့်ဆုံးလို့ ပြောနိုင်တဲ့နေရာကို ရွေးနှုတ်ပြတာ
သာ ဖြစ်ပါတယ်) ။

   ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ “ပက်ပုန်း” (Pat Pong) လို့ဆိုရင် မသိသူ မရှိသလောက်ပါပဲ ။
ထိုင်းနိုင်ငံသားမှ မဟုတ်ပါဘူး ၊ အခြားနိုင်ငံတွေမှာပါ နာမည်ကျော်တာပါ ။ တစ်နှစ်ကို သန်းနဲ့ချီတဲ့
ကမ္ဘာလှည့်ခရီးသည်တွေရဲ့ ရာခိုင်နှုန်း အတော်များများဟာ ၊ လိင်ဖျော်ဖြေမှုအပါဝင် ပျော်ပါးဖို့ရည်
ရွယ်ချက်နဲ့ ရောက်လာကြတာဖြစ်ပြီး ၊ Pat Pong လို နေရာမျိုးတွေကို  ဖြတ်သန်းသွားကြလေ့ ရှိ
ပါတယ် ။

   သို့သော် လိင်ဝန်ဆောင်မှုလုပ်ငန်းဟာ ထိုင်းနိုင်ငံမှာ တရားမဝင်ပါဘူး ။ ဒါပေမယ့် ဘန်ကောက်
တစ်မြို့ထဲတင် အနှိပ်ခန်း ၂၀၀၀ ဝန်းကျင်ရှိပြီး ၊ စာရင်းအတိကျ မရှိပေမယ့် အများစုကတော့ စီးပွား
ဖြစ် လိင်ဝန်ဆောင်မှုတွေ ပေးနေတယ်လို့ ယူဆနိုင်ပါတယ် ။ ဒီလုပ်ငန်းကဏ္ဍဟာ ကမ္ဘာလှည့် ခရီး
သွားလုပ်ငန်း ၊ မူးယစ်ဆေးဝါး ၊ လက်နက်အရောင်းဝယ် ၊ အတုအပထုတ်လုပ်တဲ့ ပစ္စည်းတွေနဲ့
လောင်းကစား လုပ်ငန်းတွေထက်တောင် စုစုပေါင်းဝင်ငွေ ပိုရပြီး ၊ ဒေါ်လာသန်း ထောင်နဲ့ချီ တန်
တယ်လို့ ခန့်မှန်းရပါတယ် ။


   ပြည့်တန်ဆာရုံတွေဟာ ထိုင်းနိုင်ငံအနှံ့မှာ ရှိပါတယ် ။ အချို့နေရာတွေဆိုရင် နိုင်ငံခြားသားတွေ
တော်ရုံမသွားမရောက်တဲ့ နေရာမျိုးတွေပါ ။ အဓိပ္ပါယ်ကတော့ ၊ ပြည့်တန်ဆာလုပ်ငန်းဟာ လူအ
တော်များများ ယုံကြည်ထားကြသလို ကမ္ဘာလှည့်ခရီးသည်တွေကို ဝန်ဆောင်မှုပေးဖို့ တစ်ခုထဲအ
တွက် ဖန်တီးထားတာမဟုတ်ပဲ ၊ ထိုင်းနိုင်ငံသားတွေ ကိုယ်အတွက်လည်း ပါဝင်တယ်ဆိုတာ
ထင်ရှားပါတယ် ။

   ၂၀၀၃ ခုနှစ်မှာ ထိုင်းအစိုးရက အနှိပ်ခန်းတွေနဲ့ ရေနွေးနဲ့အပန်းဖြေတဲ့ လုပ်ငန်းတွေကို ၊ ၁၀%
အမြတ်ခွန်ကောက်ဖို့ စတင်မိတ်ဆက်ကျင့်သုံးခဲ့ပါတယ် ။ တရားမဝင်ဘူးလို့ သတ်မှတ်ထားတဲ့ ဝန်
ဆောင်မှုတွေကနေ ၊ နာမည်အတိကျမတပ်ပဲ အခွန်ကောက်ခံရရှိဖို့ ကြိုးပမ်းချက်ဖြစ်တာကြောင့် ၊
မကွဲပြားတဲ့ ဥပဒေကြားမှာညှပ်နေတဲ့ ပိုင်ရှင်တွေကနေ အပြစ်တင်ဝေဖန်တာတွေ ညံခဲ့ရပါတယ် ။

   ပက်ပုန်းလမ်းအကြောင်း ပြန်ကောက်ရအောင် ။
   နကိုက အဲသည်နေရာဟာ ဌက်ပျောခြံတစ်ခြံပါ ။
   ဂျပန်တွေ ဒုတိယကမ္ဘာစစ်မှာ စစ်ဌာနချုပ်လုပ်ခဲ့ပြီး ၊ ၁၉၄၆ မှာ ဟိုင်နန်ကျွန်းကပြောင်းလာတဲ့ တရုတ်
လူမျိုးတစ်ဦးကို ရောင်းလိုက်ပါတယ် ။
   ဘုရင်ကနေ သူ့ကို ထိုင်းနာမည် Patpongpanit အဖြစ် အပ်နှင်းပေးခဲ့ပါတယ် ။
   သို့သော် အဲဒီမြေမှာ ဆိုင်တန်းတွေ စဆောက်ခဲ့တာကတော့ ၊ အမေရိကန်နဲ့ အင်္ဂလန်တွေမှာ စီးပွား
ရေးပညာသင်ခဲ့တဲ့ သူ့သားအကြီးဆုံး Udom Patponsiri လက်ထက်မှာပါ ။

   ၁၉၆၀ ကျော် ဗီယက်နမ်စစ်ပွဲကာလအတွင်း အမေရိကန်တပ်တွေကြောင့် ၊ ညနေပိုင်း အပန်းဖြေ
ဝန်ဆောင်မှုအတွက် ဝယ်လိုအားတွေ ထိုးတက်လာခဲ့ပါတယ် ။ ၁၉၆၈ မှာ နိုက်ကလပ်အစုံ ပေါ်နေ
ခဲ့ပြီဖြစ်ပြီး ၊ ပက်ပုန်း-၁ လမ်းကို လျှံထွက်ပြီး ပက်ပုန်း-၂ လမ်းကိုပါ တိုးချဲ့လာခဲ့ပါတယ် ။

   ကနေ့အချိန်မှာ Udom မိသားစုဟာ ဆိုင်ခန်းနဲ့ မြေအဌားကိုသာ လုပ်ကိုင်ပြီး ၊ တစ်နှစ်ကို ဒေါ်
လာသန်း ၁၂၀ လောက် ဌားရမ်းခအနေနဲ့ ရနေတယ်လို့ ယုံကြည်ရပါတယ် ။ ညနေခင်းတိုင်းမှာ အ
ဝတ်စား ၊ အမှတ်တရပစ္စည်း ၊ ခိုးကူး ဗီဒီယိုခွေ ဆိုင်လေးတွေနဲ့ ပြည့်နေတဲ့ ဒီနေရာဟာ ၊ ဘေးပတ်
လည်က အထပ်မြင့်တိုက်ကြီးတွေကြားထဲမှာ ၊ ၁၉၅၀ ကျော်ခုနှစ်ဝန်းကျင် စဆောက်ကတည်းက အ
နေထားကနေ ၊ ပြောင်းလဲမှု သိပ်မရှိလှသေးပါဘူး ။

   ၂၀၀၃ အတွင်း ၊ လိင်ဝန်ဆောင်မှုလုပ်ငန်းနဲ့ ယှက်နွယ်ပြီးဖြစ်လာတဲ့ ကိစ္စရပ်တစ်ခု ပေါ်ပေါက်
ခဲ့ပါတယ် ။
   ဘန်ကောက်မြို့လယ်မှာရှိတဲ့ ပစ္စည်းစုံရောင်းတဲ့ ဈေးရုံကြီးတစ်ရုံ ၊ လူစုလူဝေးနဲ့ အဖျက်ခံရတာ
နဲ့ပတ်သက်ပြီး ၊ အနှိပ်ခန်းကြီးတွေပိုင်တဲ့ ချူဝစ်ဆိုသူ ပိုင်ရှင်ရဲခေါင်းပေါ် ၊ အရှုပ်ထုပ်ကြီး ပုံကျသွား
ခဲ့ပါတယ် ။

   နောက်ဆက်တွဲအနေနဲ့ သူရဲ့ ပေးကမ်းမှု ဝန်ဆောင်မှုတွေ ရယူခဲ့တဲ့ ၊ အဆင့်ဆင့်သော ရဲများ
သာမက ၊ ဝန်ကြီးအဖွဲ့ဝင်များအထိ ပတ်သက်မှုတွေရှိကြောင်း ဖေါ်ထုတ်ခံခဲ့ရရာက ၊ ဝန်ကြီးချုပ်
တပ်ခ်ဆင် (Taksin) ကိုယ်တိုင် ဝင်ရှင်းဖို့ ကြိုးစားခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ် ။

   ဘယ်လိုပဲဖြစ်ဖြစ် ထိုင်းနိုင်ငံရဲ့ သင်္ခန်းစာကတော့ - ဒီလုပ်ငန်းကို တားဆီးခြင်းအားဖြင့် တရား
မဝင် ဖြစ်သွားဖို့သာ တွန်းပို့ရာရောက်ပြီး ၊ ပျောက်ကွယ်သွားအောင်တော့ လုပ်လို့မရဘူး ဆိုတာ
ပါပဲ ။


Bibliography
Backman, A 2005, Inside Knowledge: Streetwise in Asia, Palgrave MacMillan ltd., Basingstoke.






No comments:

Post a Comment