FNG ခိုလှုံသူတွေကို ပြန်ပို့မယ်ဆိုတဲ့သတင်းအောက်မှာ ကွန်မန့်တွေပေးကြရင်း လမ်းတွေ
ချော်ပြီး လူမျိုးရေးဖက်ပါ ယိမ်းသွားရာမှာ သွားဆွေးနွေးမိတာလေး ပြန်တင်လိုက်ပါတယ် ။
================================
သောသီးခိုဘလော့ရဲ့ စီဘောက်မှာတွေ့လို့ လာဖတ်တာပါ ၊
အချို့ကရင်တိုင်းရင်းသားတွေအတွက် ခံရခက်ပုံပေါ်ပေမယ့် ဒီမှာ ဆိုးဆိုးရွားရွား ရေးထားတာ
ဆိုလို့ သိပ်မရှိလှတာမို့ ဝမ်းသာပါတယ် ။
အဆိုးဆုံးဆိုလို့ သတိထားမိတာကတော့ camp တွေမှာ အကူအညီပေးရေး အေဂျင်စီတွေနဲ့
လုပ်ဖူးတယ်ဆိုပြီး “အမေကျော် ဒွေးတော်လွမ်းကြတယ်” ရယ်လို့ ပြောထွက်သူရဲ့ စိတ်ဓါတ်နဲ့ နောက်
တစ်ယောက်ရဲ့ “ချင်း”တွေနဲ့ လှည့်တိုက်ပေးတဲ့ အချက်တွေပါပဲ ။