ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Thursday, September 30, 2010

“အက်ဆစ်” ဆိုတဲ့ “ရွက်သစ်”


     ဒီရက်ပိုင်းအတွင်း စာဖတ်သူတွေကို မတိမ်းမစောင်းဗိန်းဗောင်းနဲ့ သောသောညံနေအောင်
လမ်းကြောင်းဖွင့်ပေးလိုက်သူက “အက်ဆစ်”။

Friday, September 24, 2010

♦♣ ဆွဲထုတ်မိသမျှ ရွေးကောက်ပွဲအပိုင်းအစ ♠♥



     ဘယ်သူတွေဘယ်လိုပဲဆိုဆို မကြာခင်မှာကျင်းပဖို့ရည်ရွယ်ထားတဲ့ ရှားရှားပါးပါးရွေးကောက်ပွဲက
တော့ လုပ်ဖြစ်ဖို့နဲ့ လက်ရှိအာဏာဆုပ်ကိုင်ထားသူတွေကနေပြီး သူတို့လိုချင်တဲ့အဖြေကိုရအောင်အစွမ်း
ကုန်ကြိုးစားသွားမှာကတော့ လယ်ပြင်မှာဂေါ်ဇီလာသွားသလို အထင်အရှားနဲ့သေချာသလောက် ရှိနေ
ပါပြီ။ အချိန်နီးကပ်နေပြီး ငွေ၊ အာဏာ၊ လက်နက်တွေနဲ့ထောင့်စေ့အောင် ကျိုးစားကာကွယ်ထားတဲ့
ဒီရွေးကောက်ပွဲကို ရလဒ်ပြောင်းသွားအောင် ဘယ်လိုမှလုပ်လို့မရနိုင်တော့ဖူးလို့ ထင်သူတွေရှိနိုင်ပါ
တယ်။ ပြောင်းလဲလို့ရနိုင်ကောင်းမှရနိုင်မှာဖြစ်ပေမယ့် ကျိုးစားချင်သေးသူတွေ၊ နောင်အတွက် အသင့်
ပြင်လိုသူတွေအတွက်တော့ လွယ်လွယ်ကူကူစုစည်းလို့ရနိုင်သမျှအချို့ကို တင်ပြလိုက်ပါတယ်။

Friday, September 17, 2010

ﮦ ဒိဋ္ဌိဖေဖေ ە


     အာဏာပိုင်တွေရောက်လာပြီး မေမေ့ရင်ခွင်ထဲကဆွဲခေါ်သွားချိန်မှာ ကျမအသက် ၄ နှစ်ပဲရှိပါသေး
တယ်။ အဲဒီအချိန်မှာ မေမေလုပ်နိုင်ခဲ့တာကတော့ အခြားအမျိုးသမီးများလိုပဲ ငိုကြွေးခြင်းတစ်ခုထဲရယ်ပါ။
ကျမရဲ့ ဦးတည်ချက်နဲ့ အဓိပ္ပါယ်ကင်းမဲ့တဲ့ဘဝဟာ အဲဒီအချိန်ကနေ စခဲ့ရပါတယ်။

ကရင့်ရိုးရာဓလေ့ တေးသီပွဲ (သို့မဟုတ်) သြပွဲ - အကြောင်းဖတ်လိုသူများအတွက်၊





     ကရင့်ရိုးရာဓလေ့ တေးသီပွဲ (သို့မဟုတ်) သြပွဲ အကြောင်းဖတ်လိုသူများအတွက် “မြစ်နဒီကိုးသွယ်”
လို့အမည်ရတဲ့ ဘလော့ဆီကိုညွှန်လိုက်ပါရစေ။ သြပွဲအကြောင်းကို လောလောဆယ်ဆယ်မရေးဖြစ်သေး
တာမို့ ယာယီအနေနဲ့ အဲဒီဘလော့က လင့်ကလေးတစ်ခု ထည့်ပေးလိုက်ပါတယ်။
http://myitnadekoethwal.blogspot.com/2010/09/blog-post_12.html

ပို့စ်အသစ်တစ်ပုဒ်ကိုတော့ နောက်နာရီပိုင်းအတွင်းမှာ တင်ဖြစ်ပါလိမ့်မယ်။

မန်းကိုကို

Friday, September 3, 2010

۩ ကရင့်ရိုးရာ ခြည်ဖြူဖွဲ့ပွဲ (သို့မဟုတ်) လက်ချည်ပွဲ ۩ (နိဂုံးပိုင်း)

۩ မင်္ဂလာမောင်မယ်များကို ခြည်ဖြူဖွဲ့ခြင်း၊

ဆုတောင်းရွတ်ဆိုခြင်းနှင့် အနက်အဓိပ္ပါယ်များ

     ကရင့်ခြည်ဖြူဖွဲ့ပွဲတွင်ရွတ်ဆိုကြသော ဝိဥာဉ်လိပ်ပြာခေါ်ရွတ်ဆိုချက်များနှင့် ဆုတောင်းချက်များတွင်
ရှေးလူကြီးများတွေ့ကြုံလိုအပ်ခဲ့သည်များနှင့်အညီ သင့်တင့်လျောက်ပတ်သောအဓိပ္ပါယ်များရှိကြပါသည်။

     ဝိဥာဉ်လိပ်ပြာဟူသောစကားလုံးကိုခေါ်ဆိုရာတွင် ကရင်စကားဖြင့် - အသိတရားနှင့်ဆိုင်သည့်ဝိဥာဉ်
“ဝီး” နှင့် အရိပ်ဟုအဓိပ္ပါယ်ရှိသော “လာ” တို့ကိုပေါင်းစပ်ကာ “ဝီးလာ” ဟူ၍သုံးစွဲလေသည်။ ၄င်းအပြင်
 ညီအစ်ကိုမောင်နှမ၊ ဆွေမျိုးသားချင်း၊ မသင်္ဂဟများနှင့် ခြည်ဖြူဖွဲ့ပွဲသို့တက်ရောက်လာသည့်သူများ
အားလုံးအတွက်ရည်ညွှန်း၍ ဝိဥာဉ်လိပ်ပြာ ၇ ယောက်ပြန်လာပါဟု ရွတ်ဆိုသုံးစွဲပြန်ပါသည်။