နိုင်ငံရေး (နာမ်) ~ ဆိုးယုတ်တဲ့ ၊ အားနည်းတဲ့ ၊ ကိုယ့်ဖက်ကိုယ်ယက်တဲ့လူတွေ လုပ်သောအရာများ ၊
Saturday, February 11, 2012
Friday, February 3, 2012
“ကရင်” တွေ “မမြင်” ရင် “ခွင်” ပျောက်လိမ့်မယ်
မနေ့က ကြုံတွေ့ခဲ့ရတာလေးတွေတစ်ချို့ကြောင့် ကိုယ့်ပေါင်ကိုယ်လှန်ထောင်းစရာ ကြုံလာ
ရပြန်ပြီပေါ့ဗျာ ။
ဖြစ်ချင်တော့ မနက်ခပ်စောစော Centerlink လို့ခေါ်တဲ့ လူမှုထောက်ပံ့မှုတွေ စီမံခန့်ခွဲရာ ဖက်
ဒရယ်အစိုးရဋ္ဌာနကို သွားဖို့ရာ အကြောင်းတစ်ခု ပေါ်လာပါတယ် ။ ဆက်တိုက် လုပ်စရာတွေများ
တာရယ် ၊ အကန့်သတ်ရှိတဲ့ အနေအထားအချို့ရယ်ကြောင့် ၊ ရုံးကိုခပ်စောစော သွားခဲ့ပါတယ် ။
၉:၀၀ မထိုးခင်လောက်ရောက်သွားပြီး ကောင်တာမှာ လုပ်စရာတွေလုပ်တော့ နားလည်ပေးမှု
နည်းပါးတဲ့ဝန်ထမ်းကြောင့် ကိစ္စတစ်ဝက်ပဲပြီးတယ်လို့ ဆိုရမယ့်အနေထားဖြစ်လာခဲ့လို့ မလှမ်း
မကမ်းမှာရှိတဲ့ ကရင်-ဗမာ စကားပြန်ခေါ်ထားပေးတဲ့ ကောင်တာဖက်လှည့်သွားပြီး ထိုင်ခုံမှာ ထိုင်
စောင့်နေလိုက်ပါတယ် ။
Thursday, February 2, 2012
အားမလျော့လိုက်ပါနဲ့ဦး ~ မန်းကြိုင်ထွန်းအတွက်
လွန်ခဲ့တဲ့ရက်ပိုင်းက facebook မှာ မိတ်ဆွေကြီး မန်းကြိုင်ထွန်းတစ်ယောက်က ဟောဒီလို ရေး
လာခဲ့ပါတယ် ။
“ဖေ့ဘွတ်ပေါ်ကသူငယ်ချင်းတို့၊ ကျနော်နုတ်လေးတွေကိုဖတ်ရင်း အားပေးကြတာကိုကြည့်ပြီး
ပီတိဖြစ်၊ ဝမ်းလည်သာ၊ မျက်ရည်လည်းကျ၊ ကျေးဇူးလည်းအထူး တင်ပါတယ်။ ကျနော်ရေးတဲ့
ဘဝတိုက်ပွဲဆောင်းပါးကို မကြာခင် နိဂုံးချုပ်ရေးရပါတော့မယ်၊ စောင့်မျော်အားပေးကြပါလို့ ၊
ဘာဖြစ်လို့လဲဆိုတော့ ကျနော်အလုပ်ဆက်မလုပ်နိုင်တော့ဘူး၊ ဆရာဝန်ဆေးလက်မှတ်နဲ့ နား
နေပါတယ်၊ လျော်ကြေးအနေနဲ့ ကုမ္မဏီက တလတထောင်ပေးတယ်၊ စစ်တိုက်ခဲ့တုန်းကလည်း
မသေခဲ့ ၊ ထောင်ထဲ (၁၆) နှစ်နေခဲ့လည်း မသေ၊ အမေရိကန်ရောက်မှပဲ၊ အလုပ်က ချော်ကလဲ့
မုန့် ထုတ်လုပ်တဲ့ စက်ရုံပါ၊ ကျနော်ကမုန့် ဖျော်ဆရာလေ၊ တနေ့ ကို ပေါင်(၅၀) ရှိတဲ့ ချော်ကလဲ့
မုန့်အိတ်ပေါင်း(၁၀၀)၊ ဒီလက်နှစ်ဖက်နဲ့ ကုန်းမပြီး စက်ထဲထည့် ဖျော်ရတာ၊ခုချိန်ထိဆို(၂)နှစ်
တိတိ၊ ညာဖက်လက်တဖက် အကြောနာသွားတာ၊ ဆရာဝန်ကုလို့ မပျောက်တော့ဘူး၊ ဆရာဝန်
က ဆေးနားပေးလိုက်ပါပြီး၊ ကျနော်..မန်းကြိုင်ထွန်း၊ ဘဝတိုက်ပွဲမှာ ကျဆုံးသွားပါပြီး၊”
သူ့စာကြောင့် ပထမဦးဆုံး ကွန်မန့်တစ်ခုပေးခဲ့ပါတယ် ။
တစ်ဆက်ထဲမှာပဲ သူနဲ့အတူ သူ့လိုပဲ စိတ်ဓါတ်ကျသူအချို့ကို ရခဲ့တဲ့ အတွေ့အကြုံအချို့ကိုအမှီ
ပြုပြီး ၊ အားပေးစာတစ်စောင်လောက်ရေးဖို့ စိတ်ကူးဝင်ခဲ့ပါတယ် ။ ဒီစာဟာ လူတိုင်းအတွက် ခွန်အား
ရဖို့ မဖြစ်နိုင်ပေမယ့် ၊ တစ်ယောက်ယောက်သောသူအတွက် ထောက်ပင့်ပေးနိုင်မယ်ဆိုရင်တော့ ဝမ်း
သာမိမှာပါ ။
* * * * * *
Saturday, January 28, 2012
ထွေလာသောင်းပြောင်း ~ ၁ - ၁.၅ - ၂.ဝ
၂.၀ မှတ်ပုံတင်ရဖို့ ငြိမ်းချမ်းရေးလုပ်ကြစို့
ခေါင်းစဉ်ကြီးက
တကယ်ပြောတာလား ...
ရွဲ့ပြောတာလား ...
နောက်တာလား ...
အားလုံး ဟုတ်ပါတယ်လို့ ယူဆနိုင်ပါတယ် ။
စိတ်ဆိုး ချင်လား ၊ ရယ်ချင်ချင်လား ၊ မချိပြုံးလေး ပန်ဆင်ချင် သလား ... မတားပါဘူး ။ ဆိုစကားရှိလာ
အောင် ဖြစ်တာတွေက ဖြစ်လာခဲ့ပြီးပြီကိုး ။
မကြာခင်က ဝန်ကြီးတစ်ယောက်က အပစ်ခတ်ရပ်မယ့် အဖွဲ့တွေအတွက် မှတ်ပုံတင် (အာဏာပိုင်တွေ
သတ်မှတ်ထားတဲ့ တရားဝင်ဘဝ) ရဖို့နဲ့ စီးပွားရေး လုပ်ကိုင်ခွင့်တွေအကြောင်း ပြောသွားခဲ့တယ် ။ ခုလည်း
KNU က တာဝန်ရှိသူတစ်ယောက်က မှတ်ပုံတင်လုပ်ဖို့ စကားတွေ ပစ်လာပြန်တော့ ၊ တိုက်ဆိုင်မှုလေလား၊
မရည်ရွယ်ပဲ မီဒီယာတွေဆီ သတင်းရောက်သွားတာလား ၊ သို့တည်းမဟုတ် မှတ်ပုံတင်ရဖို့ဟာ အင်မတန်
အရေးကြီးပြီး မဖြစ်မနေ ပထမဆုံး လုပ်ရမယ်လို့ သဘောထားလုပ်နေကြလားတော့ ကာယကံရှင်တွေက
ပိုသိမှာပါ ။ ဘေးလူတစ်ယောက် အနေနဲ့ အံ့ချီးလို့မကုန်နိုင်တဲ့ အဖြစ်တစ်ခုလိုသာ ကြားသိခံစား ပြောကြား
ခွင့်ရှိပါတော့တယ် ။
Monday, January 16, 2012
ကြားဖူး ဖတ်စ (၁.၅)
ယောင်နောက် ဆံထုံးပါပြီး မသင်းဖြူ သြစတြေးလျကို ရောက်ခဲ့ရာမှာ ၊ အခုဆိုရင် နိုင်ငံသားခံယူ
ခွင့်ရတဲ့ အချိန်အတိုင်းတာကိုတောင် ကျော်လွန်ခဲ့ပါပြီ ။
မသင်းဖြူအနေနဲ့ ဘဝအတွက် အဖက်ဖက်က တွေးတောပြီး သြစတြေးလျ နိုင်ငံသူအဖြစ် ခံယူဖို့
ဆုံးဖြတ်လိုက်ပါတယ် ။ ဒီမှာတင် တရားဝင်လာရောက်ခဲ့သူ တစ်ယောက်အနေနဲ့ ၊ ပတ်စ်ပို့ကို မြန်မာ
သံရုံးကို ပြန်အပ်ပြီး တရားဝင်လမ်းကြောင်းအတိုင်း လုပ်ကိုင်ဖို့လည်း စီစဉ်လိုက်ပါတော့တယ် ။
ဒီလိုနဲ့ မြန်မာသံရုံးကို ရောက်ခဲ့ပါပြီ ။
ဟောဒီမှာ ပတ်စ်ပို့ ၊ ပြန်အပ်ပါတယ် .. ပေါ့ ။
Saturday, December 31, 2011
မိုး ပြိုလုလု
၂၀၀၈ ခုနှစ် ၊ စက်တင်္ဘာလ ၁၈ ရက် ၊ ကြာသပတေးနေ့ ၊
ဘဏ္ဍာရေးဝန်ကြီး Henry Paulson နဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌ Ben Bernanke တို့ဟာ အမေရိကန်နိုင်ငံ
ဝါရှင်တန်မြို့တော်ရဲ့ အစိုးရရုံးများစိုက်ရာ Capitol Hill ကို အရေးပေါ် အစည်းဝေးအတွက် ရောက်နေ
ကြပါတယ် ။ အဲဒီနေ့ ညနေစောင်းပိုင်းမှာတော့ အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Peloci ရဲ့ ရုံးခန်းမှာ
နှစ်ခုတည်းသော ပါတီတွေရဲ့ အကြီးတန်း ခေါင်းဆောင်များနဲ့တကွ အထက်နဲ့ အောက်လွှတ်တော်များ
က ခေါင်းဆောင်တွေဟာလည်း စုံစုံညီညီ ရောက်နေကြပါတယ် ။
Wednesday, December 28, 2011
ညီအစ်ကိုတွေ စုဆုံတဲ့နေ့
မှာ ကရင်နှစ်သစ်ကူးနေ့ကို ကျင်းပခဲ့ပါတယ် ။ မြို့ခံ ၊ အနီးပါးနယ်မှာ နေထိုင်သူတွေ ၊ ဖိတ်ထားတဲ့
အသင်းဖွဲ့စုံက တာဝန်ရှိသူတွေ ၊ ပွဲကျင်းပတဲ့ Geelong Grammar School က တာဝန်ခံဆရာတွေ ၊
မဲလ်ဘုန်းမြို့က AKO အဖွဲ့စည်းအပါဝင် ယဉ်ကျေးမှု အဖွဲ့ဝင်တွေအပြင် ကရင်နီများလည်း တူရိ
ယာအဖွဲ့တစ်ဖွဲ့နဲ့အတူ တက်ရောက်ခဲ့ကြပါတယ် ။ စုစုပေါင်း ၂၀၀ ကျော်ကျော် လာရောက်ခဲ့ကြ
ပြီး မနက် ၉ နာရီကနေ ညနေ ၂ နာရီအထိကို ကြားမှာ နေ့လည်စာစား အားလပ်ချိန်ထားပြီး ကျင်း
ပခဲ့တာ ဖြစ်ပါတယ် ။
Monday, December 26, 2011
ဘဝသစ်များရဲ့ ပျော်ရွှင်ဆင်နွှဲ နှစ်သစ်ပွဲ
ဒီကနေ့ မဲလ်ဘုန်းမြို့ Wyndham မြို့နယ်မှာ နှစ်စဉ်ကျင်းပနေကျ ကရင်နှစ်သစ်ကူးပွဲ ဆင်နွှဲခဲ့ကြ
ရာမှာ ၊ ရလာတဲ့ ဓါတ်ပုံလေး တချို့ကို တင်လိုက်ပါတယ် ။ ကရင်နှစ်သစ်ကူးနေ့ဟာ ဒီနှစ် ဒီဇင်္ဘာလ
၂၅ ရက်နေ့မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ကျရောက်ခဲ့တာမို့ တစ်ရက်ရွှေ့ပြီး ဒီကနေ့မှာ ကျင်းပခဲ့ဟန် တူ
ပါတယ် ။
Sunday, December 25, 2011
ခရစ္စမတ် ညည်းချင်း
တွိ .. တွိ .. အသံတွေနဲ့ message တွေ ဖုန်းထဲဝင်လာပြီး ဖေ့ဘုတ်က မိတ်ဆွေတွေလည်း နှုတ်
ခွန်းဆက်မှ ခရစ္စမတ်ကို သတိရမိတော့တယ် ။ ငယ်ငယ်က မိုးတွင်းအကုန် ပွဲရာသီကို မျှော်မိပေမဲ့
ခုတော့လည်း နေ့တိုင်းဟာ ကိုယ့်အတွက် အတူတူလိုပါပဲ ။ အင်းလေ .. ပျော်ချင်သူ ၊ အမှတ်တရ
ဖြစ်လိုသူ ၊ စိတ်သစ်လူသစ်နဲ့ သံန္နိဋ္ဌာန်သစ် ချလိုသူတွေအတွက် ကိုယ်လည်း အလိုက်အထိုက်တော့
နေပေးရမှာပါပဲ ။ ဒါပေမဲ့ ခရစ္စမတ်အတွက် ဘာပြောရမလဲ စိတ်ထဲ ဘာမှပေါ်မလာလို့ ခုတလော
ထင်ရှားပြီး ပြောချင်စရာ အချို့ကိစ္စတွေကိုပဲ သဘောထားလေး အနည်းအကျဉ်း ပြောပါရစေ ။
Thursday, December 22, 2011
ဇယားတွေပြောတဲ့ စကားများ
ဇယားတွေက ဘာပြောသလဲ ။
ဟုတ်ကဲ့ ၊ ဘာမှ မပြောပါဘူး ၊ ကိုယ့်ဘာသာ အဓိပ္ပါယ်ဖေါ်ရတာပါ ။
လုပ်ကိုင်မယ့် စီမံခန့်ခွဲမှုနဲ့ အခြေနေတစ်ခုကို နားလည်လွယ်အောင် ကြိုးစားကြတဲ့ လုပ်ငန်းစဉ်တွေ
မှာ သင့်တော်ကိုက်ညီမယ့် ကိန်းကဏန်းနဲ့ အခြေပြ စာရင်းဇယားတွေဟာ အနည်းနဲ့အများ အထောက်
ကူ ပေးနိုင်ကြလို့ ၊ အရေးပါတာတော့ အမှန်ပါပဲ ။
Sunday, December 18, 2011
ဂုဏ်ယူပါတယ် ငါတို့ရဲ့နယ်
ဘယ်လောက်သေးတဲ့ မြို့ ၊ နယ် ၊ ရွာမဆို ဂုဏ်ပုဒ်ကိုယ်စီ ခေါင်းမော့ ရင်ကော့စရာ ကိုယ်စီ
ရှိကြတာပါပဲ ။ ကျနော့်ရဲ့ မြို့ဘားအံလည်း ဘယ်လွတ်ပါ့တုန်း ။ ဒီတော့ မှတ်မိသမျှထဲက စုစည်း
ကောက်နှုတ်ပြီး ကြံဖန်ဂုဏ်ယူလိုက်ပါသဗျာ ။
(၁) မ.ဆ.လ ခေတ်တုန်းကပါ ။
ရေကြောင်းလူငယ် အဖွဲ့ဆိုတာ ကြားဖူးကောင်း ကြားဖူးကြမှာပါ ။ မြို့တိုင်း မရှိပေမဲ့ ဘားအံက
တော့ မြို့လယ်မကျတကျမှာ တမံတုတ်ပြီး ကန်/ဆည်လုပ်ထားတဲ့ ကန်သာယာဆိုတာ ရှိလေတော့
လှေလှော်ဖို့ရာ အဆင်သင့်ပေသကိုး ။ ကရင်ပြည်နယ်ရဲ့ မြို့တော်ဆိုတော့လည်း နည်းနည်းပါးပါး အ
လုပ်ပြတာမျိုး ဖြစ်ပါလိမ့်မယ် ။ အရင်ကတော့ အဲဒီနေရာတွေက လယ်ကွင်းတွေပါ ။ ထားပါတော့ ၊
အဲဒါနဲ့ အနောက်တိုင်း ခတ်လှေကလေး တစ်စီးနှစ်စီးလောက် လှော်နေကြတာတော့ တခါခါ တွေ့မိ
ပါရဲ့ ။
Saturday, December 10, 2011
စီးပွားတိုထွာ ~ ထွန်းပေါက်အရေးပါလာတဲ့ ဈေးကွက်များ
အခုပို့စ်ဟာ လွန်ခဲ့တဲ့ ကြာသပတေးနေ့က နားထောင်ခဲ့ရတဲ့ နာမူနာပို့ချချက်တို တစ်ခုကို အခြေခံ
ရေးထားတာပါ ။ မှတ်စုတစ်ခုလို့ ဆိုကြပါစို့ ။
“ထွန်းပေါက်အရေးပါလာတဲ့ ဈေးကွက်များ” လို့ အမည်တပ်ထားပေမဲ့ Emerging Markets ကို သင့်
တော်တယ်ထင်သလို ဘာသာပြန်ထားတာ ဖြစ်ပါတယ် ။ လိုတယ်ထင်ရင် ထောက်ပြ ပြင်ပေးကြလို့ ရ
ပါတယ် ။
∆ ထွန်းပေါက်အရေးပါလာတဲ့ ဈေးကွက်များဆိုတာ ဘာလဲ ?
သာမန်အားဖြင့် စီးပွားရေးနဲ့ လူမှုရေး စတာတွေမှာ အလျင်အမြန် ပြောင်းလဲတိုးတက်နေတဲ့ နိုင်ငံ
တွေကို ဆိုလိုပါတယ် ။ သူတို့ဟာ စီးပွားရေးနဲ့ ပတ်သက်လာရင် တိုတောင်းတဲ့ နောက်ခံတွေသာ ရှိ
ကြပါတယ် ။ တစ်နည်းအားဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ သူတို့ရဲ့ စီးပွားရေးတွေကို ရည်ညွှန်းတယ်လို့လည်း
ပြောနိုင်ပါတယ် ။
Subscribe to:
Posts (Atom)










