ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Sunday, October 27, 2013

ကို့ယို့ကားယား ကရင့်ဇယား



  မကြာမတင်က ဖြစ်သွားတာလေးတစ်ခုကို တည်မှီပြီး ၊ မြင်ရတာ မသက်သာလှလို့ မအားသော်လည်း
စာတစ်လုံးနှစ်လုံး စီလိုက်ပါတယ် ။

   ကိစ္စက ကရင်တွေ အတော်များများသိပါတယ် ။ 
   KNU ဗဟိုကော်မတီဝင်အချို့ကနေ လောလောလတ်လတ် ပေါက်ကွဲနေခဲ့တဲ့ စွမ်းအားနည်းဗုံးတွေနဲ့
ပတ်သက်လို့ ၊ ပြည်မအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်တယ်ဆိုတဲ့ ကိစ္စပါပဲ ။ အဲဒီကမှ တစ်ဆက်
ထဲ သတင်းသမားတွေရှေ့မှာ ပါးစပ်‘အဟ’မတော်သူ လူကြီးတစ်ယောက်တစ်ယောက်ကြောင့် ရွဲ့စောင်း
စောင်း တန်ပြန်ပဲ့တင်သံတွေ တခြိမ်းခြိမ်း ဟိန်းထလာလို့ ဝင်ပြောချင်စရာလေး  နည်းနည်းဖြစ်လာခဲ့
တယ် ဆိုပါစို့ ။