ပို့စ်ခေါင်းစည်းကြည့်ပြီး စိတ်ထဲဇဝေဇဝါများ ဖြစ်သွားကြသလား ။
ဗမာစာ ဗမာစကားခက်လို့ အတိုဆုံးစကားလုံးချုပ်ကြည့်လိုက်တာပါ ။ (နောက်ပြီး မျက်စိထဲစူးဝင်
စိတ်ဝင်စားသွားအောင် ဖန်တီးကြည့်တာလို့လည်း သဘောထားချင်ထားလို့ရပါတယ်) ။
ဘာလဲ မခက်ဖူးလို့ငြင်းချင်လို့လား ၊ ဘယ်ရမတုံးဗျ ၊ ကိုယ့်ဘလော့နဲ့ကိုယ်ဆိုတော့ တစ်ဖက်သတ်
ဇွတ်ငြင်းပစ်မှာပေါ့ .. ဟဲ ဟဲ ။
ကျုပ်ကတော့ ထိုင်း နဲ့ ဗမာတို့ရဲ့ စာနဲ့စကားကို ခက်တဲ့ဖက်မှာမတိမ်းမယိမ်းလို့ပဲ သဘောထားတယ် ။
ဟုတ်တယ်လေ .. ကျနော်တို့က မွေးကတည်းက သိမြင်ကြားလာကြရလို့သာ လွယ်တယ်ထင်ကြတာ
ကိုး ၊ ပိုက်ဆံပေးပြီးသင်ခိုင်းရင်တောင် လိုအပ်တဲ့လူတွေကလွဲပြီး ဘယ်သူမှဒုက္ခခံမသင်ဖူး စိတ်ချ ။