ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Tuesday, October 30, 2012

ရင်ကို လာရိုက်ခတ်သော ခွေးလှေးယားသီးများ



   ခုတစ်လောဖတ်ဖြစ်တဲ့ သတင်းတွေထဲက မှန်ရင်လည်းပြောစရာ လွဲရင်လည်းပြောချင်စရာ ဖြစ်
လောက်အောင် စေ့ဆော်တာလေးတွေထဲက အချို့ကို စုစည်းလိုက်ပါတယ် ။


(၁) □  တရားမဝင် ငြိမ်းချမ်းရေး 

  ငြိမ်းချမ်းရေးဆိုမှတော့ တစ်ကယ်လိုအပ်နေပြီမို့ အကျိုးစီးပွားပျက်မယ့်သူနဲ့ အတွေးခေါ် ချွတ်ချော်
နေသူ အချို့ကလွဲရင် လူအတော်များများက လိုလားကြသလို ပြည်မအာဏာပိုင်အချို့နဲ့ တိုင်းရင်း
သား လက်နက်ကိုင်အဖွဲ့တွေလည်း အပြန်အလှန် လုပ်နေကိုင်နေကြတာ လူတိုင်းလိုလိုအသိ ။

   သို့ပေမယ့် သတင်းထွက်လာစက သတိမထားမိပဲ တစ်နေ့ကမှ ကြည့်မိတဲ့ အောက်က Youtube
အတိုလေးကြောင့် ပက်လက်လန်သွားမိတယ် ။ အရင်ကြည့်ပြီးမှ ဆက်ပြောကြတာပေါ့ ။ ၂ မိနစ်
တောင် မပြည့်ပါဘူး ။



Tuesday, October 2, 2012

ကရင်ကရင် ဘယ်လိုထင် ~ စောက်ရမ်းပဒဲကော အရိပ်တွေမြင်



  ခေါင်းစဉ်ကြမ်းတော့ လန့်သွားကြမလား မသိဘူး ။
   အမှန်တော့ ကိုယ့်ဖင်ကိုယ်လှန်ပြရတာ သိပ်ကောင်းလှတယ်တော့ မဟုတ် ။ အထူးသဖြင့်
ကရင်လို ရေးဖို့အဆင်မပြေလို့ လူလယ်ခေါင်ထွက်ပြီး လှန်ရတာ ပိုမကောင်းတာတော့ အသေ
ချာ ။ ဒါပေမယ့် ဆိုရေးက ရှိလာခဲ့ပြီကိုး ။ 

 တစ်လောကတော့ မန်းရောဘတ်ဇံတစ်ယောက် ကလို့ထူးဘော ဥက္ကဌရာထူးကနေ ရွေ့
လျောသွားတယ် ။ (လင့်)
 ခုတစ်ခါ ဘားအံမှာ ဆက်ဆံရေးရုံးဖွင့်ဖို့ KNU နဲ့ KNLA တို့ သိပ်အဆင်ပြေကြပုံမရ ။ (လင့်)

   ဘာတွေ ဖြစ်နေကြပြီလဲ ။ အမြင်မတော်တော့လို့ တစ်ယောက်ထဲအမြင်ကို ပြောကြည့်ပါမယ် ။